မြန်မာနိုင်ငံအကြောင်း ပြောရင်း စိတ်နှလုံး နာကျင်ခဲ့ရတဲ့ ဟန်နာယူရီ ရဲ့ အင်တာဗျူးVideo

မြန်မာနိုင်ငံအကြောင်း ပြောရင်း စိတ်နှလုံး နာကျင်ခဲ့ရတဲ့ ဟန်နာယူရီ ရဲ့ အင်တာဗျူးVideo  လက်ရှိ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Makeup Artist နဲ့ Freelance Model ဟန်နာယူရီက ကိုရီးယားChannel တခုနဲ့ မြန်မာနိုင်ငံအကြောင်း အင်တာဗျူး ဖြေစဉ်မှာ မင်းတပ်နဲ့ လက်ရှိ အခြေအနေတွေအကြောင်းဖြေကြားထားပြီး၊ စိတ်နှလုံး နာကျင်ရတယ်လို့ ဆိုပါတယ်။ “ဒါက ဒုတိယပိုင်း မင်းတပ်နဲ့ …

Read More

တိုင်ပြည်ကာကွယ်ဖို့ ယောက်ျားသားတွေနှင့်အတူရင်ဘောင်တန်းပြီး လေ့ကျင့်နေကြသည့် မိန်းကလေးများ

တိုင်ပြည်ကာကွယ်ဖို့ ယောက်ျားသားတွေနှင့်အတူရင်ဘောင်တန်းပြီး လေ့ကျင့်နေကြသည့် မိန်းကလေးများ ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေရဲ့ လူထုလှုပ်ရှားမှုတွေကို မြို့နယ်အသီးသီးမှာ တွေ့မြင်ခဲ့ရပြီးအခုချိန်ထိလည်း နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။လူငယ်သူရဲကောင်းတွေကတော့ ပြည်သူတွေအကုန်လုံး သာယာအေးချမ်းဖို့အတွက် ကိုယ်ကျိုးစွန့်ပြီး တောထဲဝင်ရောက်သွားကြတာ ဖြစ်ပါတယ်။မိဘရင်ခွင်ထဲမှာ လိုလေသေးမရှိ နေထိုင်ရတဲ့ မိန်းကလေးတွေကအစ လက်နက်ကိုင်ဖို့အတွက် တောတောင်ထဲမှာအပြင်းအထန်လေ့ကျင့်ရေးဆင်းနေကြတာ ဖြစ်ပါတယ်။  လူငယ်တွေကတော့ တစ်လကျော်လောက်ပဲ သင်ကြားလေ့ကျင့်ထားတဲ့ စစ်ပညာနဲ့ ပြည်သူတွေရဲ့ အသက်၊အိုးအိမ်ကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။လတ်တလောမှာ သင်တန်းဆင်းလာကြတဲ့လူငယ်တွေလည်းရှိသလို နောက်ထပ်အသုတ်တွေကလည်း ကြိုးစားသင်ယူနေကြဆဲ ဖြစ်ပါတယ်။အခုဆိုရင်တော့အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ မိန်းကလေးတွေကအစ နေပူပူကွင်းပြင်းကြီထဲမှာ အားသွန်ခွန်စိုက် စစ်ရေးလေ့ကျင့်နေကြတာဖြစ်ပါတယ်။ လေ့ကျင့်နေတဲ့ မိန်းကလေးအချင်းချင်းကလည်း “အားတင်းထား” ဆိုပြီး အားပေးစကားပြောပေးတာဖြစ်ပါတယ်။နုနယ်ငယ်ရွယ်သေးတဲ့ မိန်းကလေးတွေကတော့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးကို လျှောက်ရဲကြတာဖြစ်ပါတယ်။အခုလိုမျိုး ယောက်ျားလေးတွေနဲ့ရင်ဘောင်တန်းပြီးစစ်ပညာသင်ယူနေတဲ့ မိန်းကလေးတွေရဲ့သတ္တိက လေးစားဖို့ကောင်းလှပါတယ်။မျိုးချစ်စိတ်ဓာတ်ပြင်းထန်ကြတဲ့လူငယ်တွေရဲ့ တောထဲမှာလေ့ကျင့်နေကြတာပဲဖြစ်ပါတယ်။

Read More

တောင်ကိုရီယားသတင်းမှာဖော်ပြခြင်းခံရတဲ့ ဟား(၅)ကောင် လူရွှင်တော်အဖွဲ့

တောင်ကိုရီယားသတင်းမှာဖော်ပြခြင်းခံရတဲ့ ဟား(၅)ကောင် လူရွှင်တော်အဖွဲ့ လူရွှင်တော် တိုင်းကျော်ကတော့ ပြည်သူချစ် သရုပ်ဆောင် တစ်ဦးဖြစ်သလို ဟားငါးကောင်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ် ။ တိုင်းကျော်က လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်တဲ့ အချိန်ကတည်းက လမ်းပေါ်ထွက်ပြီးတစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့သူ ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင်လည်း တိုင်းကျော်က ပြည်သူတွေအတွက်စိတ်ခွန်အားဖြစ်စေမယ့် ဗီဒီယိုလေးတွေဖန်တီးရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာဖြစ်ပါတယ်။

Read More

ဆိုတေးရဲ့ဖခင် ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းခံစားနေရကြောင်းရေးသား၊နီတာ

ဆိုတေးရဲ့ဖခင် ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းခံစားနေရကြောင်းရေးသား၊နီတာ ကား accident ဖြစ်ပြီး နောက်ပိုင်း ဂီတလောက ကနေအချိန်အတော်ကြာ ပျောက်ကွယ်နေသူကတော့ အဆိုတော်ဆိုတေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုချိန်ထိတိုင်အောင် သူ့ရဲ့ သီချင်းတွေကို အားပေးနားဆင်နေကြဆဲ ဖြစ်ပါတယ်။  အခုနောက်ပိုင်းမှာတော့ ဂီတလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်လာပြီး သူ့ရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မနေ့ည ၁၂ နာရီတွင် ဆိုတေးရဲ့ ဖခင်ဖြစ်သူ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။  သူ့ရဲ့ ဖခင်ဟာလျှာကင်ဆာရောဂါဝေဒနာကို ခံစားနေရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်ပါတယ်။  ဆေးရုံ မကြာခဏတက်နေရတဲ့  ဖခင်အား ဂရုတစိုက်နဲ့ ပြုစုနေရတဲ့အတွက် ဆိုတေးတစ်ယောက် ဂီတလှုပ်ရှားမှုတွေကိုလည်း  ခဏနားထားတာ ဖြစ်ပါတယ်။  မကြာသေးခင် နာရီပိုင်းလောက်က  အဆိုတော် နီတာရဲ့ လူမှုကွန်ယက်တွင်ညီအစ်ကိုလို ချစ်ခင်ရတဲ့ ဆိုတေးရဲ့ဖခင် ကွယ်လွန်သွားတဲ့အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။ ” တေးသံရှင် ညီလေး ဆိုတေး ရဲ့ ဖခင် ကွယ်လွန်ကြောင်း ကြားသိရ၍ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းမိ ပါတယ်။ စိတ်ထားကောင်းတဲ့အပါကြီး ငြိမ်းချမ်းစွာ အနားယူပါနော” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဆိုတေးရဲ့ ဖခင်လည်းကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Read More

အမေရိကန် သည်လည်း မြန်မာ ကဲ့သို့ အာဏာ သိမ်းယူသင့်ကြောင်း ဒေါ်နယ်ထရန့်၏ အကြံပေးဟောင်း မိုက်ကယ်ဖလင်းမှ ပြော ကြား

အမေရိကန် သည်လည်း မြန်မာ ကဲ့သို့ အာဏာ သိမ်းယူသင့်ကြောင်း ဒေါ်နယ်ထရန့်၏ အကြံပေးဟောင်း မိုက်ကယ်ဖလင်းမှ ပြော ကြား သမ္မတဒေါ်နယ်ထရန့်၏အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်အမှုဆောင်ခဲ့သော Michael Fly nn က တက္ကဆက်ပြည်နယ်၊ Dallas ရှိ QAnon ကွန်ဖရင့်၌။ လူအများအားပြောကြားရာတွင်အမေရိကန်ဟာ မြန်မာနိုင်ငံကဲ့သို့သောအာဏာသိမ်းမှုဖြစ်သင့်ကြောင်းတနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီ ( ၁ )ရက်တွင် မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသောအစိုးရအားဖြုတ်ချပြီးခေါင်းဆောင်များကိုဖမ်းဆီးခဲ့တာပါ။ …

Read More

နိုင်ငံတကာဖိအားပေးမှုလျော့ကျလာပါက ကျရှုံးနိုင်ငံသို့ မြန်မာဦးတည်တော့မည်ဟုကမ္ဘာ့ရပ်မိရပ်ဖ ခေါင်းဆောင်များ သတိပေး

နိုင်ငံတကာဖိအားပေးမှုလျော့ကျလာပါက ကျရှုံးနိုင်ငံသို့ မြန်မာဦးတည်တော့မည်ဟုကမ္ဘာ့ရပ်မိရပ်ဖ ခေါင်းဆောင်များ သတိပေး ချင်းမိုင် ၊ ဇွန် ၂ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် နိုင်ငံတကာဖိအားပေးမှုလျော့ကျလာပါက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်တော့မယ်လို့ ကမ္ဘာရပ်မိရပ်ဖ ခေါင်းဆောင်တွေကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ၊ ပညာရေးနဲ့စီးပွားရေး ကလည်ပြိုလဲလုနီးပါးဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးဟောင်းတစ်ဦးဖြစ်တဲ့ Mary Robinson,က” မြန်မာနိုင်ငံဟာ အန္တရာယ်ရှိတဲ့လမ်းကြောင်းကိုရောက်နေပါပြီး နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်အာဏာသိမ်းမှုကို …

Read More

ပြည်သူနှင့်မရပ်တည်သည့် သားသမီးကို မိဘဖြစ်သူက သေစာရင်းသွင်းကြေညာ

ပြည်သူနှင့်မရပ်တည်သည့် သားသမီးကို မိဘဖြစ်သူက သေစာရင်းသွင်းကြေညာ ပြည်သူနဲ့အတူ မရပ်တည်တဲ့အတွက်မိသားစုဝင်များနှင့်လုံးဝသက်ဆိုင်မှုမရှိတော့ပါကြောင်းနှင့်သေစာရင်းသွင်းလိုက်ပြီဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ကျောက်မြောင်းမြို့ ဦးကျော်ကျော်+ဒေါ်ငယ်ငယ်( ခ)ဒေါ်ခင်သန်းထွေး တို့၏သမီးဖြစ်သူ မပူစူးမ(ခ)မခင်သန္တာကျော် မှတ်ပုံတင်အမှတ် ၅/ရဘန(နိုင်)၁၃၆၅၀၂ ကိုင်ဆောင်သူသည် လုပ်ကိုင်နေသည့် ဆရာမ ဆိုသည့်ဂုဏ်ကိုမှမထောက်ဘဲ မိဘများစိတ်ဆင်းရဲအောင် မိသားစုဝင်များသိက္ခာကျ‌ဆင်းအောင် အကြိမ်ကြိမ်ပြုလုပ် နေပါသဖြင့် မိသားစုဝင်များမှ မပူစူးမ(ခ)မခင်သန္တာကျော် အားယနေ့အချိန်မှစ၍ မိသားစုအသိုင်းအဝိုင်း မှသေစာရင်း သွင်းလိုက်ပြီဖြစ် ကြောင်းအသိပေးအပ်ပါသည်။ နောက်နောင် ၎င်းနှင့်ပတ်သတ်သည့် …

Read More

ပရိတ်တွေရဲ့ စိတ်ကိုစမ်းသပ်ခြင်လို့ ပုံတင်ခဲ့တာလို့ဆိုတဲ့ ၊ရေဗက္ကာဝင်း

ပရိတ်တွေရဲ့ စိတ်ကိုစမ်းသပ်ခြင်လို့ ပုံတင်ခဲ့တာလို့ဆိုတဲ့ ၊ရေဗက္ကာဝင်း အဆိုတော် ရေဗက္ကာဝင်းက ပြီးခဲ့တဲ့ ရက်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ နေရွှေသွေးအောင်နဲ့ တွဲရိုက်ထားတဲ့ ပုံတပုံကို တင်ခဲ့ပြီးနောက် ဝေဖန်မှုများစွာ ခံခဲ့ရပြီး၊ အဲဒီလို တင်လိုက်တာဟာ သူ့အပေါ် ဘယ်လောက် ယုံကြည်မှုရှိလဲဆိုတာ သိချင်လို့ စမ်းသပ်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျမ အကောင့် ဟက်ခံရတာ လုံးဝ …

Read More

တစ်ပတ်အတွင်းအာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာဖို့ရှိနေ

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်လေးခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Erywan Yusof နဲ့ ဘရူနိုင်း နိုင်ငံသားပဲဖြစ်တဲ့ အတွင်းရေးမှူးချုပ် Lim Jock Hoi တို့ဟာ မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင်တွေ၊ တခြားသက်ဆိုင်သူတွေနဲ့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးဖို့ …

Read More

တိမ်းရှောင်နေရတာကြောင့် အွန်လိုင်းကနေတောင် စာသင်ခွင့်မရတဲ့ သားဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ရန်ရန်ချန်း

တိမ်းရှောင်နေရတာကြောင့် အွန်လိုင်းကနေတောင် စာသင်ခွင့်မရတဲ့ သားဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ရန်ရန်ချန်း လူထုလှုပ်ရှားမှုများတွင် ပြည်သူများနဲ့အတူ  တက်ကြွစွာပူးပေါင်း ပါဝင်ခဲ့တဲ့ အဆိုတော် ရန်ရန်ချန်းကို ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။  ရန်ရန်ချန်းတစ်ယောက် အခုလိုအခြေအနေအရပ်ရပ်ကြောင့်ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ အမြဲအတူ ရှိနေကြောင်းကိုတော့ သူ့ရဲ့လူမှုကွန်ယက်တွင် ရေးသားဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်များကလည်း ရန်ရန်ချန်းရဲ့ ရဲရင့်မှုတွေအတွက် လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ မနှစ်ကလည်း ကလေးတွေ ကျောင်းတစ်နှစ်နားခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း  လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် မိဘများဟာ သူတို့ကလေးတွေကို ကျောင်းမအပ်ကြတာဖြစ်ပါတယ်။ အမြို့မြို့ အနယ်နယ်မှာရှိတဲ့ အခြေခံပညာကျောင်းတစ်ချို့တွင် ကျောင်းတက်ကြသူများ ရှိကြတာဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်က ရန်ရန်ချန်းရဲ့ Facebook အကောင့်တွင် တိမ်းရှောင်နေရတာကြောင့် အွန်လိုင်းကနေတောင် စာသင်ခွင့်မရတဲ့ သားဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ” ငါ့သားလေးကွာ ခုချိန်ဆို grade 4 ကျောင်းသားလေးဖြစ်နေပြီ။ ခုတော့နှစ်နှစ်ရှိပြီ ကျောင်းမတက်ရတာသူများတွေလို online ကနေလည်းသင်မရနဲ့  မအလ မအလ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း ဒီအခြေအနေတွေ မကြာခင်မှာ ပြီးဆုံးတော့မှာဖြစ်တဲ့အတွက် အားတင်းထားဖို့ ရန်ရန်ချမ်းကိုနှစ်သိမ့်ပေးနေကြတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေကြသူများအားလုံး ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အမြန်ဆုံးအဆင်ပြေသွားပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

Read More