ပွဲထွက်ခွင့်နည်းပါးလို့ မန်ယူကထွက်ချင်နေတဲ့မက်ဂွိုင်းယားကို တရား၀င်ကမ်းလှမ်းလာတဲ့ စီးရီးအေအသင်းကြီး

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

ဇန်နဝါရီ ဈေးကွက်ကလည်း တရားဝင် ပိတ်သိမ်းဖို့ နာရီပိုင်းအလိုသာ ကျန်ရှိတော့တာပါ။

ဒီအခြေအနေမှာ လက်ရှိ အသင်းကနေ ထွက်ခွါဖို့ ရှိနေတဲ့ ကစားသမားတွေ တချို့လည်း ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဈေးကွက်ပိတ်ဖို့ နာရီပိုင်းအလိုမှာပဲ ယူနိုက်တက် ကစားသမားတစ်ဦးကို စီးရီးအေ ထိပ်တန်းအသင်းတစ်သင်းက ကမ်းလှမ်းဖို့ ကြိုးစားလာခဲ့တာပါ။

ယူနိုက်တက်အသင်းရဲ့ ခံစစ်မှုး ဟာရီမက်ကွိုင်းယားကို ခေါ်ယူဖို့အတွက် အီတလီကလပ် အင်တာမီလန်အသင်းက စိတ်ဝင်နေတာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အင်တာမီလန်အသင်းဟာ ၎င်းတို့ရဲ့ ခံစစ်ပိုင်းကို ပြင်ဆင်ဖို့အတွက် မက်ကွိုင်းယားကို ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်သူ မက်ကွိုင်းယားကတော့ လက်ရှိ အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတွေမှာ ပွဲထွက်ခွင့် ရရှိခဲ့သော်လည်း နည်းပြကြီး အဲရစ်တန်ဟန့်လက်ထက်မှာ သိသိသာသာ ပွဲကစားခွင့် နည်းပါးနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မက်ကွိုင်းယားအနေနဲ့ လက်ရှိ ဇန်နဝါရီဈေးကွက်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွါဖို့အတွက် ပြင်ဆင်နေခဲ့တာလို့ ဆိုထားတာပါ။

မက်ကွိုင်းယားဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်နေခဲ့ရပေမယ့်လည်း လက်ရွေးစင်အသင်းမှာ ပုံစံကောင်း ပြသနိုင်သူ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အင်တာမီလန်အသင်းအနေနဲ့ မက်ကွိုင်းယားရဲ့ မူရင်းခြေစွမ်းတွေကို အသုံးချနိုင်မယ်လို့ ယုံကြည်ထားတာပါ။

မက်ကွိုင်းယားအနေနဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွါပြီး အသင်းသစ်မှာ ခြေချနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။Crd