Good Governance စနစ်ကို ဖော်ဆောင် ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆို

Unicode: လွယ်ကူရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ် မှုစနစ်ဖြစ်မှသာGoodGovernance (အုပ်ချုပ်ခြင်းအမှုအကျင့်) စနစ်ကို ဖော်ဆောင် ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့နေပြည်တော်မှာပြုလုပ်သည့်အစည်းအဝေးတွင်ပြောကြာခဲ့းသည်။ ဒါ့အပြင် ဝန်ကြီးဌာန လုပ်ငန်းများအားလုံး လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်လိုပြီး လုပ်ငန်းများအား မြန်မြန်ထက်ထက်ဆောင်ရွက်ပေးနိုင်ခြင်း ဖြင့် အထက်အောက် ယုံကြည်ကိုးစားမှုကိုရရှိပြီး ကောင်းမွန်သည့် အစိုးရစနစ်ကို ဖြစ်ထွန်းစေသဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း မင်းအောင်လှိုင်ကပြောကြားထားပါသည်။ …

Read More

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးများယ‌ေန့တွေ့ဆုံဆွေးနွေး 

Unicode: နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာ အောင် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းရန်ကြိုးပမ်းခဲ့မှု့ကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲအကြပ်အတည်းများ၊မြန်မာနိုင်ငံတွင်း ဒီမိုကရေအရေးလှုပ်ရှားမှု့အခြေအနေများအကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ကြပါသည်။ …

Read More

ကုလအနေဖြင့် မြန်မာအရေးကိုထိရောက်စွာကိုင်တွယ်နိူင်ဖို့မဖြစ်နိူင်သေးဘူးလိုဆို

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်သေးဘူးဆိုပြီး မြန်မာအရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စယန်ဟီးလီက သုံးသပ်ပြောဆိုလာပါတယ်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ တရုတ်နဲ့ရုရှားနိုင်ငံတို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပါဝင်နေချိန်မှာ ကုလအနေနဲ့ မြန်မာ့အရေးအတွက် အရေးပါတဲ့ဆောင်ရွက်ချက် ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့ ဘီဘီစီမေးမြန်းမှုကို သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။ ”ဒီလိုမလုပ်နိုင်တာဟာ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် ရှက်စရာဖြစ်တယ်။ နောက်ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း ကောင်စီထဲမှာပါနေတဲ့ တရုတ်နဲ့ ရုရှားတို့က ကောင်စီအဖွဲ့ဝင်နိုင်ငံတွေသဘောထားကို အနိုင်ကျင့်သလို လုပ်နေတာမျိုးကို ဒီအတိုင်းလွှတ်ထားတာဟာလည်း ကောင်စီအတွက် …

Read More

(၁)ရက်နေ့တွင် နွေဦးထီ ကံထူးရှင်ရွေးချယ်ပွဲကြီးပြုလုပ်တော့မည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အွန်လိုင်းမှတဆင့် ရောင်းချသည့် ‘အောင်လံလွှင့်ချီ နွေဦးထီ’ ရှေ့ပြေးစီမံချက် (Pilot Project) ၏ ကံထူးရှင်ရွေးချယ်ပွဲကို လာမည့် အောက်တိုဘာ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ Computerized …

Read More

ကုလ ပင်မအစည်းအဝေးတွေမှာ သံအမတ်ကြီး ပါဝင်ဆွေးနွေးခွင့်ရတော့မည်

“ကုလမဂ္ဂညီလာခံ ပင်မအစည်းအဝေးတွေမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆွေးနွေးခွင့် ရရှိမယ်” အထွေထွေ ညီလာခံ မိတ်ဆက်အစီအစဉ်မှာ မြန်မာသံအမတ်တဦးအနေနဲ့ မိန့်ခွန်းပြောကြားမှာ မဟုတ်ပေမယ့် ပင်မကော်မတီ အစည်းအဝေးတွေမှာ ဝင်ရောက်ဆွေး နွေးခွင့် ရရှိထားတယ်လို့ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်က စတင်ပြုလုပ်ခဲ့တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို …

Read More

လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အများပြည်သူများထိခိုက်နစ်နာမှုမရှိအောင်ဆောင်ရွက်ရမည်လို့ဆို

အကြမ်းဖက်လုပ်ငန်းများ၌အချို့ EAO များ ပါဝင်ပတ်သက် နေမှုရှိနေသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်အောင် တတ်နိုင်သမျှထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့်ပြည်သူများ၏ လွတ်လပ်ခွင့်ကိုလည်း မထိခိုက်ရန်လိုကြောင်း။” စစ်ခေါင်းဆောင်က ပြောပါတယ်။ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာနဲ့ …

Read More

ယနေ့မနက် (၉) နာရီထိနောက်ဆုံးရသတင်းများ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်မည့် ပူတာအိုတွင် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု PDF ကြေငြာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ရန်စီစဥ်နေသည့် ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် PDFအဖွဲ့ မှ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူးဒေသများသို့ ယခု စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းတွင် သွားရောက်ရန်စီစဥ်နေပြီး ၎င်းဒေသများမှ ပြည်သူ့စစ်အဖွဲ့နှင့် ရပ်မိရပ်ဖများအား သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း …

Read More

လက်ရှိအချိန် စစ်ကောင်စီမှထိန်းချုပ်ထားလျက်ရှိသော ဗဟိုဘဏ်က ထုတ်ရောင်းနေသည့် အမေရိကန်ဒေါ်လာတွေ မည်သည့်နေရာကရသနည်း

Unicode: နိုင်ငံတစ်ခုရဲ့ နိုင်ငံခြားဝင်ငွေက သွင်းကုန် ထုတ်ကုန် ပို့ကုန် Export Importနဲ့ တခြား နိုင်ငံတကာရင်နှီးမြုပ်နှံမှုတွေက ဝင်ငွေတွေ၊ သယံဇာတရောင်းချရငွေတွေအပြင် စီးပွားရေးကျချိန်တို့ ကပ်ဆိုက်ချိန်တို့မှာ ကျုပ်တို့မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကမ္ဘာ့ဘဏ်တွေနဲ့ တခြား ဂျပန်လိုနိုင်ငံတွေက ချေးပေး လှူပေးထားတာတွေကို မြန်မာကျပ်ငွေကြေးအာမခံအဖြစ် ဒေါ်လာငွေကို ဗဟိုဘဏ်က အမြဲတမ်း ဘဏ္ဍာအဖြစ် ထိန်းသိမ်းထားရတာပါ။ ၂၂.၉.၂၀၂၁ ရက်နေ့တွင် ဗဟိုဘဏ် …

Read More

ဘာပြစ်မှုများမကျူးလွန်ထား၍ အပြစ်မရှိဟု တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ပြတ်ပြတ်သားသားငြင်းဆို

ယနေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သီးသန့်တရားရုံး၊ ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် ဦးမျိုးအောင်တို့ကိုစွဲဆိုထားသည့် ပုဒ်မ ၅၀၅-ခ (အများပြည်သူတည်ငြိမ်အေးချမ်းမှုပျက်ပြားစေမှု) အမှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နှင့်ပတ်သက်ပြီး တရားလိုပြသက်သေများကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၅၀၅-ခ အမှုနှင့်ပတ်သက်ပြီး ပြန်ခေါ်သက်သေနှစ်ဦးကို ရှေ့နေများက စစ်ဆေးခဲ့ပြီးနောက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦးကို “အပြစ်ရှိပါသလား” ဟု မေးမြန်းခဲ့ရာ …

Read More