“လပိုင်း ၊ ရက်ပိုင်းနဲ့ အတန်းအောင်မယ့် အတန်းတင် ပညာရေးကို သင်မလား၊ တကယ်ပညာတတ်မဲ့ စာတတ်မဲ့ ပညာရေးစနစ်ကိုသင်မလား”

“လပိုင်း ၊ ရက်ပိုင်းနဲ့ အတန်းအောင်မယ့် အတန်းတင် ပညာရေးကို သင်မလား၊ တကယ်ပညာတတ်မဲ့ စာတတ်မဲ့ ပညာရေးစနစ်ကို သင်မလား“   ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေအတွက် အသေးစိတ်ပြင်ဆင်နေပြီး အစီအစဉ်အချို့စတင်နေပြီဖြစ်တယ်လို့ NUG အစိုးရ  ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ မြန်မာနိုင်ငံအနှံ့က ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ၊ CRPH ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး  ပြည်သူမှ ပြည်သူသို့ သင်ကြားပေးမဲ့ …

Read More

မြန်မာ့အရေးပါ ထည့်သွင်းဆွေးနွေးမယ့် အာဆီယံ – အမေရိကန် အွန်လိုင်းအစည်းအဝေးကို နည်းပညာအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရ

မြန်မာ့အရေးပါ ထည့်သွင်းဆွေးနွေးမယ့် အာဆီယံ – အမေရိကန် အွန်လိုင်းအစည်းအဝေးကို နည်းပညာအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရ မေ ၃၁ အာဆီယံ – အမေရိကန် သံတမန်ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးမယ့် အွန်လိုင်းအစည်းအဝေးပွဲတရပ်ကို အင်္ဂါနေ့မှာ ကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် နည်းပညာအခက်အခဲအကြောင်းပြချက်နဲ့ ရွှေ့ဆိုင်းခဲ့ရတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေအရ သိရပါတယ်။ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင် နဲ့အင်္ဂါနေ့ …

Read More

“နောင်တ မရှိတဲ့ ခရီးကြမ်းကို ချီတက်လာတာ (၄) လ ပြည့်ပြီ”

မိတ်ကပ် မေဦး၊ ဟန်လင်း၊ Miss Golden Land Myanmar ရဲ့ CEO & Founder ကိုဝေယံအောင်၊ ကိုဟန်ဇော်လတ်နဲ့ Social Media Team အဖွဲ့ဝင် Alvin တို့ဟာ Gen Z Burma” အဖွဲ့ဝင်များနဲ့အတူ ထိုင်း-မြန်မာ နယ်စပ် တနေရာကို ရောက်ရှိနေပြီး၊ အခုဆိုရင် နောင်တ မရှိတဲ့ …

Read More

မြန်မာနိူင်ငံပုံမှန်အခြေအနေဖြစ်သွားရင် Show ပွဲတွေပြန်လာလုပ်မယ်ဆိုတဲ့ ၊ Morisaki win

မြန်မာနိူင်ငံပုံမှန်အခြေအနေဖြစ်သွားရင် Show ပွဲတွေပြန်လာလုပ်မယ်ဆိုတဲ့ ၊ Morisaki win Morisaki Win ဟာ မြန်မာနိူင်ငံဖွားတစ်ယောက်ဖြစ်ပြီး ဂျပန်မှာကြီးပြင်းလာခဲ့သည့်အတွက် မြန်စကားနဲ့ စိမ်းနေပြီး၊  မြန်မာစကားအပီသာတာကို ပရိတ်သတ်တွေက သဘောကျကာ အားပေးမှုအများအပြားရရှိခဲ့ပြီး၊ မြန်မာနိူင်ငံမှာပွဲပေါင်းများစွာနှင့် ရုပ်ရှင်စကားများရိုက်ကူးခဲ့ရပါတယ်။ မြန်မာပြည်ရဲ့အားပေးမှုကြောင့် နိူင်ငံခြားထိပါ ဒေါ်လာသန်းချီတန်တဲ့ ဇတ်ကားကို ရိုက်ကူးခွင့်ရခဲ့ပါတယ်။ အာဏာသိမ်းပြီးအချိန်ကနေစပြီး Morisaki Win ဟာ ပရိတ်သတ်တွေတောင်းဆိုသလို Speak Out မလုပ်ခဲ့သည့်အတွက်အားမရခဲ့သလို၊ ဂျပန် ၊ကိုရီယားမှာရှိတဲ့ အနှပညာရှင်တွေတောင် Speak Out လုပ်ပေးတယ်ဆိုမျိူး ၊ ရှိနေပေမဲ့ ၊  Morisaki Win ဟာ နည်းနည်းမှ တုန့်ပြန်ခဲ့ကြေင်းမရှိသလို၊ မနေ့က ဂျပန် အင်တာဗျူတစ်ခုမှာ မြန်မာပြည်အခြေတစ်ကျပြန်ဖြစ်သွားရင် Show ပွဲတွေပြန်လုပ်ပြီးကူညီမယ်ဆိုတဲ့စကားတစ်ခုကြောင့် မြန်မာပြည်က လူတွေအတော်လေး ဒေါသထွက်လာရပါတယ်။ 

Read More

စစ်အာဏာရှင်စနစ်ကို စိတ်နာမိကြောင်းရေးသားခဲ့တဲ့ ဆောင်ဦးလှိုင်

“ ကျွန်တော်တို့တောင် စိတ်အနာကြီးနာ” ရန်ကုန်မြို့ရဲ့အကောင်းဆုံးကျောင်းကိုတက် အကောင်းဆုံးတက္ကသိုလ်မှာပညာဆည်းပူးခဲ့ရ တယ်။အသက် ၁၈ နှစ်မှာ သီချင်းရေးခ ရတဲ့ တေးရေးတစ်ယောက်ဖြစ်လာခဲ့ပြီး အသက် ၂၀ကျော်တော့ အဆိုတော်တစ်ယောက်ဖြစ်လာတယ်။ အသက် ၂၇ မှာ ဆရာဝန်ဘွဲ့ရခဲ့တယ်။ ပြောရရင် မြန်မာပြည်မှာ အကောင်းဆုံးဆုတွေ ဘဝအနေအထားတွေ နဲ့ဖြတ်သန်းခဲ့တာပါ။ ပေါ့ပေါ့နေ ပေါ့ပေါ့စား မဟုတ်တာရယ် ဆေးမသုံးဘဲ အားကစားနဲ့အချိန်ကုန်ရင်း ပြည်သူတွေ ပရိသတ်တွေ …

Read More

ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာအောင် လုပ်ဆောင်သွားမည်

ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာအောင် လုပ်ဆောင်သွားမည် ———– မေလ ၃၁ရက် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စု ၀န်ကြီး ဦးအောင်မျိုးမင်းနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်အိသဉ္ဇာမောင်တို့သည် Free Burma Task Force (USA) က ကြီးမှူးကျင်းပသည့် ဆွေးနွေးစကားဝိုင်းသို့ တက်ရောက်ပြီး ဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲစကားဝိုင်းကို မေလ …

Read More

အကြောင်းမဲ့ အသက်ပေးလိုက်ရတဲ့ အနာဂတ် ကြယ်တစ်ပွင့်ဖြစ်လာမဲ့ မော်ဒယ်ထက်အောင် အမေရဲ့ နူတ်ဆက်စကား

စစ်ကားနဲ့လိုက်တိုက်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ မော်ဒယ်ထက်အောင်ရဲ့နောက်ဆုံးခရီးကို လူအများအပြား လိုက်ပါပို့ဆောင်ပေးကြတဲ့မြင်ကွင်း မြန်မာပြည်သူ၊ပြည်သားတွေကတော့ လက်ရှိအခြေအနေကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီနေကြတာဖြစ်ပါတယ်။ဒီ(၄)လအတွင်းမှာ အသက်ပေးသွားရသူတွေ (၈၀၀)ကျော်ရှိနေပြီဖြစ်တာကြောင့် ပြည်သူလူထုက သူရဲကောင်းတွေကိုရည်စူးပြီး ကောင်းမှူကုသိုလ်တွေ၊ဆုတောင်းပွဲတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုကလည်း ယူကြုံးမရဖြစ်ပြီးနေ့စဉ်ရက်ဆက် သတိရနေကြတာဖြစ်ပါတယ်။ မေလ(၂၉)ရက်နေ့ ညပိုင်းကဆိုရင် အင်းစိန်မြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်စီးလာတဲ့လူငယ်တစ်ဦးကိုတားခဲ့ပေမယ့် မရပ်ပေးတာကြောင့် စစ်ကားနဲ့လိုက်တိုက်တဲ့ အခြေအနေတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ကားနဲ့လိုက်တိုက်တဲ့အရှိန်များလို့ လူငယ်လေးခမျာ အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။သေဆုံးသူလူငယ်လေးကတော့ Model တစ်ယောက်အဖြစ် ရပ်တည်နေပြီး မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။အခုလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ လူငယ်လေးအတွက် ပြည်သူလူထုကလည်း နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။          ဒီနေ့ မေလ(၃၀)ရက်နေမှာတော့ သေဆုံးသူလူငယ်လေးရဲ့ ရုပ်ကလာပ်ကို ထိန်ပင်သုသာန်မှာ ပို့ဆောင်သင်္ဂြိုလ်ခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူမှာလည်း သားလေးကို အပြီးတိုင်ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတတ်နာကျင်နေရကာ  ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။မောင်ထက်အောင်ရဲ့ နာရေးကိုတော့ သူငယ်ချင်း၊မိတ်ဆွေတွေအများအပြားကဝမ်းနည်းစွာနဲ့ လိုက်ပါပို့ဆောင်ပေးကြတာဖြစ်ပါတယ်။အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေ တစ်ပွင့်ပြီးတစ်ပွင့် ကြွေလွင့်နေရတာကြောင့် ဒီလိုအဖြစ်အပျက်မျိုးတွေထပ်မကြုံကြပါစေနဲ့တော့လို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Read More

ကုလတွင် မြန်မာအရေးလှုပ်ရှားမှု အာဆီယံနိုင်ငံထဲက ဘယ်နိုင်ငံက ဒလံလုပ်နေလဲ ?

ကုလတွင် မြန်မာအရေးလှုပ်ရှားမှု အာဆီယံနိုင်ငံထဲက ဘယ်နိုင်ငံက ဒလံလုပ်နေလဲ ? ကုလသမဂ္ဂမှာ မြန်မာအရေးနဲ့ပတ်သက်ပြီး Liechtenstein နိုင်ငံက အဆိုပြုမူကြမ်းတစ်ခုကို အခုလဆန်းပိုင်းက တင်သွင်းခဲ့ပါတယ်။ အဲဒီမှုကြမ်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ဖို့တစ်ရက်အလိုမှာဘဲ ရက်အကန့်အသတ်မရှိ ကုလသမဂ္ဂ (UN)က ရွေ့ဆိုင်းလိုက်တယ်လို့နိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြခဲ့ကြပါတယ်။ ဘာကြောင့် ကုလသမဂ္ဂက ရက်ရွေ့ဆိုင်းလိုက်လဲဆိုတဲ့ အကြောင်းအရင်း အတိအကျကိုတော့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်မဖော်ပြနိုင်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ …

Read More

အာဏာရူးတစ်စု ရဲ့ ကျဆုံးခန်းကိုပြည်သူတွေ အားရဝမ်းသာစွာကြည့်ကြရဦးမှာလို့ တိုင်းအမတ်ဟောင်း ဦးနေဘုန်းလတ်ပြောကြား

အာဏာရူးတစ်စု ရဲ့ ကျဆုံးခန်းကိုပြည်သူတွေ အားရဝမ်းသာစွာကြည့်ကြရဦးမှာလို့ တိုင်းအမတ်ဟောင်း ဦးနေဘုန်းလတ်ပြောကြား မေ၃၀ရက် အာဏာရူးတစ်စု ရဲ့ ကျဆုံးခန်းကိုပြည်သူတွေ အားရဝမ်းသာစွာကြည့်ကြရဦးမှာလို့ တိုင်းအမတ်ဟောင်း ဦးနေဘုန်းလတ်ပြောကြားလိုက်ပါတယ်။ မေလနောက်ဆုံးပတ် ၄င်းရဲ့လူမှုကွန်ရက်မှာ ဦးနေဘုန်းလတ်ကရေးသားပြောကြားခဲ့ပါတယ်။ “မအလနဲ့ အာဏာရူးတစ်စု ရဲ့ ကျဆုံးခန်းကို ပြည်သူတွေ အားရဝမ်းသာစွာကြည့်ကြရဦးမှာ အိုးစည်ဗုံမောင်းတွေတီးပြီး ပြည်သူတွေ လမ်းပေါ်ထွက်ကကြတဲ့နေ့ရောက်ကိုရောက်လာဦးမှာ “လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့ထားပြီးတော့ စစ်ကောင်စီတပ်များကို …

Read More

ထိုင်းသတင်းတွေမှာပါ စားပွဲစထိုးနေပြီဖြစ်တဲ့ မင်းအောင်လှိုင်

ထိုင်းသတင်းတွေမှာပါ စားပွဲစထိုးနေပြီဖြစ်တဲ့ မင်းအောင်လှိုင် ယခုနောက်ပိုင်းမှာ Wechat မှာမင်းအောင်လှိုင်ပုံခေတ်စားခဲ့ယုံသာမက ထိုင်းသတင်းမှာပါ ပါလာတဲ့အထိ စားပွဲထိုးလုပ်ငန်းအောင်မြင်လာတာကို တွေ့လာရပါတယ်။ လူအများကတစ်ဖြည်းဖြည်းသထိထားမိလာခဲ့ပါတယ်။ နိူင်ငံတော်တော်များများက လှောင်ပြောင်ချင်စရာခေါင်းဆောင်တစ်ဖွယ် မြင်တွေ့နေကြပါပြီ။ ထိုင်းသတင်းမှာ စားပွဲထိုးနေသည့်ပုံများကိုတင်ဆင်ပေးလိုက်ပါတယ်။ ယခုနောက်ပိုင်းမှာ Wechat မှာမင်းအောင်လှိုင်ပုံခေတ်စားခဲ့ယုံသာမက ထိုင်းသတင်းမှာပါ ပါလာတဲ့အထိ စားပွဲထိုးလုပ်ငန်းအောင်မြင်လာတာကို တွေ့လာရပါတယ်

Read More