
လူဖြစ်ချင်လို့ ဆက်ပြီး ကို့လိပ်ပြာလေးကို စောင့်ရှောက်ပါရစေဆိုတဲ့ ဖြူဖြူကျော်သိန်း
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင် အဆိုတော်ဖြူဖြူကျော်သိန်းပြောပြလာတဲ့ သွေးထွက်အောင်မှန်တဲ့ အမှန်တရားတစ်ခုကို စာဖတ်ပရိတ်သတ်ကြီးများအ တွက် အခုလိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။ အဆိုတော်ဖြူဖြူကျော်သိန်းက လိပ်ပြာမဲ့သူ၊ လူရယ်လို့အမည်ခံရှင်သန်လာတဲ့ဘဝမှာ လူမှန်ရင်လိပ်ပြာပါလာသတဲ့၊ ခန္ဓာကိုအစာကျွေး ဉာဏ်ကလေးတပ်ပေးရုံနဲ့ လူပီသပြီလားဆိုတော့ လိပ်ပြာကထမေးတယ်၊ ငါ့ကိုရောဘာကျွေးမလဲ၊ မင်းတစ်ယောက်တည်းနဲ့လူလို့ခေါ်မရဘူးလေတဲ့၊လူပီသဖို့ရာ လိပ်ပြာကအခရာမို့ သူ့ကိုမေ့ထားလို့မရတဲ့သဘော၊ မင်းဘာအစာစားမလဲပြောဆိုတော့ကိုယ်ချင်းစာ တဲ့၊ အဲ့ဒီမှာခက်ပါလေရော။ ကိုယ်ချင်းစာ မစားဖူးတဲ့သူက ဈေးကြီးလို့မကျွေးနိုင် တိုင်ချင်ရာတိုင်ဆိုပဲ၊ ဟ ဒါကလေးကလားကိစ္စမဟုတ် အစာမကျွေးရင်သေမယ့်ထဲ ငါလည်းပါတယ်လေကွာတဲ့၊ …
Read More