မကြားနိုင်တော့တဲ့သူကိုရင်ထဲမှာအကျယ်ကြီး အော်ခေါ်နေမိတယ်လို့ဝမ်းနည်းစွာပြောပြလာခဲ့ပြန်သော နန်းမြတ်ဖြိုးသင်း
ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် မင်းသမီးချော အဆိုတော် နန်းမြတ်ဖြိုးသင်း ရဲ့ခင်ပွန်းကတော့ ကိုဗစ်ရောဂါဆိုးကြီးရဲ့ဒဏ်ကြောင့် မိသားစုကို ရုတ်တရတ် နှုတ်ဆက်ခွဲခွာသွားခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို အကောင်းဆုံးစောက်ရှောက်နေတာကိုလဲတွေ့ရပါတယ်။
ကလေးတွေအရွယ်ရောက်လာရင် လက်ဆောင်ပေးဖို့ ဂျက်လေးနဲ့ဂျူးလေးတို့ရဲ့ ချက်ကြွေနဲ့မွေးဆံပင်လေးတွေကို key chain လုပ်ပီးသိမ်းထားတဲ့ နန်းမြတ် ရဲ့မိခင်မေတ္တာကလဲ ကြီးမားလွန်းပါတယ်နော်။ နန်းမြတ်ဖြိုးသင်း ကတော့ ခင်ပွန်းဖြစ်သူကို ရည်စူးပြီးတော့ ကောင်းမှု့ကုသိုလ်တွေကို အမြဲပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ” မကြားနိုင်တော့တဲ့သူကို
ရင်ထဲမှာအကျယ်ကြီးအော်ခေါ်နေမိတယ် ဒီလေးလအတွင်းပြောချင်တဲ့စကားတွေအများကြီးပဲ ယောက်ျားရေ..ယောက်ျားသားကတော့ဘယ်လို ယောက်ျားသမီးကတော့ဘယ်လို ဘယ်သူတွေကဘယ်လို ဘယ်သူတွေကတော့မိန်းမကိုဘယ်လိုလုပ်တာသိလား စကားတွေအများကြီးကရင်ထဲမှာအပြည့်ပဲ ယောက်ျားမရှိတော့ရင်ဆိုတဲ့ဘဝကိုစ်တ်ကူးတောင်မယဉ်ခဲ့ဖူးပဲ
ရုတ်တရက်ကြီးကြုံတွေ့လိုက်ရတာ နက်ဖြန်ဆို၄လပြည့်ပီ ဘာတွေဆက်ဖြစ်မယ်မှန်းမသိတဲ့နက်ဖြန်တွေမှာဖြတ်သန်းရဦးမယ် သားနဲ့သမီးလက်လေးနှစ်ဖက်ကိုတွဲပီးအတတ်နိုင်ဆုံးတော့ကြိုးစားဖြတ်သန်းနေမှာပါ ” လို့ နန်းမြတ်ဖြိုးသင်း ဟာခင်ပွန်းဖြစ်သူရဲ့ ကွယ်လွန်တာ လေးလပြည့်တဲ့နေ့လေးမှာ အခုလိုပဲရေးသားထားခဲ့တာကို တွေ့ရပါတယ်။အဆိုတော် သရုပ်ဆောင်
နန်းမြတ်ဖြိုးသင်း ဟာ ခင်ပွန်းဖြစ်သူကွယ်လွန်တဲ့နေ့ကစပြီး လေးလရောက်တဲ့အထိတစ်ရက်မှ မေ့လို့မရနိုင်တဲ့အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်ရေးသားနေကျဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးရေ ခင်ပွန်းဖြစ်သူကို အချိန်မတိုင်ခင် ဆုံးရှုံးလိုက်ရတဲ့ နန်းမြတ်လေးအတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
ရုတ်တရက်ကြီးကြုံတွေ့လိုက်ရတာ နက်ဖြန်ဆို၎လပြည့်ပီ ဘာတွေဆက်ဖြစ်မယ်မှန်းမသိတဲ့နက်ဖြန်တွေမှာဖြတ်သန်းရဦးမယ် သားနဲ့သမီးလက်လေးနှစ်ဖက်ကိုတွဲပီးအတတ်နိုင်ဆုံးတော့ကြိုးစားဖြတ်သန်းနေမှာပါ ” လို့ နန်းမြတ်ဖြိုးသင်း ဟာခင်ပွန်းဖြစ်သူရဲ့ ကွယ်လွန်တာ လေးလပြည့်တဲ့နေ့လေးမှာ အခုလိုပဲရေးသားထားခဲ့တာကို တွေ့ရပါတယ်။အဆိုတော် သရုပ်ဆောင်
Leave a Reply
Your email address will not be published.