တစ်ခေတ်တစ်ခါကနာမည်ကျော်ကြားလူကြိုက်များလှတဲ့ အက်ရှင်မင်းသားကြီးရဲမင်းပိုင်ရဲ့ ငယ်ဘဝပုံရိပ်လေးများ

လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုက မြန်မာနိူင်ငံရဲ့ဗီဒီယိုလောကမှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဖိုက်တင်မင်းသားကြီး ရဲမင်းပိုင် ကိုတော့ ရုပ်ရှင်ချစ်သူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ မြန်မာအနုပညာလောကမှာ

ယနေ့အထိနာမည်တွင်ကျန်နေသေးတဲ့ မင်းသားကြီးတွေထဲမှာ သရုပ်ဆောင် ရဲမင်းပိုင် ကတော့ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။အက်ရှင်ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ

တစ်ယောက်ဖြစ်ပြီး လက်ရှိအနုပညာလောကထဲမှာလည်း သူ့ရဲ့ တပည့်ဖြစ်သူတွေများစွာ ကျန်ရှိနေပါသေးတယ်။ရဲမင်းပိုင် ဟာ မြန်မာ့ဗီဒီယိုလောကရဲ့ ဖိုက်တင်မင်းသား အဖြစ် ပရိသတ်အားပေးမှုကို

တခဲနက်ရရှိခဲ့ချိန်မှာ ပြည်ပကို ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။ဖိုက်တင်ဇာတ်ကြမ်းကားတွေမှာဆို ရဲမင်းပိုင်နဲ့အောင်ပိုင် အတွဲအများဆုံးပါပဲ၊ ပိုင်ကြီး နဲ့ ပိုင်လေး ဆိုပြီး ပရိသတ်လက်ခံအားပေးခံခဲ့ရပါတယ်။

ရဲမင်းပိုင်နဲ့ ဖိုက်တင်ထိုးပြီဆိုရင် သူနာကိုယ်နာ တကယ်ချကြတာ မညှာတတ်ဖူးလို့လဲ သိရပါတယ်။မင်းသား ရဲမင်းပိုင် ဟာ နိုင်ငံရပ်ခြားမှာ နေထိုင်ရင်း မကြာခဏဆိုသလို ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီးတွေအတွက်

ကျန်းမာရေးထောက်ပံ့ငွေတွေ လှူဒါန်းလေ့ရှိပါတယ်။ရဲမင်းပိုင်ကတော့ အနုပညာလောကထဲကို တဖန်ပြန်လည်ရောက်ရရှိလာခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဆက်လက်မလုပ်ကိုင်တော့ပဲ မိသားစုရှိရာ

အမေရိကသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။မင်းသား ရဲမင်းပိုင်ဟာ မြန်မာပြည်က ထွက်ခွာမသွားခင် မင်းသားကြီးကျော်ဟိန်း၊ ကျော်သူတို့နဲ့တွဲဖက်ပြီး မင်းသိင်္ခရဲ့ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့

“ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား” ဇာတ်ကားကို နောက်ဆုံးရိုက်ကူးခဲ့ပါတယ်။ရဲမင်းပိုင် ရဲ့ မိသားစုတွေကတော့ အမေရိကန်မှာ အခြေချနေထိုင်နေတာဖြစ်ပြီး တစ်ခါတရံတော့အလည်လာလေ့ရှိပါတယ်။လက်ရှိမှာ အမေရိကန်နိုင်ငံ၊ အင် ဒီယားနားပြည်နယ်၊ ဖို့ဒ်ဝိန်းမှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

လြန္ခဲ့တဲ့ရာစုႏွစ္တစ္ခုက ျမန္မာနိူင္ငံရဲ႕ဗီဒီယိုေလာကမွာ ဆရာတစ္ဆူျဖစ္ခဲ့တဲ့ ဖိုက္တင္မင္းသားႀကီး ရဲမင္းပိုင္ ကိုေတာ့ ႐ုပ္ရွင္ခ်စ္သူတိုင္း သိၾကလိမ့္မယ္ထင္ပါတယ္။ ျမန္မာအႏုပညာေလာကမွာ

ယေန႕အထိနာမည္တြင္က်န္ေနေသးတဲ့ မင္းသားႀကီးေတြထဲမွာ သ႐ုပ္ေဆာင္ ရဲမင္းပိုင္ ကေတာ့ တစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္။အက္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူ

တစ္ေယာက္ျဖစ္ၿပီး လက္ရွိအႏုပညာေလာကထဲမွာလည္း သူ႕ရဲ႕ တပည့္ျဖစ္သူေတြမ်ားစြာ က်န္ရွိေနပါေသးတယ္။ရဲမင္းပိုင္ ဟာ ျမန္မာ့ဗီဒီယိုေလာကရဲ႕ ဖိုက္တင္မင္းသား အျဖစ္ ပရိသတ္အားေပးမႈကို

တခဲနက္ရရွိခဲ့ခ်ိန္မွာ ျပည္ပကို ထြက္ခြာသြားခဲ့တာပဲ ျဖစ္ပါတယ္။ဖိုက္တင္ဇာတ္ၾကမ္းကားေတြမွာဆို ရဲမင္းပိုင္နဲ႕ေအာင္ပိုင္ အတြဲအမ်ားဆုံးပါပဲ၊ ပိုင္ႀကီး နဲ႕ ပိုင္ေလး ဆိုၿပီး ပရိသတ္လက္ခံအားေပးခံခဲ့ရပါတယ္။

ရဲမင္းပိုင္နဲ႕ ဖိုက္တင္ထိုးၿပီဆိုရင္ သူနာကိုယ္နာ တကယ္ခ်ၾကတာ မညွာတတ္ဖူးလို႔လဲ သိရပါတယ္။မင္းသား ရဲမင္းပိုင္ ဟာ နိုင္ငံရပ္ျခားမွာ ေနထိုင္ရင္း မၾကာခဏဆိုသလို ဝါရင့္လူၾကမ္းသ႐ုပ္ေဆာင္ႀကီးေတြအတြက္

က်န္းမာေရးေထာက္ပံ့ေငြေတြ လႉဒါန္းေလ့ရွိပါတယ္။ရဲမင္းပိုင္ကေတာ့ အႏုပညာေလာကထဲကို တဖန္ျပန္လည္ေရာက္ရရွိလာခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ဆက္လက္မလုပ္ကိုင္ေတာ့ပဲ မိသားစုရွိရာ

အေမရိကသို႔ ျပန္လည္ထြက္ခြာသြားခဲ့ပါတယ္။မင္းသား ရဲမင္းပိုင္ဟာ ျမန္မာျပည္က ထြက္ခြာမသြားခင္ မင္းသားႀကီးေက်ာ္ဟိန္း၊ ေက်ာ္သူတို႔နဲ႕တြဲဖက္ၿပီး မင္းသိခၤရဲ႕ဝတၳဳဇာတ္လမ္းတစ္ပုဒ္ျဖစ္တဲ့

“ပေရာ္ဖက္ဆာေဒါက္တာဆိတ္ဖြား” ဇာတ္ကားကို ေနာက္ဆုံးရိုက္ကူးခဲ့ပါတယ္။ရဲမင္းပိုင္ ရဲ႕ မိသားစုေတြကေတာ့ အေမရိကန္မွာ အေျခခ်ေနထိုင္ေနတာျဖစ္ၿပီး တစ္ခါတရံေတာ့အလည္လာေလ့ရွိပါတယ္။လက္ရွိမွာ အေမရိကန္နိုင္ငံ၊ အင္ ဒီယားနားျပည္နယ္၊ ဖို႔ဒ္ဝိန္းမွာ မိသားစုနဲ႕အတူ ေနထိုင္လ်က္ရွိတယ္လို႔ သိရပါတယ္။ ခရက္ဒစ္

Leave a Reply

Your email address will not be published.