ယနေ့ထိတိုင်အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။ မခိုင်လေးက သာယာချမ်းမြေ့ဖွယ် မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး
လိမ္မာရေးခြားရှိတဲ့သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ စံထိပ်ထားဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း
ရရှိနေပြီဖြစ်ပါတယ်နော်။ ထိပ်ထိပ်လေးက ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ သူလေးဖြစ်တဲ့အပြင် ရိုးရိုးအေးအေးလေးနဲ့ နေထိုင်တတ်တဲ့သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်တစ်ယောက်
အချစ်တွေပိုပြီးရင်းပိုနေရတာလည်းဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာလည်း တွေ့ရပါတယ်။ အခုလည်း ချစ်မေမေနဲ့ ဆင်တူ မြန်မာဝတ်စုံလေး ဝတ်ကာ
အမိုက်စား ရိုက်ထားတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ်။ ပုံတိုင်းက သားအမိနှစ်ယောက် အလှတရားကိုယ်စီနဲ့ အခါခါပြန်ကြည့်ချင်ရလောက်အောင် ကျက်သရေရှိလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုင်ပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်