အဖ.မ်းဆီးခံထားရချိန်မှာတောင်အဖွားနဲ့ အဖေဖြစ်သူကိုရည်စူးကာ အာရုဏ်ဆွမ်းလှူဒါန်းခိုင်းခဲ့သော အဆိုတော်ပိုပို
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ပိုပိုကတော့ ဖမ်းဆီးခံထားရပြီး လက်ရှိအချိန်ထိပြန်လည်လွှတ်မြောက်ခြင်းမရှိသေးပါဘူး။ ပိုပိုကိုတော့ ပရိသတ်တွေကတော့ ပိုပို့ကို အချိန်တိုင်းသတိတရရှိနေခဲ့ပြီး ပိုပိုတစ်ယောက်အမြန်ဆုံး
ပြန်လည်လွှတ်မြောက်လာဖို့ကိုလည်း ဆုတောင်းပေးနေခဲ့ကြပါသေးတယ်။ မနေ့က မတ်လ (၁၇)ရက်နေ့မှာတော့ ပိုပိုက သူ့ရဲ့အဖွားဖြစ်သူနဲ့ ဖခင်ကြီးအတွက် အလှူပြုလုပ်ပေးဖို့ သူ့ရဲ့ Admin Teamကို မှာကြားခဲ့တာကြောင့် Admin Team က
အလှူလေးပြုလုပ်ပေးခဲ့ပါတယ်။ ဖမ်းဆီးခံထားရချိန်မှာတောင် အဖွားနဲ့အဖေအတွက်ကို မပျက်မကွက်အလှူလေးလုပ်ပေးနိုင်ဖို့ပိုပိုက သူ့ရဲ့Admin Team ကို သူ့ကိုယ်စားအလှူလေးပြုလုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်တဲ့။ ပိုပိုရဲ့ Admin တွေကလည်း
ပိုပို့ရဲ့တောင်းဆိုမှုအတိုင်း အလှူလေးပြုလုပ်ခဲ့ပေးပြီး ပိုပို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အလှူလေးပြုလုပ်ခဲ့ကြောင်း မျှဝေလာခဲ့ပါတယ်။ပိုပို့ရဲ့Admin Team က ပိုပိုရဲ့ ဆန္ဒအတိုင်း ရတနာပန်းကုံးကျောင်းတိုက်မှာ အရုဏ်ဆွမ်းကပ်လှူပေးခဲ့ပါတယ်။
ပရိသတ်ကြီးရေ အမြဲတမ်းအလှူအတန်းမပျက်လုပ်တဲ့အပြင်ကို ဖမ်းဆီခံထားရချိန်မှာတောင် အလှူမတန်းမပျက်တဲ့ ပိုပို နေကောင်းကျန်းမာပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.