မေ၂၄ရက်
NLDအစိုးရလက်ထက်က သာဝန် သူရဦးအောင်ကိုထောင်တွင်း တိုက်ပိတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။
မေလအတွင်းမှာ သာဝန်ရဲ့သမီးဖြစ်သူက ၄င်းအဖေအကြောင်းကို လူမှုကွန်ရက်မှာရေးသားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ဒီကနေ့ မနက်၁၀နာရီအရောက် ဖားကြော်လေးပို့လိုက်တယ်။အသက်၇၀ကျော်မှ နေရင်းထိုင်ရင်း အင်းစိန်ရောက်နေရှာတဲ့ အဖေ့ကို ရင်ထဲမချိအောင် သနားပေမယ့်ကျုပ်အဖေအကြောင်းလေး ရေးပြချင်သေးတယ်။တိုက်-၁မယ် အဖေရယ် ဆရာချိုရယ်က အသက်အကြီးဆုံးဖြစ်မယ်ထင်တယ်။ကျန်တဲ့လူတွေက အသက်ငယ်ပေမယ့် နှလုံးသားလေးတွေက နုငယ်ကြတယ်။တစ်ရက်က ညနေ၅နာရီ တိုက်ပိတ်ရမှာကို မနက်ကတည်းက လာပိတ်ပါရော။လာပိတ်တဲ့သူကို အဖေက မေးတာပေါ့
“ငါတို့ အဖိုးကြီးတွေ ထောင်စည်းကမ်းလဲ မဖောက်ဖျက်ပဲ ဘာကိစ္စ တိုက်လာပိတ်ရသတုန်း…”အထက်က ခိုင်းလို့ပါ အဘ” လို့ ပြောရော။ဒါနဲ့ အေး..,ဘယ်အထက်က ပိတ်ခိုင်းတာလဲ။ပိတ်ခိုင်းရတဲ့အကြောင်းအရာပါ စာရွက်ငါ့ကိုပြ ဆိုတော့၊ဘာစာရွက်မှ မပြနိုင်ကြဘူး…
အဖေကလည်း အသက်သာ ၇၀ကျော်တာဇ” ကမသေးဘူး။မင်းတို့ဖာသာ အထက်အမိန့်ရပဲ ပိတ်ပိတ် အောက်အမိန့်ရပဲ ပိတ်ပိတ် ငါတို့ဖာသာ ဖွင့်မယ်ဟေ့” ဆိုပြီး ဆွဲဖွင့်ကြသတဲ့။အဲ့နေ့ကစပြီး အဖေဟာ တိုက်-၁ခေါင်းဆောင်ဖြစ်သွားခဲ့တာ”လို့ဆိုထားပါတယ်။
သူရဦးအောင်ကိုဟာ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး NLDအစိုးရလက်ထက်ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖို့ ကြိုးစားလုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရအဖွဲ့ကိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အထဲမှာ အပါအဝင်ပဲဖြစ်ခဲ့ပါတယ်။
Photo FB