တောထဲတောင်ထဲသွားလာရင်းဖြင့် ကုသိုလ်လေးတစ်ခုပြုလုပ်ခဲ့ပြန်သော ပြည်သူ့အချစ်တော်ကြီး ဦးကျော်သက်လင်း
မြန်မာ့အသံရဲ့ သတင်းတင်ဆက်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရောက်ရှိနေပြီဖြစ်ပေမယ့် ကျန်းမာသန်စွမ်းနေဆဲဖြစ်တဲ့
ဦးကျော်သက်လင်း ဟာ တော်လှန်ရေးတာဝန်တွေကို လူငယ်တွေနဲ့အတူ ကျေပွန်အောင် ထမ်းဆောင်နေပါတယ်။ မိသားစုနဲ့ခွဲခွာပြီး တောထဲမှာအဆင်ပြေအောင်နေထိုင်နေတဲ့ သူ့ကိုတော့ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးကြပါတယ်။
မနေ့က တပေါင်းလပြည့်နေ့လေးမှာ ဦးကျော်သက်လင်း ဟာ ကောင်းမူ့ကုသိုလ်လေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ပြည်သူတွေလှူဒါန်းထားတဲ့ ငွေလေးတွေစုပေါင်းပြီး ဆင်းတုတော်တစ်ဆူ လှူဒါန်းခဲ့တဲ့အကြောင်းကို အခုလိုပဲ ရေးသားထားခဲ့ပါတယ်။”
တောထဲတောင်ထဲ သွားရင်းလာရင်း တပေါင်းလပြည့် ဆင်းတုတော်အလှူ ကုသိုလ်ယူမည် ပြည်သူနှင့်အတူ” လို့ သူ့ရဲ့ကိုယ်ပိုင်လူမူ့စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာကို တွေ့ရပါတယ်နော်။စာဖတ်ပရိသတ်ကြီးရေ
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ရဲ့ ပြည်သူနဲ့အတူ လှူဒါန်းထားတဲ့ အွန်မြတ်လှတဲ့ ဆင်းတုတော်အလှူလေးကို သာဓုခေါ်ဆို သွားခဲ့ပါအုန်းနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.