NUG အနေနှင့် Education Web Site တစ်ခု ရေးဆွဲလျက်ရှိပြီး အဆိုပါ ဝဘ်ဆိုဒ်တွင် ဘာသာရပ်အလိုက် ဆရာများစုဆောင်းပြီး ဘာသာတစ်ခုချင်းစီသင်ရိုးများ နှင့် Onlineသင်ကြားမှုများဆောင်ရွက်မည်
မေ၂၄ရက်
NUG အနေနှင့် Education Web Site တစ်ခု ရေးဆွဲလျက်ရှိပြီး အဆိုပါ ဝဘ်ဆိုဒ်တွင် ဘာသာရပ်အလိုက် ဆရာများစုဆောင်းပြီး ဘာသာတစ်ခုချင်းစီသင်ရိုးများ နှင့် Onlineသင်ကြားမှုများဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်အသီးသီး၏ ယာယီတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီတို့ ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတွင်NUG အနေနှင့် Education Web Site တစ်ခု ရေးဆွဲလျက်ရှိပြီး အဆိုပါ ဝဘ်ဆိုဒ်တွင် ဘာသာရပ်အလိုက် ဆရာများစုဆောင်းပြီး ဘာသာတစ်ခုချင်းစီသင်ရိုးများ နှင့် Onlineသင်ကြားမှုများဆောင်ရွက်မည် ဖြစ်ကြောင်း
– ပထမအဆင့် Short Course (ပညာရေးသဘောတရား၊ ဖက်ဒရယ်သင်တန်းများ) ၊ ဒုတိယအဆင့်အနေနှင့် မဟာကျမ်းပြုတန်းများ ၊ တတိယ အဆင့်အနေနှင့် Final တန်းများ ၊ စတုတ္ထအဆင့်အနေနှင့် အခြားအတန်းများစသည်ဖြင့် ပညာရေးကို တစ်ဆင့်ချင်းစီ သွားမည်ဖြစ်ကြောင်းဘာသာရပ်(မေဂျာ)အလိုက် ပညာရပ်ကော်မတီများဖွဲ့စည်းမည်ဖြစ်ကြောင်းတို့ အပြင် အခြားပညာရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
အရင်းအမြစ် DUSU