အတိုးပေါ်အတိုးဆင့်ပြီး​သိန်း ၇၀ ထိရှိလာတဲ့အကြွေးကိုအိမ်ရောင်းပြီး ဆပ်လိုက်ရဖူးတယ်ဆိုတဲ့ လူရွှင်တော်ကြီးဦးနေကျော်

ပရိသတ်ကြီးရေ ထူထဲတဲ့ မျက်ခုံးမွှေးကြီးကို ပိုင်ဆိုင် ထားပြီး ပရိ သတ်တွေကို ပျော်စရာပြက်လုံးတွေနဲ့ အမြဲတမ်းတင်ဆက်ပေးခဲ့တဲ့ လူရွှင်တော်ကြီး ဦးနေကျော် ကိုတော့ အားလုံးပဲ မှတ်မိ ကြဦးမယ် ထင်ပါတယ်။ လူရွှင် တော်ကြီး ဦးနေကျော် ဟာ သူ့ရဲ့ ဘဝမှာ ၁၀ ပေ ၆၀‌ပေ ကျယ်ဝန်းတဲ့ အိမ်လေးတစ်လုံး ပိုင်ခဲ့ ဖူးပါတယ်တဲ့။ ဒီလိုနဲ့ ဇာတ်ပွဲတွေမှာလိုက်ကရင်းအဆင်မပြေတော့တာနဲ့ ပြန်ရောင်း လိုက်တာ

အိမ်ငှား ဘဝကို ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ငှားဘဝနဲ့မနေချင်တာကြောင့် စိတ်မလျော့ဘဲ ကြိုးစားခဲ့တာ အိမ်လေးတစ်လုံးကို ဝယ်နိုင် ခဲ့ပြန်ပါတယ်။ နောက်ပိုင်းကာလတွေမှာပွဲတွေ တောက်လျှောက်ကရပေမယ့် စားဝတ်နေရေး ဟာ အဆင်မပြေခဲ့ပါဘူး။ အိမ်နဲ့ ဝေးရာမှာအလုပ် လုပ်ကိုင်နေတဲ့ ဦးနေကျော် အတွက် အိမ်မှာကျန်ရစ်ခဲ့တဲ့ မိသားစုစားဝတ်နေရေး အဆင်ပြေရဲ့လားလို့ ပြန်မေးလိုက်တဲ့အခါမှာတော့

သူရတဲ့ပိုက်ဆံနဲ့မလောက်တာကြောင့် ပိုင်တဲ့ အိမ်ဂရန်လေးကို ပေါင်ထားပြီး စားဝတ်နေရေးကို ဖြေရှင်း လိုက်ရ ပါတယ်တဲ့။အဲ့ဒါနဲ့ အကြွေးတင်ပြီး အတိုးပေါ်အတိုးဆင့်ဆင့်လာပြီး အိမ်လေးကိုရောင်းပြီး အကြွေးဆပ် လိုက်ရပြန်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ကြွေးမှီးတွေကင်းသွားပြီးအခုငှားနေတဲ့အိမ်လေးကို ကိုယ့် အိမ်လိုသဘောထားပြီးသန့်သန့်ရှင်းရှင်းထား၍နေထိုင်နေပါတယ်။ ဒီလိုကာလကပျော်ပွဲ ရွှင်ပွဲတွေ

မရှိတော့ တာကြောင့် ဇာတ်ပွဲတွေ လည်းမကရတာကြောင့် စျေးရောင်းပြီး စားဝတ်နေရေးကိုဖြေရှင်း နေတာပဲဖြစ်ပါတယ်။ လူရွှင် တော်ကြီး ဦးနေကျော် မှာ အိမ်ထောင် ရှိတဲ့ သားလေး တစ်ယောက် ရှိပြီး လှည်းတန်းစင်တာမှာအလုပ်လုပ်ရင်း တစ်လကို ငါး သောင်း ထောက်ပံ့ ပေးပါ တယ်တဲ့။ ဦးနေကျော် ဟာ အနုပညာအ လုပ် လုပ်နေရရင် ပျော်တာကြောင့် ဘယ်အချိန် ပြန်လုပ် ရမလဲဆိုတာပဲ အမြဲ စောင့်နေခဲ့တာပါ။

ပရိသတ် တွေဟာ ထမင်း ကျွေးတဲ့ ကျေးဇူးရှင်တွေဖြစ်ပြီး သူတို့ ထောက်ပံ့ အားပေးလို့လဲ ဒီလိုအချိန်မှာ အဆင်ပြေနေတာပါ။ ဒါကြောင့် အခွင့်ကြုံရင် ပရိသတ်တွေကို တတ်ကျွမ်းတဲ့ အနုပညာနဲ့ ကျေးဇူးပြန် ဆပ်ချင် ပါတယ်လို့လည်းပြောပြထားပါသေးတယ်။ ဒီအကြောင်းလေးကိုပရိသတ်ကြီးတို့ကိုပြန်လည် ဝေမျှ ပေးလိုက်ပါတယ်။ဖတ်ရှုအားပေးခဲ့တဲ့ပရိငတ်တစ်ယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်နော်။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

ပရိသတ္ႀကီးေရ ထူထဲတဲ့ မ်က္ခုံးေမႊးႀကီးကို ပိုင္ဆိုင္ ထားၿပီး ပရိ သတ္ေတြကို ေပ်ာ္စရာျပက္လုံးေတြနဲ႕ အၿမဲတမ္းတင္ဆက္ေပးခဲ့တဲ့ လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္ ကိုေတာ့ အားလုံးပဲ မွတ္မိ ၾကဦးမယ္ ထင္ပါတယ္။ လူ႐ႊင္ ေတာ္ႀကီး ဦးေနေက်ာ္ ဟာ သူ႕ရဲ႕ ဘဝမွာ ၁၀ ေပ ၆၀‌ေပ က်ယ္ဝန္းတဲ့ အိမ္ေလးတစ္လုံး ပိုင္ခဲ့ ဖူးပါတယ္တဲ့။ ဒီလိုနဲ႕ ဇာတ္ပြဲေတြမွာလိုက္ကရင္းအဆင္မေျပေတာ့တာနဲ႕ ျပန္ေရာင္း လိုက္တာ

အိမ္ငွား ဘဝကို ေရာက္ရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အိမ္ငွားဘဝနဲ႕မေနခ်င္တာေၾကာင့္ စိတ္မေလ်ာ့ဘဲ ႀကိဳးစားခဲ့တာ အိမ္ေလးတစ္လုံးကို ဝယ္နိုင္ ခဲ့ျပန္ပါတယ္။ ေနာက္ပိုင္းကာလေတြမွာပြဲေတြ ေတာက္ေလွ်ာက္ကရေပမယ့္ စားဝတ္ေနေရး ဟာ အဆင္မေျပခဲ့ပါဘူး။ အိမ္နဲ႕ ေဝးရာမွာအလုပ္ လုပ္ကိုင္ေနတဲ့ ဦးေနေက်ာ္ အတြက္ အိမ္မွာက်န္ရစ္ခဲ့တဲ့ မိသားစုစားဝတ္ေနေရး အဆင္ေျပရဲ႕လားလို႔ ျပန္ေမးလိုက္တဲ့အခါမွာေတာ့

သူရတဲ့ပိုက္ဆံနဲ႕မေလာက္တာေၾကာင့္ ပိုင္တဲ့ အိမ္ဂရန္ေလးကို ေပါင္ထားၿပီး စားဝတ္ေနေရးကို ေျဖရွင္း လိုက္ရ ပါတယ္တဲ့။အဲ့ဒါနဲ႕ အေႂကြးတင္ၿပီး အတိုးေပၚအတိုးဆင့္ဆင့္လာၿပီး အိမ္ေလးကိုေရာင္းၿပီး အေႂကြးဆပ္ လိုက္ရျပန္တယ္လို႔ဆိုပါတယ္။ လက္ရွိမွာေတာ့ေႂကြးမွီးေတြကင္းသြားၿပီးအခုငွားေနတဲ့အိမ္ေလးကို ကိုယ့္ အိမ္လိုသေဘာထားၿပီးသန႔္သန႔္ရွင္းရွင္းထား၍ေနထိုင္ေနပါတယ္။ ဒီလိုကာလကေပ်ာ္ပြဲ ႐ႊင္ပြဲေတြ

မရွိေတာ့ တာေၾကာင့္ ဇာတ္ပြဲေတြ လည္းမကရတာေၾကာင့္ ေစ်းေရာင္းၿပီး စားဝတ္ေနေရးကိုေျဖရွင္း ေနတာပဲျဖစ္ပါတယ္။ လူ႐ႊင္ ေတာ္ႀကီး ဦးေနေက်ာ္ မွာ အိမ္ေထာင္ ရွိတဲ့ သားေလး တစ္ေယာက္ ရွိၿပီး လွည္းတန္းစင္တာမွာအလုပ္လုပ္ရင္း တစ္လကို ငါး ေသာင္း ေထာက္ပံ့ ေပးပါ တယ္တဲ့။ ဦးေနေက်ာ္ ဟာ အႏုပညာအ လုပ္ လုပ္ေနရရင္ ေပ်ာ္တာေၾကာင့္ ဘယ္အခ်ိန္ ျပန္လုပ္ ရမလဲဆိုတာပဲ အၿမဲ ေစာင့္ေနခဲ့တာပါ။

ပရိသတ္ ေတြဟာ ထမင္း ေကြၽးတဲ့ ေက်းဇူးရွင္ေတြျဖစ္ၿပီး သူတို႔ ေထာက္ပံ့ အားေပးလို႔လဲ ဒီလိုအခ်ိန္မွာ အဆင္ေျပေနတာပါ။ ဒါေၾကာင့္ အခြင့္ႀကဳံရင္ ပရိသတ္ေတြကို တတ္ကြၽမ္းတဲ့ အႏုပညာနဲ႕ ေက်းဇူးျပန္ ဆပ္ခ်င္ ပါတယ္လို႔လည္းေျပာျပထားပါေသးတယ္။ ဒီအေၾကာင္းေလးကိုပရိသတ္ႀကီးတို႔ကိုျပန္လည္ ေဝမွ် ေပးလိုက္ပါတယ္။ဖတ္ရႈအားေပးခဲ့တဲ့ပရိငတ္တစ္ေယာက္ခ်င္းစီကိုလည္းေက်းဇူးတင္ပါတယ္ေနာ္။ ခရက္ဒစ္

Leave a Reply

Your email address will not be published.