အသက် ၈၂ နှစ်ရှိပါပြီဒါပေမယ့်ဒီလောက်ထိခက်ခဲလွန်းသော ကပ်ဘေးကိုမကြုံဖူးဘူးလို့ဆိုလာခဲ့ပြန်တဲ့ သရုပ်ဆောင်ဒေါ်နွဲ့နွဲ့စန်း
ပရိသတ်ကြီးရေအဖြူအမဲခေတ်ရုပ်ရှင်ခေတ်ကတည်းက ပါဝင်သရုပ်ဆောင်လာခဲ့တဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီး ဒေါ်နွဲ့နွဲ့စန်းကိုတော့ အားလုံးပဲသိကြအုန်းမယ် ထင်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ ခေတ်အဆက်ဆက်ကို မှီခဲ့သူတစ်ဦးလဲ ဖြစ်တာကြောင့် သရုပ်ဆောင်တဲ့ နေရာမှာလဲ တော်လွန်းသူတစ်ဦးဖြစ်ပါတယ်။ အသက်အရွယ်ကြီးမြင့်လာတဲ့အချိန်မှာလဲ အမေနေရာ၊အဘွားနေရာ ကနေ သရုပ်ဆောင်ပြီး ပရိသတ်ချစ်ခင်အားပေးမူ့ကိုဆက်လက်ရရှိခဲ့၍
လက်ရှိမှာ အမေများအဖွဲ့ကို ဦးဆောင်နေသူဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအပေါ် ဒေါ်နွဲ့နွဲ့စန်း ဟာ ပြည်သူတွေနဲ့အတူ ပါဝင်ခြင်းမရှိတာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါသေးတယ်။ သရပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း ကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် မှာ ပြောသွားတာကတော့ ” တော်တော်ကို ခက်ခဲနေပါပြီ ဘယ်လိုပြောရမှန်ူးတောင်မသိတော့ပါဘူး”တဲ့။ အသက်အရွယ်ကလဲ ၈၂ နှစ်တောင်ရှိနေပြီဖြစ်လို့ သေလိုက်တာမှပိုကောင်းတယ်
ခက်ခက်ခဲခဲဖြစ်နေပြီး အကုန်တောင့်တနေရလို့ မနေချင်တော့ပါဘူး၊ အားလုံးလဲ အကုန်နီးပါးခက်ခဲနေတော့ ဘယ်သူဆီကမှလည်း အလှူမခံချင်ပါဘူး။ အသက် ၈၂ နှစ်တိုင်အောင် ဒီလောက်ထိခက်ခဲတာကို မကြုံဖူးဘူး ဒီလိုကြုံနေရတဲ့ ကပ်ဘေးကတော့ တောာ်တော်လေးဆိုးတဲ့ကပ်ဘေးပါ။ ဒီလိုကပ်မျိုးက လာမယ်ဆိုတာကြိုသိပါတယ် အရင်ထဲက ဆရာတော်တွေ ဟောခဲ့တာပဲလေ၊နောက်ဘယ်လိုပုံစံနဲ့ ကပ်ဘေးတွေ လာအုန်းမလဲ မသိနိုင်ဘူး။ လက်ရှိမှာ သရုပ်ဆောင် ‌
ဒေါ်နွဲ့နွဲ့စန်းမှာတော့ ကျောက်ကပ်၊ဆီးချို၊နှလုံး၊သွေးတိုး ရောဂါတွေစွဲကပ်နေတာကြောင့် ဆေးတွေကုနေရပြီး ဆေးတွေဟာစျေးတွေအရမ်းကြီးနေလို့ မတတ်နိုင်တော့လို့ လျော့သောက်နေရပါတယ်။ ဒါကြောင့် ရောဂါကိုမွေးထားသလိုကြီးဖြစ်နေပြီး ကံကပေးသလောက်ပဲ အသက်ရှင်ဖို့ စိတ်ကူးရှိပါတယ်တဲ့။ မကြာသေးခင်ရက်ပိုင်းလောက်က သူမတို့နေထိုင်ရာ အိမ်ယာမှာရှိတဲ့ မီးကြိုးတွေ ဖြတ်ခိုးသွားလို့ လေးသိန်းစိုက်လိုက်ရသေးတယ်။ ခိုးသွားတဲ့သူခိုးကို
မေတ္တာရပ်ခံချင်တာကတော့” မခိုးပါနဲ့ လာသာတောင်းလိုက်ပါ အလှူသာလာခံလိုက်ပါ မရှိရှိတာပေါင်ပေးပါမယ် လူကြီးဆိုတော့ မီးမလာမှောင်မဲနေတော့ ချော်လဲပြီး တင်ပါးမှာ ညိုမဲစွဲနေပြီ တောင်းပန်ပါရစေ” တဲ့။ သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း ကတော့ ရုပ်ရှင်အစည်းအရုံးကနေ လှူဒါန်းတဲ့ ဆန်နဲ့ဆီကို လာရောက်ယူရင်းနဲ့ တတ်နိုင်သလောက်လှူဒါန်းတဲ့အတွက် ကျေးဇူးတင်ကြောင်းလဲ ပြောထားပါတယ်။ ကိုယ်ခွဲကလဲမရှိ ဆန်လာယူဖို့တောင် ကားခမရှိလို့ ရတဲ့ပင်စင်ငွေလေးကို တက္ကစီကားခလုပ်ပြီး လာယူရတာပါ။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.