ကလေးသရုပ်ဆောင်တွေဟာအရွယ်ရောက်လာရင် မင်းသားမဖြစ်လာနိုင်ဘူးဆိုတဲ့ သတ်မှတ်ချက်ကိုရိုက်ချိုးနိုင်ခဲ့သူ ကျော်ဝင်းထွဋ်
သရုပ်ဆောင် ကျော်ဝင်းထွဋ် ကိုဟာ အနုပညာလောကကို ကလေးသရုပ်ဆောင်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပေါင်းများစွာထဲကမှ ဘဝမျက်ရည်ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်တွေကြားထဲမှာ လူသိများလာ၍ ကျော်ဝင်းထွဋ်ဆိုပြီး ဖြစ်လာခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်လုပ်တုန်းက အဖြစ်အပျက်လေးတစ်ခုကိုလဲ ပြောပြထားပါသေးတယ်။ ကလေးဘဝတုန်းက ဇာတ်ကားထဲမှာ
သရုပ်ဆောင်တုန်းက မျက်ရည်ကျတဲ့နေရာမှာ သရုပ်မဆောင်နိုင်ခဲ့တာကြောင့် ဒါရိုက်တာတွေက အမေနဲ့ကိုင်တုတ် ဆဲခံရဖူးပါတယ်။ ဒါပေမယ့် ဆရာတွေက တော်စေချင်လို့ဆိုတာကို နားလည်ခဲ့ပါတယ်။ အသက်ကြီးလာတော့ ကလေးသရုပ်ဆောင် ဆက်မလုပ်တော့ပဲ လူကြီးသရုပ်ဆောင်ဘဝကို ကူးပြောင်းတော့မယ့် အချိန်ရောက်တော့ ဒါရိုက်တာအချို့ က အဖေကိုပြောတယ် ကျော်ဝင်းထွဋ် က ကလေးသရုပ်ဆောင်ဆိုတော့ ကလေးရုပ်လဲဖြစ်နေတော့
မင်းသားဖြစ်မလာနိုင်ဖူးတဲ့။ အဲ့ဒါနဲ့အဖေလဲ စိတ်မကောင်းဖြစ်သွားပြီး တစ်ညကျတော့ အရက်လေးနည်းနည်းသောက်ပြီး မျက်ရည်စတွေနဲ့ “ငါ့သားကတကယ့်ကိုအသုံးမကျဘူး။ ဘယ်လိုသွားအားကိုးရမလဲဆိုပြီး” အမေ့ကိုပြောတယ်။ အဲဒီအချိန်မှာ ခြင်ထောင်ထဲကနေ အဲ့စကားသံကြားလိုက်တော့ နားထောင်ပြီး မျက်ရည်ကျတယ် ဒါမယ့် အခုချိန်မှာ အဲဒါကိုစိတ်မကောင်းမဖြစ်တော့ဘူး၊ ခွန်အားတွေရလာတယ်။ ငယ်ငယ်ကကျောင်းပြေးတုန်းက အဖေမိသွားတော့
အနုပညာဆက်လုပ်မှာလား ကျောင်းတတ်မှာလားလို့ ဆုံးဖြတ်ခိုင်းတယ် အဲ့ချိန်မှာ မင်းသားလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ဦးဆရာကတော့ အဖေပါပဲ၊အဖေ့ကြောင့်ပဲ မခံချင်စိတ်တွေ ဖြစ်လာပြီး အခုလိုပဲအောင်မြင်လာခဲ့တာ။ကလေးသရုပ်ဆောင်တွေ ကြီးလာရင်သရုပ်ဆောင်မဖြစ်နိင်တော့ဖူးဆိုတဲ့ သတ်မှတ်ချက်ကို ရိုက်ချိုးနိုင်ခဲ့တာ အဖေ့ကြောင့်ပါပဲ။ အဖေကိုယ်တိုင်ကလဲ အောင်မြင်ဖို့ အားပေးတယ်။
ဝါရင့်ဖိုက်တင်သရုပ်ဆောင်တွေဖြစ်တဲ့ ရဲမင်းပိုင် ရဲကိုကို တို့ကိုအားကျလို့ ဖိုက်တင်မင်းသားဖြစ်အောင်လုပ်ခဲ့တာ၊သူတို့လိုဖြစ်ချင်လို့ ကရာတေးနဲ့ကိုယ်ခံပညာအစုံသင်ခဲ့တာ။ အက်ရှင်ကားတွေ သရုပ်ဆောင်ရင်း ဘယ်ဘက်ဒူးမှာ အရွတ်သုံးချောင်းပြုတ်ခဲ့တယ်။ ဖိုက်တင်သရုပ်ဆောင်တွေအားလုံးက ဒဏ်ရာတွေကြီးပါပဲ။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.