ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီနေတိုး၏မင်္ဂလာဦးအလှူအဖြစ်ရခိုင်မှလက်လုပ်လက်စားပြည်သူ၅၅ ဦးအတွက်အခြေခံစားသောက်ကုန်များကိုယနေ့ လှူဒါန်းလိုက်ကြောင်းသိရတယ်။ ဆန်၊ဆီ၊ဆား၊ငါးခြောက်၊ပဲတို့အပါအဝင်အခြေခံ
စားသောက်ကုန်၁၁မျိုးကို၁၁မီငြိမ်းစေရန်ရည်ရွယ်ပြီးလှူဒါန်းခြင်းဖြစ်ကြောင်းအလိုတော်ပြည့်ကျောင်းတိုက်၊ရန်ကုန်မှအရှင်ကုမာရကနိရဥ္စရာကို မိန့်သည်။ရခိုင်ကတစ်နေ့ရမှတစ်နေ့ဖြတ်သန်းရတဲ့လူတွေအတွက်လှူဒါန်းတာပါ၊နေတိုးရဲ့မင်္ဂလာဦးအလှူပေါ့၊
တပါင်းလပြည့်နေ့နဲ့တိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ၊သူလည်းနောက်ထပ်ပွဲကြီးပွဲကောင်းမင်္ဂလာပွဲတွေဆောင်ရင်ဆောင်အုံးမှာပေါ့၊အဲ့ခါမှကြီးကြီးမားမား တတ်နိုင်သလောက်လှူပါလိမ့်မယ်ဟုပြောသည်။နေတိုး၏မင်္ဂလာဦးအလှူ
စားသောက်ကုန်များကိုဘူးသီးတောင်မြို့၊မြို့သစ်၅ရပ်ကွက်ရှိ လက်လုပ်လက်စားပြည်သူ၅၅ဦးအတွက်အရှင်ကုမာရမှတဆင့်ယနေ့မတ်လ၁၆ရက်ညနေတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မာန်အောင်ဇာတိဖြစ်သည့် သရုပ်ဆောင်နေတိုးသည်ဖေဖော်ဝါရီလ၅ရက်နေ့တွင်ချစ်သူဖြစ်သူမာန်အောင်သူမသဲစုမြတ်ရွှေနှင့် မင်္ဂလာဆောင်လက်မှတ်ရေးထိုးခဲ့သည်။
ZawGyi ဖြင့်ဖတ်ရန်
႐ုပ္ရွင္သ႐ုပ္ေဆာင္အကယ္ဒမီေနတိုး၏မဂၤလာဦးအလႉအျဖစ္ရခိုင္မွလက္လုပ္လက္စားျပည္သူ၅၅ ဦးအတြက္အေျခခံစားေသာက္ကုန္မ်ားကိုယေန႕ လႉဒါန္းလိုက္ေၾကာင္းသိရတယ္။ ဆန္၊ဆီ၊ဆား၊ငါးေျခာက္၊ပဲတို႔အပါအဝင္အေျခခံ
စားေသာက္ကုန္၁၁မ်ိဳးကို၁၁မီၿငိမ္းေစရန္ရည္႐ြယ္ၿပီးလႉဒါန္းျခင္းျဖစ္ေၾကာင္းအလိုေတာ္ျပည့္ေက်ာင္းတိုက္၊ရန္ကုန္မွအရွင္ကုမာရကနိရၪၥရာကို မိန႔္သည္။ရခိုင္ကတစ္ေန႕ရမွတစ္ေန႕ျဖတ္သန္းရတဲ့လူေတြအတြက္လႉဒါန္းတာပါ၊ေနတိုးရဲ႕မဂၤလာဦးအလႉေပါ့၊
တပါင္းလျပည့္ေန႕နဲ႕တိုက္တိုက္ဆိုင္ဆိုင္ေပါ့ေလ၊သူလည္းေနာက္ထပ္ပြဲႀကီးပြဲေကာင္းမဂၤလာပြဲေတြေဆာင္ရင္ေဆာင္အုံးမွာေပါ့၊အဲ့ခါမွႀကီးႀကီးမားမား တတ္နိုင္သေလာက္လႉပါလိမ့္မယ္ဟုေျပာသည္။ေနတိုး၏မဂၤလာဦးအလႉ
စားေသာက္ကုန္မ်ားကိုဘူးသီးေတာင္ၿမိဳ႕၊ၿမိဳ႕သစ္၅ရပ္ကြက္ရွိ လက္လုပ္လက္စားျပည္သူ၅၅ဦးအတြက္အရွင္ကုမာရမွတဆင့္ယေန႕မတ္လ၁၆ရက္ညေနတြင္ လႉဒါန္းခဲ့ျခင္းျဖစ္သည္။
ရခိုင္ျပည္နယ္မာန္ေအာင္ဇာတိျဖစ္သည့္ သ႐ုပ္ေဆာင္ေနတိုးသည္ေဖေဖာ္ဝါရီလ၅ရက္ေန႕တြင္ခ်စ္သူျဖစ္သူမာန္ေအာင္သူမသဲစုျမတ္ေ႐ႊႏွင့္ မဂၤလာေဆာင္လက္မွတ္ေရးထိုးခဲ့သည္။