ဖခင်ဖြစ်သူဦးမန်းဝင်းကိုသတိရနေရှာတဲ့ ဟာသသရုပ်ဆောင်ဟေမာမန်းဝင်း
ပရိသတ်ကြီးရေ ဦးမန်းဝင်း ကတော့ တစ်ခေတ်တခါတုန်းက ဇာတ်သဘင်လောကမှာ လူရွှင်တော်အဖြစ် ပရိသတ်ကြီးကို ရယ်မောပျော်ရွှင်အောင် ‌အကောင်းဆုံး‌ဖျော်ဖြေ တင်ဆက်နိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ဒါအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အကောင်းဆုံးဇာတ်ပို့ဇာတ်ရန်အဖြစ် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေချစ်ခင်အားပေးရတဲ့
သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ဖအေတူသမီးဖြစ်တဲ့ ဟေမာမန်းဝင်း ကလည်း ဖခင်ရဲ့ခြေရာကို နင်းနိုင်ခဲ့ပြီးတော့ အနုပညာလောကမှာ ဟာသသရုပ်ဆောင်အဖြစ် နေရာတစ်နေရာရရှိခဲ့ပါတယ်။ လူရွှင်တော်ကြီး ဦးမန်းဝင်း ရဲ့ သမီးဖြစ်သူ သရုပ်ဆောင် ‌ဟေမာမန်းဝင်း ကတော့ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြာပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို
အဖေများနေ့မှာ သတိရနေတဲ့အကြောင်းကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။ ” အဖေများနေ့တဲ့အဖေကြီးရေ သတိရတယ် သားသမီးတွေ ဘာလေးဘဲဝယ်လာဝယ်လာ ဆုတောင်းပေးတဲ့ အသံလေးတွေမကြားရတာ တနှစ်နဲကိုးလရှိသွားပီး ဖေကြီးရေ” လို့သူမရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်‌။ ဟာသသရုပ်ဆောင်
ဟေမာမန်းဝင်း ဟာ လက်ရှိမှာအသည်းကြီးပြီး ကျောက်ကပ်မှာကျောက်တည်တဲ့ ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။ သူမရဲ့ဖခင်လိုပဲ ကျောက်ကပ်ရောဂါကို ထပ်မံခံစားနေရတာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပြီး သူမကိုစိုးရိမ်စိတ်ပူနေကြပါတယ်။ပရိသတ်ကြီရေ အားလုံးကချစ်ခင်အားပေးရတဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း
ကွယ်လွန်သွားခဲ့တာ တစ်နှစ်နဲ့ ကိုးလရှိခဲ့ပါပြီ။ ဒါပေမယ့် ပရိသတ်တွေကတော့ အခုထိ ချစ်ခင်အားပေးနေဆဲပါပဲနော်။ အဖေများနေ့မှာ အဖေမရှိလို့ စိတ်မကောင်းဖြစ်နေတဲ့ ဟေမာကြီးအတွက် အားပေးစကားလေးတွေ ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.