သွေးအေးပြီးငြိမ်သက်ကုန်တဲ့လူတွေကို ခင်ဗျားတို့ကစိတ်ဓာတ်ပဲလို့ ပြောချလိုက်လိုက်ပြန်သော ဦးကျော်သက်လင်း
မြန်မာစံတော်ချိန် ည ၈ နာရီသတင်းများကို စတင်တင်ဆက်ပေးနေပါပြီခင်ဗျာ ဆိုတဲ့ အသံသြဇာအပြည့်နဲ့ သတင်းများကိုပြတ်ပြတ်သားသားနဲ့ ရှင်းရှင်းလင်းလင်း တင်ဆက်ပေးတတ်တဲ့ မြန်မာအသံမှ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ကိုတော့
အားလုံးပဲချစ်ခင်ကြလိမ့်မယ်ထင်ပါတယ်နော်။ သူကတော့ သတင်းတင်ဆက်ပေးရုံမကအခမ်းအနားမှူးအဖြစ်လဲ ပွဲတိုင်းမှာမပါမဖြစ်ပါပဲ။ ဒါပေမယ့် အသက် ၅၀ နှစ်ရှိပြီဖြစ်တဲ့ ဦးကျော်သက်လင်းကတော့မိသားစုကိုစွန့်ပြီး လွတ်မြောက်နယ်မြေကို ‌ရောက်ရှိနေပါတယ်။
အများချစ်ခင်လေးစားရသူတစ်ဦးဖြစ်တဲ့ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ CDM ကိုအစောဆုံးပြုလုပ်ခဲ့သူတစ်ဦးပါ။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲခံရပြီးနောက် ရန်ကုန်မှတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ တစ်ခုမှာ ရောက်ရှိနေပါတယ်။
ဦးကျော်သက်လင်း ကတော့ သွေးအေးပြီးငြိမ်သက်ကုန်တဲ့ လူတွေအခုလိုပဲ ပြောလိုက်ပါတယ်။ ” ခင်ဗျားတို့ကလည်း စိတ်ဓာတ်ပဲနော်… တစ်ခါဆိုရင်တစ်ခါပဲ ပြီးရင်ငြိမ်သက်သွားတာ သေကုန်တာကျနေတာပဲ။ အေးပါဗျာ ဒီလောက်နဲ့လည်းကျေနပ်ပါတယ်ဆိုပြီး
ပြန်လာရမယ်ထင်တယ်” လို့ သူ့ရဲ့လူမူ့ကွန်ယက်‌ပေါ်မှာ ရေးသားထားပါတယ်။ စာဖတ်ပရိသတ်ကြီးရေ ဦးကျော်သက်လင်း ကတော့ သွေးအေးတဲ့လူတွေများလာလို့ စိတ်မကောင်းဖြစ်နေပါတယ်နော်။ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဦးကျော်သက်လင်းလဲ ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.