မကြွေသင့်ပဲကြွေလွင့်သွားခဲ့ရတဲ့ကြယ်လေးတွေအတွက် ခံစားပြီး‌ရေးသားခဲ့တဲ့ မူးလာရဲ့စာလေးတစောင်

Myanmar Idol Season 4 မှာ ဝင်ရောက်ယျဉ်ပြိုင်ခဲ့ပြီး Top-4 ထိတတ်ရောက်နိုင်ခဲ့တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ ကိုတော့ လူတိုင်းမှတ်မိလိမ့်မယ်ထင်ပါတယ်။ သူဟာအသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ ရော့ခ်အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။ မူးလာ ဟာလက်ရှိမှာ အမှန်တရားဘက်တော်သား

ဖြစ်တာကြောင့် ဒီမိုကရေစီတိုက်ပွဲကို ပြည်သူတွေနဲ့ အတူတူ တိုက်ပွဲဝင်လျက်ရှိပါတယ်။ ဒါကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိပြီး ကျရာတာဝန်ကိုထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ မိသားစုနဲ့ဝေးကွာပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မူးလာ ဟာ တစ်ခါတလေ အိမ်ကိုအရမ်းလွမ်းမိတယ်လို့ ရင်ဖွင့်ထားပါသေးတယ်။

သူ့ရဲ့မိခင်ဟာလည်း သားဖြစ်သူကိုလွမ်းလွန်းလို့ ဝမ်းနည်းနေတဲ့အကြောင်းကို ပရိသတ်တွေကိုရင်ဖွင့်ထားပါတယ်။ ” ကြယ် ငယ်စဉ်အရွယ် ခလေးဘဝကတည်းက မော်ကြည့်ခဲ့တဲ့ကြယ် လင်းရောင်ကြည် သိပ်ကို အားကျမိခဲ့တာပေါ့ ကြီးသောအခါ သတိမပြုမိခဲ့တဲ့ကြယ် လင်းလက်နေဆဲပေါ့ တဖြုတ်ဖြုတ်ကြွေတဲ့ကြယ်ကို ညကြီးသန်းခေါင်ထကာကြည့်ရင်း

လှပလွန်းလေရောပေါ့ ယခုကြယ်ရော ယခုလင်းလက်နေသောကြယ်ရော ယခုတောက်ပနေသောကြယ်ရော အသင်မေ့လျော့နေသလား ကြွေနေရဆဲ နေနေရစမြဲမှေးမှိန်သော်ငြား ထွန်းလင်းလျက်အမောတွေကင်းဝေးဖို့ထွန်းလင်းဆဲသူရော မကြွေဘူးတဲ့လားသူရောမကြွေဘူးတဲ့လားသင်ကိုယ်တိုင်ရော ထွန်းလင်းတဲ့ ကြယ် ဖြစ်ဖို့မသင့်ဘူးလားမကြွေသင့်ပဲကြွေလွင့်သော

ကြယ်များအတွက်” လို့ မူးလာ ဟာသူရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ မိသားစုနဲ့ခွဲခွာပြီး တော်လှန်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်နေတဲ့ အဆိုတော် စောခရစ် မူးလာ အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ပြောပေးခဲ့ပါအုန်းနော်။ မူးလာ တစ်ယောက်လဲ ဘေးကင်းကျန်းမာစွာနဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပြီးတော့ ချစ်တဲ့အနုပညာလုပ်ငန်းတွေကိုလဲ အမြန်ဆုံးပြန်လည် လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ZawGyi ဖြင့်ဖတ်ရန်

Myanmar Idol Season 4 မွာ ဝင္ေရာက္ယ်ဥ္ၿပိဳင္ခဲ့ၿပီး Top-4 ထိတတ္ေရာက္နိုင္ခဲ့တဲ့ ကရင္တိုင္းရင္းသားေလး ေစာခရစ္ မူးလာ ကိုေတာ့ လူတိုင္းမွတ္မိလိမ့္မယ္ထင္ပါတယ္။ သူဟာအသံပါဝါေကာင္းေကာင္းကို ပိုင္ဆိုင္ထားၿပီးေတာ့ ေရာ့ခ္သီခ်င္းေတြကို ပိုင္ပိုင္နိုင္နိုင္သီဆိုနိုင္တဲ့ ေရာ့ခ္အဆိုေတာ္တစ္ဦးလဲျဖစ္ပါတယ္။ မူးလာ ဟာလက္ရွိမွာ အမွန္တရားဘက္ေတာ္သား

ျဖစ္တာေၾကာင့္ ဒီမိုကေရစီတိုက္ပြဲကို ျပည္သူေတြနဲ႕ အတူတူ တိုက္ပြဲဝင္လ်က္ရွိပါတယ္။ ဒါေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိၿပီး က်ရာတာဝန္ကိုထမ္းေဆာင္ေနတာပဲျဖစ္ပါတယ္။ မိသားစုနဲ႕ေဝးကြာၿပီး လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ မူးလာ ဟာ တစ္ခါတေလ အိမ္ကိုအရမ္းလြမ္းမိတယ္လို႔ ရင္ဖြင့္ထားပါေသးတယ္။

သူ႕ရဲ႕မိခင္ဟာလည္း သားျဖစ္သူကိုလြမ္းလြန္းလို႔ ဝမ္းနည္းေနတဲ့အေၾကာင္းကို ပရိသတ္ေတြကိုရင္ဖြင့္ထားပါတယ္။ ” ၾကယ္ ငယ္စဥ္အ႐ြယ္ ခေလးဘဝကတည္းက ေမာ္ၾကည့္ခဲ့တဲ့ၾကယ္ လင္းေရာင္ၾကည္ သိပ္ကို အားက်မိခဲ့တာေပါ့ ႀကီးေသာအခါ သတိမျပဳမိခဲ့တဲ့ၾကယ္ လင္းလက္ေနဆဲေပါ့ တျဖဳတ္ျဖဳတ္ေႂကြတဲ့ၾကယ္ကို ညႀကီးသန္းေခါင္ထကာၾကည့္ရင္း

လွပလြန္းေလေရာေပါ့ ယခုၾကယ္ေရာ ယခုလင္းလက္ေနေသာၾကယ္ေရာ ယခုေတာက္ပေနေသာၾကယ္ေရာ အသင္ေမ့ေလ်ာ့ေနသလား ေႂကြေနရဆဲ ေနေနရစၿမဲေမွးမွိန္ေသာ္ျငား ထြန္းလင္းလ်က္အေမာေတြကင္းေဝးဖို႔ထြန္းလင္းဆဲသူေရာ မေႂကြဘူးတဲ့လားသူေရာမေႂကြဘူးတဲ့လားသင္ကိုယ္တိုင္ေရာ ထြန္းလင္းတဲ့ ၾကယ္ ျဖစ္ဖို႔မသင့္ဘူးလားမေႂကြသင့္ပဲေႂကြလြင့္ေသာ

ၾကယ္မ်ားအတြက္” လို႔ မူးလာ ဟာသူရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားထားပါတယ္။ ပရိသတ္ႀကီးေရ မိသားစုနဲ႕ခြဲခြာၿပီး ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ ႀကိဳးစားအားထုတ္ေနတဲ့ အဆိုေတာ္ ေစာခရစ္ မူးလာ အတြက္ အားေပးစကားေလးေတြကို ေကာမန႔္မွာ ေျပာေပးခဲ့ပါအုန္းေနာ္။ မူးလာ တစ္ေယာက္လဲ ေဘးကင္းက်န္းမာစြာနဲ႕ မိသားစုနဲ႕ ျပန္လည္ေပါင္းစည္းနိုင္ၿပီးေတာ့ ခ်စ္တဲ့အႏုပညာလုပ္ငန္းေတြကိုလဲ အျမန္ဆုံးျပန္လည္ လုပ္ကိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published.