ခုလိုကာလကြီးမှာရေပြတ်လပ်နေရှာတဲ့ပြည်သူတွေအတွက် ရေသန့်အလှူပေးခဲ့ပြန်သော သင်ဇာဝင့်ကျော်

ပရိသတ်ကြီးရေ သင်ဇာကတေ့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သင်ဇာကတော့ ခေတ်လူငယ်ပီပီ ခေတ်ဆန်လွန်းလှတဲ့

ဖက်ရှင်တွေကို ဝတ်ဆင့်လေ့ရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကိုပဲ အမြတ်တနိုးနဲ့ ပြန်လည်ဝတ်ဆင်နေခဲ့ပါတယ်။ သင်ဇာကတော့ လူငယ်ပီပီလွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်ပေမဲ့လည်း

မြန်မာလူမျိုးတစ်ယောက်ပီပီ အလှူအတန်းတွေကိုတော့ စေတနာထက်သန်စွာနဲ့ အမြဲလိုလို လှူဒါန်းပေးနေခဲ့ပါတယ်။ ဒီနေ့မှာလည်း သင်ဇာကတော့ မွန်မြတ်လွန်းလှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ ရေသန့်အလှူလေးပဲဖြစ်ပါတယ်။ဒလတစ်ဖက်ကမ်းက ရေပြတ်လပ်မှုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လိုအပ်နေတဲ့ ရေသန့်တွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ သင်ဇာရဲ့ အလှူလေးကတော့ တကယ်ကို မွန်မြတ်လှပြီး သာဓုအကြိမ်ကြိမ်ကို ခေါ်ထိုက်တဲ့ အလှူလေးပါပဲနော်။

ZawGyi ဖြင့်ဖတ်ရန်






Leave a Reply

Your email address will not be published.