မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံးခဲ့တာ တလကြာမြင့်ခဲ့ပေမယ့် အစည်းအဝေးဆုံးဖြတ်ချက်တွေ ဘာတခုမှ အကောင်အထည်မဖော်နိုင်သေး

မေလ ၂၄ ရက်

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂျကာတာပိုစ့် အယ်ဒီတာ့အာဘော်ကဏ္ဍမှာလုပ်စရာရှိတာမြန်မြန်လုပ် အာဆီယံခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ရက်မှာ မြန်မာတပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့အတွက် မြန်မာ့အရေးအာဆီယံအထူးအစည်းအဝေးကို ဧပြီ ၂၄ ရက်မှာကျင်းပခဲ့ပြီး အခုဆို တလကျော်

သွားခဲ့ပါပြီ။

အမေရိကန်အပါအဝင် ပြင်ပအဖွဲ့အစည်းတွေကလည်း အာဆီယံအစည်းအဝေးက ဒေသတွင်းတည်ငြိမ်မှုအတွက်အရေးပါ အခရာကျနေတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ဧပြီ ၂၄ ရက် အထူးအစည်းအဝေးအပေါ် အရေးတယူရှိခဲ့

ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အာဆီယံအထူးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ချက် ရရှိခဲ့ပါတယ်။ တလကျော်ကြာ

မြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း ထိပ်သီးအာဆီယံအစည်းအဝေးမျှော်လင့်ချက်ကတော့ ဝေဝါးနေဆဲပါပဲ။

လေ့လာသူတွေအပါအဝင် မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုတွေကို နဖူးတွေ့ ဒူးတွေရင်ဆိုင်နေရသူတွေအနေနဲ့ အာဆီယံအစည်းအဝေးအပြီး နောက်ဆက်တွဲမြင်တွေ့နေရတဲ့ပြဿနာတွေကြောင့် စိတ်မရှည်နိုင်ဖြစ်နေကြပါတယ်။

ဂျကာတာလာဖို့ မင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တာ အာဆီယံအတွက်တော့ ကြီးမားတဲ့စွန့်စားမှုပါပဲ။ မြန်မာပြည်သူတွေက စစ်ကောင်စီကို တရားဝင်အစိုးရ မသတ်မှတ်ထားတဲ့အတွက် အာဆီယံဖိတ်ကြားမှုက စစ်ကောင်စီကိုတရားဝင်အစိုးရဖြစ်သွားစေမယ့် ပြဿနာ ကလည်း ရှိခဲ့ပါတယ်။

အာဆီယံက မင်းအောင်လှိုင်ကို ဘယ်လိုပုံစံနဲ့ ဖိတ်ကြားခဲ့သည်ဖြစ်စေ အာဆီယံအထူးအစည်းအဝေးက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ချက်စလုံးကို မင်းအောင်လှိုင်မျက်ကွယ်ပြုသွားခဲ့တာကတော့ ထင်ရှားပါတယ်။

အာဆီယံမျှော်လင့်ချက်က ၂၄ နာရီလောက်သာ ကြာမြင့်ခဲ့ပါတယ်။

အာဆီယံအစည်းအဝေးကို ဘယ်လိုမျက်နှာဖုံးတွေနဲ့ပဲတက်ခဲ့ တက်ခဲ့ နေပြည်တော်ပြန်ရောက်တာနဲ့ မင်းအောင်လှိုင်တပ်ခဲ့တဲ့ မျက်နှာဖုံးကွာကျပြီး မူရင်းသရုပ်မှန် ပေါ်လာ

ပါတော့တယ်။

ပြန်ရောက်ပြီးသိပ်မကြာခင်ရက်ပိုင်းမှာပဲ အာဆီယံအကြံ

ပြုချက်တွေကို နိုင်ငံအခြေအနေတည်ငြိမ်သွားမှ စဉ်းစား

မယ်လို့ ကြေညာခဲ့ပါတယ်။ မင်းအောင်လှိုင် နဲ့ စကစ က မြန်မာပြည်သူတွေအပေါ်သာမက နိုင်ငံတကာကိုပါ လိမ်လည်ခဲ့ပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေအရ NUG ကလည်း စစ်တပ်နဲ့ညှိနှိုင်းမှုတွေ ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

အာဆီယံ အထူးအစည်းအဝေးကျင်းပပြီးနောက်ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံကိုစေလွှတ်မယ့် အထူးသံတမန်ရွေးချယ်ရေးကိစ္စအပေါ် အာဆီယံခေါင်းဆောင်တွေ အာရုံစိုက်ခဲ့ပေမယ့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ

ကတော့ စကားပြောဖို့ စိတ်ဝင်စားတဲ့လက္ခဏာတောင် မပြခဲ့ပါဘူး။

မေလ ရက်မှာတော့ ပြည်တွင်းအခြေအနေမငြိမ်သက်မချင်း ဘယ်လိုခရီးစဉ်မျိုးကိုမှ လက်ခံမှာမဟုတ်ဘူးလို့စကစ က ကြေညာခဲ့ပါတယ်။ ရှက်စရာပါပဲ။

မြေပြင်မှာ တကယ်ရုန်းကန်နေရတဲ့ မြန်မာပြည်သူပြည်သားတွေကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး မြန်မာစစ်တပ်ကို ပြန်လည်ခုခံနေကြပါတယ်။

Ref:eastasiaforum

Leave a Reply

Your email address will not be published. Required fields are marked *