ရှေ့လျှောက်တော့မီးမှန်မှန်လာပါစေလို့ မွေးနေ့မှာဆုတောင်းလိုက်တဲ့ သရုပ်ဆောင်ထွန်းလွင်အောင်
ဗွီဒီယိုခေတ်တခေတ်ထခဲ့တဲ့အချိန်က နယ်ပရိသတ်တွေ နဲ့ မြို့ပရိသတ်တွေပါ ပိုင်ဆိုင်ထားတဲ့ မင်းသား ထွန်းလွင်အောင် ကိုတော့ ပရိသတ်တိုင်း မှတ်မိကြအုန်းမယ်ထင်ပါတယ်။ တစ်ချိန်က ဆားပုလင်းနှင်းမောင် ဆိုတဲ့ စုံထောက်ဗွီဒီယိုဇာတ်ကားတွေဟာအရမ်းကိုနာမည်ကြီး လူကြိုက်များခဲ့ပါတယ်။
မင်းသား ထွန်းလွင်အောင် ဟာ နာမည်ကျော် စုံထောက်ကြီးဖြစ်တဲ့ ဆားပုလင်းနှင်းမောင် ကာရိုက်တာကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ ဒါအပြင် ဆားပုလင်းနှင်းမောင် ကာရိုက်တာနဲ့ အလိုက်ဖက်ဆုံး သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေက သတ်မှတ်ထားခြင်းခံရပါတယ်။
ဆားပုလင်းနှင်းမောင် ကာရိုက်တာ နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား ထွန်းလွင်အောင် ဟာ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပါဘူး။ ကိုဗစ်မတိုင်ခင်တစ်နှစ်လောက်ကတည်းက လာဌားမယ့်လူမရှိလို့ အနားယူထားတာ အခုဆိုရင် ၃ နှစ်နီးပါးရှိခဲ့ပါပြီ။ မတ်လ ၁၃ ရက်နေ့ကတော့
မင်းသား ထွန်းလွင်အောင် ရဲ့မွေးနေ့ပဲ ဖြစ်ပါတယ်။ သူဟာ မွေးနေ့ဆုတောင်းကို ထူးထူးခြားခြားလေး တောင်းခဲ့ပါတယ်။ ” မွေးနေ့ဆုတောင်းပေးတဲ့ ချစ်Friအားလုံးကျေးဇူးတင်ပါတယ် မီးမှန်ရျ် အေးချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်” လို့ ဆုတောင်းထားတာကို တွေ့ရပါတယ်။ မင်းသား
ထွန်းလွင်အောင် ဟာ အနုပညာအလုပ်ကိုတော့ မစွန့်လွှတ်ပါ၊ ကမ်းလှမ်းလာရင်လဲ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာရှိလာရင်တော့ ရိုက်ကူးပါမယ်။ ထွန်းလွင်အောင် ဟာ လက်ရှိအခြေအနေကြောင့် အနုပညာပြန်လုပ်ရင် ပရိသတ်က အထင်လွဲမှာလဲစိုးရိမ်နေပါသေးတယ်။ မွေးနေ့မှာ တောင်းထားတဲ့ ဆုလေးလဲ ပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.