ဝါရင့်ဟာသလူရွှင်တော်ကြီးဦးနေကျော်ကို သွားရောက်ဝါရဝပြုထောက်ပံ့ခဲ့​ပြန်သော မေတ္တာမြင့်မြတ်ဟိန်း
ပရိသတ်ကြီးရေ ဦးနေကျော်ကတော့ ဝါရင့်ဟာသလူရွှင်တော် သရုပ်ဆောင်ကြီးတစ်ယောက်ပဲဖေစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အချစ်တော် ဦးနေကျော်ကတော့ အသက်အရွယ်အရအနုပညာအလုပ်တွေကို မလုပ်တော့ ဘဲလက်ကျန်အချိန်တွေကို
ခက်ခဲစွာနဲ့ ဖြတ်သန်းနေခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော်ကြီးဦးမေတ္တာရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကတော့ဦးနေကျော်အတွက်ကို သူနဲ့ သူ့သူငယ်ချင်းတွေစုပေါင်းပြီး နိုင်သလောက် ထောက်ပံ့ကူညီပေးနေခဲ့ပါတယ်။
မနေ့ကလည်း ဦးနေကျော်ထံကို သွားရောက်ဂါရဝပြုခဲ့ပြီး အခုတစ်ခေါက်မှာတော့တတိယအကြိမ်မြောက် သွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ မေတ္တာမြင့်မြတ်ဟိန်းက “တတိယအကြိမ်မြောက် ဟာသလူရွှင်တော်ကြီးဖြစ်တဲ့ ဖေကြီးဦးနေကျော်အား
သွားရောက်ဂါရဝပြုကန်တော့ခဲ့ကြပါတယ်။ ဒီလအတွက်တော့ကျနော်ရယ် မိုးယံရယ် ဗူးသီးရယ် ကျနော်တို့မေတ္တာရွှေစင်အငြိမ့်အဖွဲ့ရယ်နောက်ကချင်ပြည်နယ်မှ မိတ်ဆွေ အစိုင်းရယ် အလှူရှင်တဦးရယ် စုပေါင်းပီး
ဖေကြီးဦးနေကျော်အား ဂါရဝပြု ကန်တော့ခဲ့ပါတယ်ပါဝင်ပေးကြတဲ့ သူငယ်ချင်းများ မိတ်ဆွေများလည်း ကျေးဇူးဂါရဝပါခင်ဗျ”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ် ပရိသတ်ကြီးရေ။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.