ဂီတလောကမှမိတ်ဆွေတွေနဲ့ အမှတ်တရများကိုမျှဝေလာခဲ့ရှာသော အဆိုတော်R ဇာနည်

အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းများစွာကို သီဆိုထားပြီး ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသူကတော့ ဝါရင့်အဆိုတော်ကြီး Rဇာနည် ပဲဖြစ်ပါတယ်။ သူကတော့ MRTV-4 ကထုတ်လွှင့်ပြသတဲ့ The Voice Myanmar မှာ သီချင်းဆိုပြိုင်ပွဲမှာ နီနီခင်ဇော်၊

ကျားပေါက်၊ရန်ရန်ချမ်းတို့နဲ့အတူ ဒိုင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီးတော့ချစ်စရာကောင်းတဲ့ ကလေး၃ ယောက်ရဲ့ဖခင်တစ်ဦးလဲဖြစ်ပါတယ်။ အဆိုတော် Rဇာနည် ဟာ ဒီမိုကရေစီတိုက်ပွဲမှာပြည်သူတွေနဲ့

တတ်တတ်ကြွကြွ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ ကနဲ့တရားစွဲဆိုခံထားရပြီး လက်ရှိမှာတော့ ဘေးကင်းရာကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်က အဆိုတော် R ဇာနည် ဟာ ဂီတလောကမှ မိတ်ဆွေတွေနဲ့ အမှတ်တရဓာတ်ပုံတွေကို

မျှဝေလိုက်ပါတယ်။ ဒါအပြင် သတင်းရေးတဲ့သူတွေကိုလဲ အခုလိုပဲ မေတ္တာရပ်ခံလိုက်ပါသေးတယ်။ R ဇာနည် ရေးသားထားတာက ” Memory လေးတင်ပါရစေဗျာ သတင်းဘာညာရေးမယ်ဆိုလဲ သို့လောသို့လောရေးဖို့ပဲမှာပါရစေ အရေးတော်ပုံအောင်ရမည် ” လို့

၂၀၂၁ က အမှတ်တရတွေကို သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေထားတာကို တွေ့ရပါတယ်။ ပြန်လည်မျှဝေထားတဲ့ ဓာတ်ပုံတွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်အပါအဝင် ဇေယျာသော်၊ကော်နီ၊ဇော်ပိုင်၊ဇော်ဝင်းထွဋ် တို့ နဲ့အတူရိုက်ကူးထားတဲ့

ဓာတ်ပုံလေးတွေဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အဆိုတော် R ဇာနည် ကတော့ ဂီတလောကရဲ့ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေတွေကို သတိရနေတာကိုတွေ့ရပါတယ်။ R ဇာနည် တစ်ယောက် ရောက်ရှိတဲ့နေရာမှာ ဘေးကင်းကျန်းမာပြီးတော့ ချစ်တဲ့အနုပညာကို အမြန်ဆုံးပြန်လည်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi ဖြင့်ဖတ်ရန်

အသံပါဝါေကာင္းေကာင္းနဲ႕ သီခ်င္းေကာင္းမ်ားစြာကို သီဆိုထားၿပီး ပရိသတ္ေပါင္းမ်ားစြာကို ပိုင္ဆိုင္ထားသူကေတာ့ ဝါရင့္အဆိုေတာ္ႀကီး Rဇာနည္ ပဲျဖစ္ပါတယ္။ သူကေတာ့ MRTV-4 ကထုတ္လႊင့္ျပသတဲ့ The Voice Myanmar မွာ သီခ်င္းဆိုၿပိဳင္ပြဲမွာ နီနီခင္ေဇာ္၊

က်ားေပါက္၊ရန္ရန္ခ်မ္းတို႔နဲ႕အတူ ဒိုင္အျဖစ္ပါဝင္ခဲ့ပါေသးတယ္။ သာယာေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားၿပီးေတာ့ခ်စ္စရာေကာင္းတဲ့ ကေလး၃ ေယာက္ရဲ႕ဖခင္တစ္ဦးလဲျဖစ္ပါတယ္။ အဆိုေတာ္ Rဇာနည္ ဟာ ဒီမိုကေရစီတိုက္ပြဲမွာျပည္သူေတြနဲ႕

တတ္တတ္ႂကြႂကြ ပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ ကနဲ႕တရားစြဲဆိုခံထားရၿပီး လက္ရွိမွာေတာ့ ေဘးကင္းရာကို မိသားစုနဲ႕အတူ တိမ္းေရွာင္ေနရပါတယ္။ မၾကာေသးခင္နာရီပိုင္းေလာက္က အဆိုေတာ္ R ဇာနည္ ဟာ ဂီတေလာကမွ မိတ္ေဆြေတြနဲ႕ အမွတ္တရဓာတ္ပုံေတြကို

မွ်ေဝလိုက္ပါတယ္။ ဒါအျပင္ သတင္းေရးတဲ့သူေတြကိုလဲ အခုလိုပဲ ေမတၱာရပ္ခံလိုက္ပါေသးတယ္။ R ဇာနည္ ေရးသားထားတာက ” Memory ေလးတင္ပါရေစဗ်ာ သတင္းဘာညာေရးမယ္ဆိုလဲ သို႔ေလာသို႔ေလာေရးဖို႔ပဲမွာပါရေစ အေရးေတာ္ပုံေအာင္ရမည္ ” လို႔

၂၀၂၁ က အမွတ္တရေတြကို သူ႕ရဲ႕လူမူ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ျပန္လည္မွ်ေဝထားတာကို ေတြ႕ရပါတယ္။ ျပန္လည္မွ်ေဝထားတဲ့ ဓာတ္ပုံေတြထဲမွာ စိုင္းစိုင္းခမ္းလွိုင္အပါအဝင္ ေဇယ်ာေသာ္၊ေကာ္နီ၊ေဇာ္ပိုင္၊ေဇာ္ဝင္းထြဋ္ တို႔ နဲ႕အတူရိုက္ကူးထားတဲ့

ဓာတ္ပုံေလးေတြျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ အဆိုေတာ္ R ဇာနည္ ကေတာ့ ဂီတေလာကရဲ႕ လုပ္ေဖာ္ကိုင္ဘက္ မိတ္ေဆြေတြကို သတိရေနတာကိုေတြ႕ရပါတယ္။ R ဇာနည္ တစ္ေယာက္ ေရာက္ရွိတဲ့ေနရာမွာ ေဘးကင္းက်န္းမာၿပီးေတာ့ ခ်စ္တဲ့အႏုပညာကို အျမန္ဆုံးျပန္လည္လုပ္ကိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published.