နေအိမ်မှာဖမ်းဆီးခံရပြီးပုဒ်မ ၅၀၅ဖြင့် အမှုဖွင့်အရေးယူထားရရှာတဲ့ဒါရိုက်တာ မိုက်တီး
ဒါရိုက်တာမိုက်တီးကတော့ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် ဗီဒီယိုဇာတ်ကားကောင်းတွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်က
မူးယစ်(ပ) ၂၉/၂၀၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင် ရာဥပဒေပုဒ်မ ၁၆ (ဂ) တို့နဲ့ အမှုဖွင့်အရေးယူခံခဲ့ရပြီး အူမကြီးကင်ဆာရောဂါဝေဒနာကိုခံစားနေရတာကြောင့်
အာမခံနဲ့ လွတ်မြောက်နေတဲ့ ဒါရိုက်တာမိုက်တီးဟာ မတ်လ (၁၂) ရက်နေ့မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါရိုက်တာမိုက်တီးဟာ သူနေထိုင်ရာ ရန်ကင်းမြို့နယ်၊ ၁၆ရပ်ကွက်၊ ဘောက်ထော် နေအိမ်တွင်
မတ်လ ၁၂ ရက် ညပိုင်းက တာမွေမြို့နယ်ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနှင့် ယခုအခါ တာမွေမြို့နယ်ရဲစခန်းမှ ပုဒ်မ ၅၀၅(က)နှင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။
ဒါရိုက်တာမိုက်တီးဟာ ကျန်းမာရေးမကောင်းပြီး အူမကြီးကင်ဆာရောဂါကိုခံစားနေရတာကြောင့် သူ့ကိုချစ်တဲ့ မိတ်ဆွေတွေနဲ့ ပရိသတ်တွေက စိုးရိမ်နေကြတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.