အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဆီယံနိုင်ငံတစ်ချို့နဲ့ပူးပေါင်းပြီး မြန်မာအရေးဆောင်ရွက်မည်

မေ ၂၄

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး R.Sherman ဟာ သူမရဲ့အရှေ့တောင်အာရှခရီစဉ်ကို မနက်ဖြန်မှာ စတင်မှာဖြစ်ပြီး အာဆီယံနိုင်ငံ တစ်ချို့နဲ့ပူးပေါင်းကာ မြန်မာအရေးကို ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန် ဝန်ကြီးရဲ့ဒီခရီးစဉ်မှာ မြန်မာနိုင်ငံမှာ အကြမ်းက်မှုတွေရပ်တန့်ဖို့နဲ့မတရားဖမ်းဆီးခံရသူ အားလုံးကို လွှတ်ပေးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်ရောက်စေဖို့ စစ်တပ်ကို တိုက်တွန်းရန် ကြိုပမ်းမှုကိစ္စရပ်တွေလည်ပါဝင်တယ်လို့သိရပါတယ်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး R.Shermanရဲ့အရှေ့တောင်အာရှခရီးစဉ်က မေလ ၂၅ရက်နေ့ကနေ ဇွန် ၄ရက်နေ့အထိ အချိန်ကြာမြင့်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *