နိုင်ငံကျော် ဟာသသရုပ်ဆောင်ကြီးတစ်ယောက်လည်းဖြစ်သလို လူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ အရိုင်းကတော့ဒီနေ့ဒီအချိန်ထိအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ အရိုင်းဟာသူ့ရဲ့အနုပညာအမွေတွေကို တစ်ဦးတည်းသော
သမီးလေးပျိုပျိုမေကိုလက်ဆင့် ကမ်းထားနိုင်သူဖြစ်ပြီး ပျိုပျိုမေကလည်း ဖခင်ဖြစ်သူလိုပဲ အနုပညာကို ဝါသနာပါသူဖြစ်ပါတယ်။ ဒီကနေ့မတ်လ (၁၃) ရက်နေ့ကတော့ အရိုင်းရဲ့မွေးနေ့ဖြစ်ပြီး ပျိုပျိုမေကလည်း သူမရဲ့ဖခင်အတွက်မွေးနေ့
ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။ပျိုပျိုမေက “Happy Birthday Parr I love you from the deepest part of my heart “Be healthy” that’s all I wish for” ဆိုပြီး ဖေဖေအရိုင်း မွေးနေ့မှ ကျန်းကျန်းမာမာရှိစေဖို့ကိုသာ ဆုတောင်းပေးချင်ကြောင်း
သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့်ပြောလာခဲ့တာပဲဖြစ်ပါတယ်။ အရိုင်းကတော့ ဒီကနေ့မှာမွေးနေ့ကျရောက်ပေမယ့် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သလို နှစ်ပေါင်းများစွာ
အလုပ်အတူတူတွဲဖက်လုပ်ကိုင်ဖူးတဲ့ ဖိုးဖြူရဲ့ နောက်ဆုံးခရီးစဉ်ကို လိုက်လံပို့ေ ဆာင်ပေးနေတာပဲဖြစ်ပါတယ်။ ဦးအရိုင်းအတွက်မွေးနေ့ဆုမွန်လေးတွေတောင်းသွားပေးခဲ့ကြပါဦးနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်