ပရိသတ်ကြီးရေ ဦးဇာဂနာလို့ဆိုလိုက်တာနဲ့ ဟာသလူရွှင်တော်အဖြစ်သာမက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် တစ်ထောင့်တစ်နေရာက ပါဝင်လှုပ်ရှားခဲ့တဲ့ လူတစ်ဦးအဖြစ် ပူးတွဲသိမြင်ကြမှာပါနော်။ ဘာကြောင့်လဲဆိုတော့ ဦးဇာဂနာဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့
အတွေးအမြင်တွေကို အပြုသဘောအနေဖြင့် ဘွင်းဘွင်းရှင်းရှင်းထောက်ပြပြောဆိုခဲ့တာကြောင့်အာဏာပိုင်တွေရဲ့ပုဒ်မတပ်ခြင်းကိုခံခဲ့ရပါတယ် ဒါကြောင့်လဲ နိုင်ငံရေးအကျဥ်းသားအဖြစ် ဖမ်းဆီးထိမ်းသိမ်းခံထားရတာဟာ ဆယ်စုနှစ်တစ်ခုနီးပါး
ကြာမြင့်ခဲ့ပါတယ်။ ပြန်လွတ်လာတဲ့အချိန်မှာ ပြည်သူတွေကို အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဘဝပုံရိပ်တွေကိုချပြနိုင်ဖို့ရာအတွက် ရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပါတယ် သို့ပေမယ့်လည်း အခုထိ ပရိသတ်တွေဆီကို မရောက်ရှိသေးတဲ့အကြောင်းကို
အခုလိုပဲ ပြောပြလာပါတယ်။ ” ၂၀၂၀ ဖေဖော်ဝါရီ လ မှာ ရှစ်စက္ကန့်ငြိမ် ရုပ်ရှင်ကား ရိုက်ကူးပြီးခဲ့တယ်။ ၂၀၂၀ မတ်လ ကစလို့ ရုပ်ရှင်ရုံတွေအကုန်ပိတ်လိုက်တယ်။ ကိုးဗစ်ကြောင့်ပေါ့။ ခုချိန်ထိ ပြန်မဖွင့်ကြသေးဖူး။ တကယ်တော့ ၁၉၉၀ ခုနှစ်ကအင်းစိန်ထောင်ထဲက
ဖြစ်ရပ်မှန်၊ စာဥ အရေးတော်ပုံအကြောင်းကို ရိုက်ခဲ့တဲ့ရုပ်ရှင်ပါ။ မြန်မာ့ ပထမဆုံး ထောင်ကား လို့ပြောလို့ရသလို၊၁၉၈၈နောက်ပိုင်း အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေရဲ့ ရုန်းကန်မှုသမိုင်းကို ပုံရိပ်ထင်ထားတဲ့ ပဌမဆုံး ရုပ်ရှင်ပါ။ ခုတော့ ဘယ် ဆီ မှာ ” ဆိုပြီးပြောပြခဲ့တဲ့ အကြောင်းလေးကို ပေါ်ပင်စုံမှ တင်ဆက်ပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
ပရိသတ္ႀကီးေရ ဦးဇာဂနာလို႔ဆိုလိုက္တာနဲ႕ ဟာသလူ႐ႊင္ေတာ္အျဖစ္သာမက ျမန္မာနိုင္ငံရဲ႕ ဒီမိုကေရစီအတြက္ တစ္ေထာင့္တစ္ေနရာက ပါဝင္လႈပ္ရွားခဲ့တဲ့ လူတစ္ဦးအျဖစ္ ပူးတြဲသိျမင္ၾကမွာပါေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ ဦးဇာဂနာဟာ နိုင္ငံေရးနဲ႕ပတ္သက္တဲ့
အေတြးအျမင္ေတြကို အျပဳသေဘာအေနျဖင့္ ဘြင္းဘြင္းရွင္းရွင္းေထာက္ျပေျပာဆိုခဲ့တာေၾကာင့္အာဏာပိုင္ေတြရဲ႕ပုဒ္မတပ္ျခင္းကိုခံခဲ့ရပါတယ္ ဒါေၾကာင့္လဲ နိုင္ငံေရးအက်ဥ္းသားအျဖစ္ ဖမ္းဆီးထိမ္းသိမ္းခံထားရတာဟာ ဆယ္စုႏွစ္တစ္ခုနီးပါး
ၾကာျမင့္ခဲ့ပါတယ္။ ျပန္လြတ္လာတဲ့အခ်ိန္မွာ ျပည္သူေတြကို အင္းစိန္ေထာင္ထဲက နိုင္ငံေရးအက်ဥ္းသားေတြရဲ႕ ဘဝပုံရိပ္ေတြကိုခ်ျပနိုင္ဖို႔ရာအတြက္ ႐ုပ္ရွင္အျဖစ္ ဖန္တီးခဲ့ပါတယ္ သို႔ေပမယ့္လည္း အခုထိ ပရိသတ္ေတြဆီကို မေရာက္ရွိေသးတဲ့အေၾကာင္းကို
အခုလိုပဲ ေျပာျပလာပါတယ္။ ” ၂၀၂၀ ေဖေဖာ္ဝါရီ လ မွာ ရွစ္စကၠန့္ၿငိမ္ ႐ုပ္ရွင္ကား ရိုက္ကူးၿပီးခဲ့တယ္။ ၂၀၂၀ မတ္လ ကစလို႔ ႐ုပ္ရွင္႐ုံေတြအကုန္ပိတ္လိုက္တယ္။ ကိုးဗစ္ေၾကာင့္ေပါ့။ ခုခ်ိန္ထိ ျပန္မဖြင့္ၾကေသးဖူး။ တကယ္ေတာ့ ၁၉၉၀ ခုႏွစ္ကအင္းစိန္ေထာင္ထဲက
ျဖစ္ရပ္မွန္၊ စာဥ အေရးေတာ္ပုံအေၾကာင္းကို ရိုက္ခဲ့တဲ့႐ုပ္ရွင္ပါ။ ျမန္မာ့ ပထမဆုံး ေထာင္ကား လို႔ေျပာလို႔ရသလို၊၁၉၈၈ေနာက္ပိုင္း အင္းစိန္ေထာင္ထဲက နိုင္ငံေရးအက်ဥ္းသားေတြရဲ႕ ႐ုန္းကန္မႈသမိုင္းကို ပုံရိပ္ထင္ထားတဲ့ ပဌမဆုံး ႐ုပ္ရွင္ပါ။ ခုေတာ့ ဘယ္ ဆီ မွာ ” ဆိုၿပီးေျပာျပခဲ့တဲ့ အေၾကာင္းေလးကို ေပၚပင္စုံမွ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။ ခရက္ဒစ္