ကျွန်မနေရာကိုယူဖို့ခေါင်းဆောင်တစ်ယောက်မလိုချင်ဘူး ခေါင်းဆောင်တွေ မြောက်များစွာလိုချင်တယ်

“ကျွန်မနေရာကို ယူဖို့ကျွန်မခေါင်းဆောင်တစ်ယောက်မလိုချင်ဘူး၊ ခေါင်းဆောင်တွေ မြောက်မြားစွာလိုချင်တယ်” ကျွန်မနောက်မှာကျွန်မနေရာကျွန်မအရိုက်အရာကိုခံမဲ့ ခေါင်းဆောင်တစ်ယောက် သတ်မှတ်ပေးပါ၊ ရှာပေးပါလို့ ထောင်ပြတဲ့ ပိုစတာတွေမြင်တယ်။ ကျွန်မပြောချင်တယ်။ ကျွန်မနေရာကိုယူဖို့

ကျွန်မ ခေါင်းဆောင်တစ်ယောက်မလိုချင်ဘူး။ ခေါင်းဆောင်တွေ မြောက်မြားစွာလိုချင်တယ်။ ကျွန်မတို့ ခေါင်းဆောင်တစ်ယောက်ယောက်ကိုပဲ မမျှော်နဲ့။ လူတိုင်းလူတိုင်းဟာ ခေါင်းဆောင်ဖြစ်နိုင်တဲ့ အရည်အချင်းတွေကို မွေးမြူကြပါ။ လူတိုင်းလူတိုင်းဟာ ငါတို့လည်း တစ်နေ့တစ်ခါမှာ ကောင်းတဲ့

ခေါင်း ဆောင်တွေဖြစ်နိုင်တယ်ဆို့တဲ့ စိတ်ဓာတ်တွေမွေးကြပါ။ ဒါမှ ကျွန်မတို့ ဒီမိုကရေစီရမှာ။ လူတစ်ဦးတစ်ယောက်ကို သိပ်ပြီးအားကိုးတာဟာ ဒီမိုကရေစီအတွတ် မကောင်းဘူး။ ပြည်သူတွေက ကျွန်မကိုအားကိုးတာ ကျွန်မ ဒီအားကိုးတဲ့ဟာကို မခံနိုင်လို့မဟုတ်ဘူး။ ကျွန်မ တာဝန်ခံရဲတယ်။ တာဝန်ယူရဲတယ်။

ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဘယ် တော့မှ လူတစ်ယောက်တည်းကို ပုံအောပြီး အားမကိုးပါနဲ့။ ဒါဟာ ဒီမိုကရေစီအတွက် မကောင်းပါဘူး။ ကျွန်မကိုလည်း ပုံအောပြီး အားမကိုးပါနဲ့။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပဲ။ အတတ်နိုင်ဆုံးကြိုးစားတာထက် ကျွန်မ ပိုပြီးမလုပ်နိုင်ဘူး။ ဒါပေမဲ့ဒီမိုကရေစီပေါ်မှာစေတနာရှိလို့

ပြည်သူအပေါ်မှာစေတနာရှိလို့ ကျွန်မ သတိပေးပါရစေ။ ဘယ်တော့မှ ပုဂ္ဂိုလ်တစ်ဦးတည်းပေါ်မှာ ပုံပြီးတော့ အားမကိုးပါနဲ့။ ယုံကြည်တာ ယုံကြည်တာပဲ။ ဒါပေမဲ့ အားမကိုးပါနဲ့။ ကိုယ့်ကိုယ်ကို အားကိုးပါ။ ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အားကိုးတဲ့ ပြည်သူတွေ ဖြစ်ပါစေ။ ဒေါ်အောင်ဆန်းစုကြည်၊ နတ်မောက်မြို့ ၈ ရက် ဒီဇင်ဘာလ ၂၀၁၂၊ အမျိုးသားနေ့အောင်ပွဲမိန့်ခွန်းမှ၊

ZawGyi ဖြင့်ဖတ်ရန်

“ကြၽန္မေနရာကို ယူဖို႔ကြၽန္မေခါင္းေဆာင္တစ္ေယာက္မလိုခ်င္ဘူး၊ ေခါင္းေဆာင္ေတြ ေျမာက္ျမားစြာလိုခ်င္တယ္” ကြၽန္မေနာက္မွာကြၽန္မေနရာကြၽန္မအရိုက္အရာကိုခံမဲ့ ေခါင္းေဆာင္တစ္ေယာက္ သတ္မွတ္ေပးပါ၊ ရွာေပးပါလို႔ ေထာင္ျပတဲ့ ပိုစတာေတြျမင္တယ္။ ကြၽန္မေျပာခ်င္တယ္။ ကြၽန္မေနရာကိုယူဖို႔

ကြၽန္မ ေခါင္းေဆာင္တစ္ေယာက္မလိုခ်င္ဘူး။ ေခါင္းေဆာင္ေတြ ေျမာက္ျမားစြာလိုခ်င္တယ္။ ကြၽန္မတို႔ ေခါင္းေဆာင္တစ္ေယာက္ေယာက္ကိုပဲ မေမွ်ာ္နဲ႕။ လူတိုင္းလူတိုင္းဟာ ေခါင္းေဆာင္ျဖစ္နိုင္တဲ့ အရည္အခ်င္းေတြကို ေမြးျမဴၾကပါ။ လူတိုင္းလူတိုင္းဟာ ငါတို႔လည္း တစ္ေန႕တစ္ခါမွာ ေကာင္းတဲ့

ေခါင္း ေဆာင္ေတြျဖစ္နိုင္တယ္ဆို႔တဲ့ စိတ္ဓာတ္ေတြေမြးၾကပါ။ ဒါမွ ကြၽန္မတို႔ ဒီမိုကေရစီရမွာ။ လူတစ္ဦးတစ္ေယာက္ကို သိပ္ၿပီးအားကိုးတာဟာ ဒီမိုကေရစီအတြတ္ မေကာင္းဘူး။ ျပည္သူေတြက ကြၽန္မကိုအားကိုးတာ ကြၽန္မ ဒီအားကိုးတဲ့ဟာကို မခံနိုင္လို႔မဟုတ္ဘူး။ ကြၽန္မ တာဝန္ခံရဲတယ္။ တာဝန္ယူရဲတယ္။

ဒါေပမဲ့ ျပည္သူေတြအေနနဲ႕ ဘယ္ ေတာ့မွ လူတစ္ေယာက္တည္းကို ပုံေအာၿပီး အားမကိုးပါနဲ႕။ ဒါဟာ ဒီမိုကေရစီအတြက္ မေကာင္းပါဘူး။ ကြၽန္မကိုလည္း ပုံေအာၿပီး အားမကိုးပါနဲ႕။ ကြၽန္မအတတ္နိုင္ဆုံး ႀကိဳးစားမွာပဲ။ အတတ္နိုင္ဆုံးႀကိဳးစားတာထက္ ကြၽန္မ ပိုၿပီးမလုပ္နိုင္ဘူး။ ဒါေပမဲ့ဒီမိုကေရစီေပၚမွာေစတနာရွိလို႔

ျပည္သူအေပၚမွာေစတနာရွိလို႔ ကြၽန္မ သတိေပးပါရေစ။ ဘယ္ေတာ့မွ ပုဂၢိဳလ္တစ္ဦးတည္းေပၚမွာ ပုံၿပီးေတာ့ အားမကိုးပါနဲ႕။ ယုံၾကည္တာ ယုံၾကည္တာပဲ။ ဒါေပမဲ့ အားမကိုးပါနဲ႕။ ကိုယ့္ကိုယ္ကို အားကိုးပါ။ ကြၽန္မတို႔ ျပည္သူေတြဟာ ကိုယ့္ကိုယ္ကို အားကိုးတဲ့ ျပည္သူေတြ ျဖစ္ပါေစ။ ေဒၚေအာင္ဆန္းစုၾကည္၊ နတ္ေမာက္ၿမိဳ႕ ၈ ရက္ ဒီဇင္ဘာလ ၂၀၁၂၊ အမ်ိဳးသားေန႕ေအာင္ပြဲမိန႔္ခြန္းမွ၊

Leave a Reply

Your email address will not be published.