မြန်မာ့လက်ရွေးစင်ခံစစ်အုတ်တံတိုင်းကြီးမင်းဇော်ဦး မြစ်ကြီးနား မြို့၌ ကွယ်လွန်ခဲ့လေပြီ

မြို့တော်စည်ပင်ဘောလုံးအသင်းနဲ့ ဆောက်လုပ်ရေးအသင်းများတွင် နောက်ခံလူအဖြစ် ကစားခဲ့သူ။ မြန်မာ့လက်ရွေးစင်အသင်းမှာ RB, CB ဘယ်နေရာ ထားထား တာဝန်ကျေအောင်ကြိုးစားတတ်သူအဖြစ် သိမှတ်ခဲ့ရသူပါ။ ပရို​ခေတ် နည်းပြဘဝမှာလည်းတာဝန်ကျေခဲ့တာပါပဲ။ သူနဲ့ပတ်သက်ပြီး မှတ်မှတ်ထင်ထင်ပွဲတွေ ရှိခဲ့ပါတယ် ။ အပြင်မှာ လူချင်းဆုံဖြစ်တာက

၉၇ ဆီးဂိမ်းမတိုင်ခင် ပဏာမ လက်ရွေးစင် အရွေးခံထားရတဲ့ အချိန်။ ကျွန်တော်တို့ လေးစားရတဲ့ ကွင်းလယ်ကစားသမားကြီး ကိုကြည်လွင် Kyi Lwin နဲ့အတူ အသင်းတိုက်လမ်းဆုံကွှေမြန်မာစားသောက်ဆိုင် မှာ ညနေဆိုရင် ထိုင်နေကြ။ သက်ခိုင်၊ ဂျွန်စတုံး၊ မင်းဇော်ဦး နဲ့ ဘိုကြည်တို့ ဝိုင်းမှာ ကျွန်တော်တို့ စကားလက်ဆုံ ကျနေကြ။ တသသပြန်ပြော ပြန်နားထောင်လို့

ကောင်းတဲ့ ၉၅ ချင်းမိုင်ဆီးဂိမ်းအကြောင်း၊ ဘိုကြည် ပင်နယ်တီနဲ့ လာအိုကို အနိုင်ရခဲ့တဲ့ ပွဲအကြောင်း၊ ပဏာမ ခြေစမ်းပွဲတွေအကြောင်း၊ စည်းကမ်းကြီးတယ်ဆိုတဲ့ နည်းပြ ဦးမျိုးဝင်းညွန့်အကြောင်း၊ စည်ပင် ကပ်စတန် အာမီ ရထား ကုန်သွယ်ရေး ရေနံ စတဲ့ အဆင့်မြင့်တန်းပွဲတွေအကြောင်း..သူ့အမြင် ကိုယ့်မြင် ပြောကြဆိုကြတဲ့ ညနေတွေကိုတောင် ပြန်သတိရမိတယ်။

ကျွန်တော်တို့တွေ ငြင်းခုန်နေတိုင်း ဘာမှဝင်မပြောဘဲ လက်ဘက်ရည် တိုင်ကီတစ်ခွက်နဲ့ ပြုံးပြီးနားထောင်နေတတ်သူက Minzawoo ပဲဖြစ်ပါတယ်။ ပဏာမအဆင့်ကနေ စည်းကမ်းပိုင်းကြောင့် ပြုတ်ကျန်မနေခဲ့အောင် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သူအဖြစ် မှတ်တမ်းရေးနိုင်ခဲ့သူပါ။ အသင်းဖော်တွေနဲ့ ဆက်ဆံရေးကောင်းပြီး မိနစ်၉၀ပြည့် ကစားအားမချတမ်း

ကစားနိုင်အောင် လေ့ကျင့်ရေးပြည့်ဝသူလို့လည်း မှတ်မှတ်ထင်ထင် ဖြစ်စေတဲ့ မြန်မာနောက်ခံအုတ်တံတိုင်ကြီးဟာ ဇာတိမြေ မြစ်ကြီးနား မြို့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ဗျာ။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

ၿမိဳ႕ေတာ္စည္ပင္ေဘာလုံးအသင္းနဲ႕ ေဆာက္လုပ္ေရးအသင္းမ်ားတြင္ ေနာက္ခံလူအျဖစ္ ကစားခဲ့သူ။ ျမန္မာ့လက္ေ႐ြးစင္အသင္းမွာ RB, CB ဘယ္ေနရာ ထားထား တာဝန္ေက်ေအာင္ႀကိဳးစားတတ္သူအျဖစ္ သိမွတ္ခဲ့ရသူပါ။ ပရို​ေခတ္ နည္းျပဘဝမွာလည္းတာဝန္ေက်ခဲ့တာပါပဲ။ သူနဲ႕ပတ္သက္ၿပီး မွတ္မွတ္ထင္ထင္ပြဲေတြ ရွိခဲ့ပါတယ္ ။ အျပင္မွာ လူခ်င္းဆုံျဖစ္တာက

၉၇ ဆီးဂိမ္းမတိုင္ခင္ ပဏာမ လက္ေ႐ြးစင္ အေ႐ြးခံထားရတဲ့ အခ်ိန္။ ကြၽန္ေတာ္တို႔ ေလးစားရတဲ့ ကြင္းလယ္ကစားသမားႀကီး ကိုၾကည္လြင္ Kyi Lwin နဲ႕အတူ အသင္းတိုက္လမ္းဆုံေကႊျမန္မာစားေသာက္ဆိုင္ မွာ ညေနဆိုရင္ ထိုင္ေနၾက။ သက္ခိုင္၊ ဂြၽန္စတုံး၊ မင္းေဇာ္ဦး နဲ႕ ဘိုၾကည္တို႔ ဝိုင္းမွာ ကြၽန္ေတာ္တို႔ စကားလက္ဆုံ က်ေနၾက။ တသသျပန္ေျပာ ျပန္နားေထာင္လို႔

ေကာင္းတဲ့ ၉၅ ခ်င္းမိုင္ဆီးဂိမ္းအေၾကာင္း၊ ဘိုၾကည္ ပင္နယ္တီနဲ႕ လာအိုကို အနိုင္ရခဲ့တဲ့ ပြဲအေၾကာင္း၊ ပဏာမ ေျခစမ္းပြဲေတြအေၾကာင္း၊ စည္းကမ္းႀကီးတယ္ဆိုတဲ့ နည္းျပ ဦးမ်ိဳးဝင္းၫြန့္အေၾကာင္း၊ စည္ပင္ ကပ္စတန္ အာမီ ရထား ကုန္သြယ္ေရး ေရနံ စတဲ့ အဆင့္ျမင့္တန္းပြဲေတြအေၾကာင္း..သူ႕အျမင္ ကိုယ့္ျမင္ ေျပာၾကဆိုၾကတဲ့ ညေနေတြကိုေတာင္ ျပန္သတိရမိတယ္။

ကြၽန္ေတာ္တို႔ေတြ ျငင္းခုန္ေနတိုင္း ဘာမွဝင္မေျပာဘဲ လက္ဘက္ရည္ တိုင္ကီတစ္ခြက္နဲ႕ ၿပဳံးၿပီးနားေထာင္ေနတတ္သူက Minzawoo ပဲျဖစ္ပါတယ္။ ပဏာမအဆင့္ကေန စည္းကမ္းပိုင္းေၾကာင့္ ျပဳတ္က်န္မေနခဲ့ေအာင္ မိမိကိုယ္ကို ထိန္းသိမ္းနိုင္သူအျဖစ္ မွတ္တမ္းေရးနိုင္ခဲ့သူပါ။ အသင္းေဖာ္ေတြနဲ႕ ဆက္ဆံေရးေကာင္းၿပီး မိနစ္၉၀ျပည့္ ကစားအားမခ်တမ္း

ကစားနိုင္ေအာင္ ေလ့က်င့္ေရးျပည့္ဝသူလို႔လည္း မွတ္မွတ္ထင္ထင္ ျဖစ္ေစတဲ့ ျမန္မာေနာက္ခံအုတ္တံတိုင္ႀကီးဟာ ဇာတိေျမ ျမစ္ႀကီးနား ၿမိဳ႕မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။ မိသားစုနဲ႕ထပ္တူစိတ္မေကာင္းျဖစ္ရပါတယ္ဗ်ာ။ ခရက္ဒစ္

Leave a Reply

Your email address will not be published.