ယနေ့ရုံးချိန်တွင်ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကိုသတင်းစကားပါး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုအတွက်တည်ထောင်ထားသည့်ပါတီဖြစ်သည့်အတွက် ပြည်သူတွေရှိသရွေ့ ပါတီတည်ရှိနေမည်ဖြစ်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုကိုသတင်းစကားပါးလိုက်သည်။

အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်လို့ပြောတယ်။ ပါတီထောင်တာကလည်း ပြည်သူတွေအတွက်ထောင်ထားဖြစ်တာကြောင့် ပြည်သူတွေရှိသရွေ့ပါတီရှိနေပါမယ်လို့ပြောတယ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးကယနေ့ပြုလုပ်သည့် ရုံးချိန်းအပြီးတွင်ပြောသည်။

မေ ၂၄ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ကောင်စီရုံးအတွင်းရှိအဆောက်အဦတစ်ခုတွင်ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်စစ်ဆေးခဲ့သည်။ ကြားနာမှုမတိုင်မီ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်း၏ရှေ့နေများနှင့် ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။သတင်းနှင့်ဓာတ်ပုံဖရွန်းတီးယားမြန်မာ

Leave a Reply

Your email address will not be published. Required fields are marked *