ကြေးစည်တချက်တီးတိုင်းသာ မီးတစ်နာရီလာမယ်ဆိုရင် အကြိမ်ပေါင်းများစွာတီးပစ်မယ်ဆိုသော ဦးကံပွင့်
ဆယ်စုနှစ်တစ်ခုကြာအောင် ပရိသတ်တွေကို ဇာတ်ခုံပေါ်ကနေ ပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့တဲ့ လူရွှင်တော်ကြီး ကံပွင့် ကိုတော့ ချစ်တဲ့ပရိသတ်တွေအားလုံးပဲ သိကြအုန်းမယ်ထင်ပါတယ်နော်။ ဦးကံပွင့် ဟာ လူရွှင်တော်လောကမှာ အောင်မြင်ရုံတင်မက သရုပ်ဆောင်တဲ့နေရာမှာလဲ
တော်တဲ့ဟာသရုပ်ဆောင် တစ်ဦးလဲ ဖြစ်ပါတယ်။ လက်ရှိ MRTV-4 မှာ ထုတ်လွှင့်နေတဲ့ “မကြေးစည်” ဇာတ်လမ်းတွဲမှာ အရူးပေါက်ကြီး နေရာကနေ ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေ ပိုမိုချစ်ခင်ကြရပြန်ပါတယ်။ မကြေးစည် ဇာတ်ကားထဲမှာ ဦးကံပွင့် ဟာ ကြေးစည်လေးကို
လည်ပင်းမှာအမြဲဆွဲထားတဲ့ အရူးပေါက်ကြီး ဆိုတဲ့ကာရိုက်တာတစ်ခုဖြစ်တဲ့ စိတ်မနှံ့တဲ့နေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့သရုပ်ဆောင်ချက်တွေက ပီပြင်လွန်း၍ ဦးကံပွင့်ကို ပရိသတ်တွေက ချစ်စနိုးနဲ့ အရူးပေါက်ကြီး လို့ပဲ ခေါ်နေကြတာကြောင့် နာမည်အရင်းပျောက်လုနီးနီးတောင် ဖြစ်တဲ့အထိ
အောင်မြင်ခဲ့တာပါ။ ဦးကံပွင့် ဟာ မီးတွေခဏခဏပျက်နေတဲ့အပေါ် သူ့ရဲ့ရင်တွင်းခံစားချက်ကို အခုလိုပဲ ပြောပြလာခဲ့တာပါ။ ” မီးပျက် ပူအိုက် ခြင်ကကိုက်မို့ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ကြေးစည်တချက်တီးတိုင်း မီးတစ်နာရီလာမယ်ဆိုရင် တနေ့ကိုနှစ်ဆယ့်လေးချက်တီး တနိုင်ငံလုံးလင်းစေသတည်း၊
အဲလိုဆိုသိတ်ကောင်းမှာပဲနော်…” လို့ စေတနာအပြည့်နဲ့ ရေးသားထားပါ။ ကဲ…စာဖတ်ပရိသတ်ကြီးရေ ဦးကံပွင့် ပြောသလို ကြေးစည်တစ်ချက်ထုတိုင်း မီးတစ်နာရီလင်းမယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲနော်။ မြန်မာပြည်ကြီးလဲ မီးအမြန်ဆုံးမှန်ပါစေလို့ ဆုတောင်းပေးရင်း စာရေးသူလဲ မှောင်မှောင်မဲမဲ နဲ့လက်ကျန်အားလေးသုံး၍ တင်ဆက်ပေးလိုက်ပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.