သရုပ်ဆောင်နေတိုးကိုယ်တိုင် ရေးစပ်သီကုံးထားတဲ့ နာမည်ကြီးကဗျာတစ်ပုဒ်အကြောင်း
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်နေတိုးကိုယ်တိုင်ရေးစပ်သီကုံးထားတဲ့ နာမည်ကြီးကဗျာတစ်ပုဒ်ကိုအခုလိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။
သေဆုံးခြင်းအနုပညာ၊ခရီးအစရောက်ရှိရိုက်ကူးပုံဖော်၊မနားမနေလှုပ်လှုပ်ရှားရှား၊တိုင်တိုင်ပင်ပင်၊ညီညီညာညာ၊ကြိုးကြိုးစားစားဖေးမကူညီ၊စိတ်ကူးချိုချိုအမေအိုနှင့်၊အုပ်အုပ်ဆိုင်ဆိုင်း၊စိမ်းစိမ်းစိုစို၊
အနုသုခုအကြောင်းပြု၍ရင်းနှီးကျွမ်းဝင်အလှဆင်သည်။ စုစည်းပြုမူကောင်းမှုများစွာ၊ရေကြည်အေးမြ မေတ္တာပွား၍အတိတ်အထောက်ပါရမီကြောင့်၊ကြေးမုံရုပ်ရှင်ပေါ်လွင်ထင်ရှား၊ဂျွမ်းထိုးမှောက်ခုံဘဝစုံ၏၊
ကြိမ်ဖန်များစွာမြင်ပါသော်လည်း၊အသွင်မညီ၊အဆင်တည်၏၊ပျက်စဥ်ပြင်လဲခဏပဲဟုဆိုသည့်စကား၊နာကြားသိမြင်၊သတိနဲ့ယှဥ်၍၊ရောင်နီမလေ့အချိန်မရွေ့ခင်ဖြတ်သန်းပါမည်ချိန်ခါမှီ။
အဆုံးအစရှိသော်ငြားလည်းမြင်သူနည်းပါး၊သိသူရှားသည့်၊ဘဝတွေဟာသံလမ်းပမာ၊နုပျို၊အိုမင်း၊ယိုယွင်း၊ပျက်စီး၊ဘဝမီးမို့၊သွေဖယ်မထားအကြင်နာပွား၍၊ကျင်လည်ဘဝသြော်ဒုက်ခဟုသတိနဲ့ယှဥ်ဥာဏ်နဲ့မြင်ပြီးအစွဲဖြတ်မှဘဝရပ်မည်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.