အတိုင်ပင်ခံပုဂ္ဂိုလ် လူတွေ့ရုံးချိိန်းအတွက် လုံခြုံရေးတိုးမြှင့်ထား

deltanewsagency

အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဒီနေ့ မေလ (၂၄)ရက်နေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အိမ်အနီး သီးသန့်တရားရုံးတစ်ခုလုပ်ပြီး လူတွေ့ ရုံးထုတ် စစ်ဆေးသွားမယ်လို့သတင်းရ
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အိမ်အနီးမှာလုံခြုံရေး ပုံမှန်ချထားပြီး နေပြည်တော်ကောင်စီဝင်းနားမှာတော့ လုံခြုံရေးတွေ တိုးမြှင့် ချထားပါတယ်။

ဘယ်အချိန် ရုံးထုတ်စစ်​ဆေးမယ်ဆိုတာ တိတိကျကျ မသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်အုပ်စုက သွင်းကုန်/ပို့ကုန် ဥပဒေ ပုဒ်မ ၈ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် ပုဒ်မ ၇ ခုနဲ့ တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့ ရုံးချိန်းရှစ်ကြိမ်စလုံး Video Conferencing နဲ့
ပြုလုပ်ခဲ့ကာ အခုအခါ ပထမဆုံး လူတွေ့စစ်
ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *