ဆရာလေးဝဏ္ဏသိင်္ဂီအဖြစ်သာသနာ့ဘောင်ကို ဝင်ရောက်ပြီးကုသိုလ်တွေပွားများ​ေနခဲ့သော အေးချမ်းမိုး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အေးချမ်းမိုးကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ အကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ အေးချမ်းမိုးကတော့ ဆရာလေး ဝဏ္ဏသိင်္ဂီအဖြစ် သာသနာ့ဘောင်ကို (၇)ရက်တာ ဝင်ရောက်ခဲ့တာဖြစ်တယ်လိုလည်း သိရှိရပါတယ်။

အေးချမ်းမိုးကတော့ သူ့ရဲ့ဖခင်ကြီး ကွယ်လွန်ခြင်း(၁)နှစ်ပြည့်အတွက် ရည်စူးကာ ဆရာလေးဝတ်ခဲ့တာဖြစ်ပြီး “ဖခင်ကြီး ရာသက်ပန် ထွက်ခွာသွားခြင်း ၁နှစ်ပြည့်အလှူလုပ်ပြီး နောက်ရက်မှာ မေကြီးနဲ့အတူ ကောင်းမှူကုသိုလ်တွေ ပိုလုပ်နိုင်ဖို စဉ်းစားပြီး သီလရှင် ဝတ်ဖြစ်ခဲ့ကြတယ်။

(၇)ရက်အတွင်းဖတ်ခဲ့ရတဲ့ ဗုဒ္ဓစာပေတွေ ကုသိုလ် အကုသိုလ်အကျိုးတရားတွေ ပုထုဇဉ်လူသားပဲ ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး ထားခဲ့ဖူးတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ မပြောပလောက်ပေမယ့် အပြစ်ရှိတယ်ဆိုတာ သိလာရတဲ့အရာတွေက ရှေ့သံသရာအတွက်ဘယ်လိုဆက်ပြီးရှင်သန်သွားရမယ်ဆိုတာ

သိလာခဲ့ရပါတယ်။ အထူးသဖြင့်တော့ လူဖြစ်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကုသိုလ်လုပ်ဖို မေတ္တာဘာဝနာ ပွားများဖိုဆိုတာတွေက ၇ရက်အတွင်းဆိုပေမယ့် သိပ်ကို တန်ဖိုးရှိတာပါပဲ၊ ဆရာလေးအဖြစ် ၇ရက်အတွင်း ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေနဲ့ ပွားများခဲ့တဲ့ မေတ္တာဘာဝနာတွေကို ချစ်သူခင်သူတွေ

ထပ်တူ ထပ်မျှ ရရှိစေဖို အမျှပေးဝေပါတယ်။ အမျှ…အမျှ…အမျှ ” ဆိုပြီး ပြုခဲ့တဲ့ ကောင်းမှုတွေကို ပရိသတ်တွေလည်း ထပ်တူထပ်မျှရရှိစေပါစေလို မျှဝေထားခဲ့ပါတယ်။ ပရိသတ်ကြီးတွေလည်း ထပ်တူထပ်မျှကုသိုလ် ရရှိစေဖို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ ေအးခ်မ္းမိုးကေတာ့ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့တဲ့ အေၾကာင္း မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ ေအးခ်မ္းမိုးကေတာ့ ဆရာေလး ဝဏၰသိဂႌအျဖစ္ သာသနာ့ေဘာင္ကို (၇)ရက္တာ ဝင္ေရာက္ခဲ့တာျဖစ္တယ္လိုလည္း သိရွိရပါတယ္။

ေအးခ်မ္းမိုးကေတာ့ သူ႕ရဲ႕ဖခင္ႀကီး ကြယ္လြန္ျခင္း(၁)ႏွစ္ျပည့္အတြက္ ရည္စူးကာ ဆရာေလးဝတ္ခဲ့တာျဖစ္ၿပီး “ဖခင္ႀကီး ရာသက္ပန္ ထြက္ခြာသြားျခင္း ၁ႏွစ္ျပည့္အလႉလုပ္ၿပီး ေနာက္ရက္မွာ ေမႀကီးနဲ႕အတူ ေကာင္းမႉကုသိုလ္ေတြ ပိုလုပ္နိုင္ဖို စဥ္းစားၿပီး သီလရွင္ ဝတ္ျဖစ္ခဲ့ၾကတယ္။

(၇)ရက္အတြင္းဖတ္ခဲ့ရတဲ့ ဗုဒၶစာေပေတြ ကုသိုလ္ အကုသိုလ္အက်ိဳးတရားေတြ ပုထုဇဥ္လူသားပဲ ဒီေလာက္ေတာ့ ရွိမွာေပါ့ဆိုၿပီး ထားခဲ့ဖူးတဲ့ ေလာဘ၊ ေဒါသ၊ ေမာဟေတြ မေျပာပေလာက္ေပမယ့္ အျပစ္ရွိတယ္ဆိုတာ သိလာရတဲ့အရာေတြက ေရွ႕သံသရာအတြက္ဘယ္လိုဆက္ၿပီးရွင္သန္သြားရမယ္ဆိုတာ

သိလာခဲ့ရပါတယ္။ အထူးသျဖင့္ေတာ့ လူျဖစ္လာရျခင္းရဲ႕ အဓိက ရည္႐ြယ္ခ်က္ျဖစ္တဲ့ ကုသိုလ္လုပ္ဖို ေမတၱာဘာဝနာ ပြားမ်ားဖိုဆိုတာေတြက ၇ရက္အတြင္းဆိုေပမယ့္ သိပ္ကို တန္ဖိုးရွိတာပါပဲ၊ ဆရာေလးအျဖစ္ ၇ရက္အတြင္း ျပဳလုပ္ခဲ့တဲ့ ကုသိုလ္ေတြနဲ႕ ပြားမ်ားခဲ့တဲ့ ေမတၱာဘာဝနာေတြကို ခ်စ္သူခင္သူေတြ

ထပ္တူ ထပ္မွ် ရရွိေစဖို အမွ်ေပးေဝပါတယ္။ အမွ်…အမွ်…အမွ် ” ဆိုၿပီး ျပဳခဲ့တဲ့ ေကာင္းမႈေတြကို ပရိသတ္ေတြလည္း ထပ္တူထပ္မွ်ရရွိေစပါေစလို မွ်ေဝထားခဲ့ပါတယ္။ ပရိသတ္ႀကီးေတြလည္း ထပ္တူထပ္မွ်ကုသိုလ္ ရရွိေစဖို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။ ခရက္ဒစ္

Leave a Reply

Your email address will not be published.