အမှန်တကယ်လိုအပ်နေတဲ့နေရာလေးမှာ မွေးနေ့အထိမ်းအမှတ်ကုသိုလ်အဖြစ် အလှူလေးတခုလုပ်ဦးမယ်ဆိုတဲ့ ခိုင်နှင်းဝေ
ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ လက်ရှိမှာ လူထုအကျိုးပြုအလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်နေပြီး ပရိသတ်တွေကတောင် “ပရဟိတ မင်းသမီး”လို ခေါ်ဆိုတာကိုတောင်ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။
လက်ရှိမှာ မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ လူမမယ်ကလေးတွေကို မိခင်စိတ်အပြည့်အဝနဲ့ စောင့်ရှောက်မှုတွေပေးအပ်နေပါသေးတယ်။ ဒီလိုကလေးသူငယ်
စောင့်ရှောက်မှု ပရဟိတလုပ်ငန်းတွေအပြင် မြန်မာနိုင်ငံအနှံအပြားဒေသတွေက ဒုက္ခရောက်နေတဲ့ သူတွေကို လိုအပ်တဲ့ ကူညီမှုတွေပြုလုပ်ပေးလေ့ရှိပါသေးတယ်။ဒီနေ့မှာတော့ မွေးနေ့အထိမ်းအမှတ်ကုသိုလ်လေးအဖြစ် ဓမ္မာရုံလေးတစ်ခုဆောက်လုပ်
လှူဒါန်းမည့်အကြောင်းကိုတော့ “အမှန်တကယ်လိုအပ်နေတဲ့ နေရာလေးမှာ လိုအပ်နေတဲ့ ဓမ္မာရုံလေးတစ်ခုကို မွေးနေ့အထိမ်းအမှတ်ကုသိုလ်လေးအဖြစ် ဆောက်လုပ်လှူဒါန်းဖြစ်ပါမယ်ရှင်…ခုနှစ်ရက် သားသမီးများအားလုံး ကုသိုလ်နဲ့အတူ
ကျမရဲ့ ချွေးနဲစာလုပ်အားခများလဲ ပါဝင်တာမို ကုသိုလ်ရေးလေးအတွက် ဝမ်းသာပီတိနဲ့ အတူ သာဓု သာဓု ခေါ်ဆိုပေးနိုင်ဘို မျှဝေပေးဖြစ်ပါတယ်ရှင်” ဆိုပြီး လူမှုကွန်ယက်မှာရေးသားထားတာလေးကိုပြန်လည်မျှဝေပေလိုက်ပါတယ်နော်။
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.