မီးမရတဲ့အချိန်များနေခြင်းကြောင့် ​ေသာက်ရေသန့်စျေးတွေတက်လာ​ေတာ့မယ်လို့ ပြည်သူများကိုအသိပေးထား
နေ့စဉ်အချိန်ကြာမြင့်စွာမီးပျက်ခြင်းကြောင့် စက်ရုံတွေလည်ပတ်နိုင်ရေးအတွက် အခြားအစားထိုးစွမ်းအင်တွေ အသုံးပြုလည်ပတ်ရတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေသန့်ထုတ်လုပ်ရောင်းချသူများအနေနဲ့ စျေးနှုန်းတိုးမြှင့်ရောင်းချမှုပြုလုပ်ရန်အသိပေးထားကြောင်း သိရပါတယ်။ ကုန်ကျစရိတ်မြင့်တက်လာမှုနဲ့
ပတ်သတ်ပြီး Alpine ကုမ္ပဏီကလည်း “အဖက်ဖက်မှတိုးမြှင့်လာသည့် ကုန်ကျစရိတ်များကြောင့် Alpine 20 Litre ရေစျေးနှုန်းအား (၁၅.၃.၂၀၂၂) ရက်နေ့မှစ၍ တစ်ဘူးလျှင် ၁၀၀/-ကျပ် တိုးမြှင့်ရောင်းချမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်” လို့၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှ အသိပေးထားပါတယ်။
ရေသန့်ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ သယ်ယူပို့ဆောင်ခတွေ မြင့်တက်လာမှုနဲ့ပတ်သတ်ပြီး တောင်ဒဂုံမြို့နယ်ရေသန့်စက်ရုံလုပ်ငန်းရှင်တစ်ဦးကလည်း “အဓိကက လျှပ်စစ်မီးပေါ့ဗျာ။ မီးမရတော့အခြားရနိုင်တဲ့ မီးစက်တို့ဘာတို့သုံးရပြီး အရင်ထက်ကုန်ကျစရိတ်တွေကပိုလာတယ်။ လုပ်သားစရိတ်ရောတစ်ဖက်က
ဓါတ်ဆီစျေးတက်တာရောကြောင့်အရင်ကရပ်ကွက်ထဲ လက်လီဖြန့်ရင် ၂၀ လီတာတစ်ဗူး ၅၀၀ ရောင်းတယ်။ ခု ၁၀၀ တက်ပြီး ၆၀၀ နဲ့ ရောင်းရတာပေါ့။ သယ်ယူဖြန့်ဖြူးတဲ့စရိတ် ကာမိအောင်စျေးတက်ရတဲ့သဘောပါပဲ”လို့ ပြောပါတယ်။
ရန်ကုန်မြို့တွင်းမြို့နယ်တွေမှာ အထပ်မြင့်တိုက်ခန်းတွေရဲ့အပေါ်ထပ် အရောက်ရေသန့်ဖြန့်ဖြူးပေးရာမှာ အရင်က ၂၀ လီတာ တစ်ဗူးကို ငွေကျပ်၈၀၀ခန့်သာ ကျသင့်ပေမယ့် အခုအခါငွေကျပ် ၁၀၀၀ အထိ ပေးပြီး ဝယ်သုံးနေရတယ်လို့ သိရပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
ပတ်သတ်ပြီး Alpine ကုမ္ပဏီကလည်း “အဖက်ဖက်မှတိုးမြှင့်လာသည့် ကုန်ကျစရိတ်များကြောင့် Alpine 20 Litre ရေဈေးနှုန်းအား (၁၅.၃.၂၀၂၂) ရက်နေ့မှစ၍ တစ်ဘူးလျှင် ၁၀၀/-ကျပ် တိုးမြှင့်ရောင်းချမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်” လို့၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှ အသိပေးထားပါတယ်။
Leave a Reply
Your email address will not be published.