တပည့်ဖြစ်သူပိုင်တံခွန်ရဲမထင်မှတ်ထားတဲ့ လုပ်ရပ်လေးတစ်ခုကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေရှာတဲ့ ဆရာဂျွန်လွင်
ဂျွန်လွင်ကတော့ တပည့် သားသမီးတွေ များစွာရှိသလို တပည့်တွေ ကြောင့်လည်း စိတ်ချမ်း သာရှိခဲ့ရတဲ့အချိန် တွေလည်း မနည်းမနောရှိခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တပည့်တပန်းတွေဟာ ကျေးဇူးသိတတ်ပြီး သူ့အပေါ် သိတတ်ဂါရဝထားတဲ့အချိန်မှာ
ပိုပြီးပီတိဖြစ်ဝမ်းသာရကာ သူ့ရဲ့အပျော်တွေကို အမြဲတမ်းမျှဝေပေးလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဂျွန်လွင်က သူ့ရဲ့တပည့်ဟောင်း ပိုင်တံခွန်နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရလို့ ဝမ်းသာရတဲ့အကြောင်းကို ပြောလာပါတယ်။
ဂျွန်လွင်က အကျဉ်းကျခံနေတာကနေ ပြန်လည်လွတ်မြောက်လာပြီး သူ့ကိုဆက်သွယ်လာတဲ့ ပိုင်တံခွန်နဲ့ Video Call ပြောဖြစ်တဲ့ SS လေးကို ပြသပြီး “Welcome back တပည့်ရေ” ဆိုပြီး သူ့ရဲ့အပျော်တွေကို မျှဝေပေးထားပါတယ်။
ပိုင်တံခွန်ကလည်း ဆရာဖြစ်တဲ့ ဂျွန်လွင် နိုင်ငံရပ်ခြားကိုရောက်ရှိနေတာမို့ ပြန်လွတ်လာတာနဲ့ Video Call ကနေတဆင့် ဆက်သွယ်လာခဲ့ တာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ဂျွန်လွင်ရဲ့ Stars & Models Int’l Yangon
သင်တန်းဆင်း မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး ဂျွန်လွင်ဟာလည်း ပိုင်တံခွန်ကို အနုပညာလမ်းမပေါ်ရောက်အောင် တွန်းတင်ပေးခဲ့သူတစ်ယောက် ဆိုလည်း မမှားပါဘူး။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.