“ကိုယ်ထူကိုယ်ထမှ ဖြစ်မယ်ဆိုတာကို ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မရှိတော့တဲ့ နောက်ပိုင်း ဘာဆက်ဖြစ်မလဲ”

အဲ့ဒီမေးခွန်းဟာ ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်စဥ်ကာလမှာ ပြည်သူတွေ အမေးများတဲ့ မေးခွန်းဖြစ်ပါတယ်။

အများစုသော ပြည်သူတွေကလည်း ခိုးကိုးရာမဲ့ ဖြစ်သွားမှာ စိုးကြတယ်လေ။နိုင်ငံရေးမျက်စိ ပွင့်ကာစ ပြည်သူတွေအဖို့ မေးလည်း မေးထိုက်တဲ့ မေးခွန်းလည်း ဖြစ်ပါတယ် ။

၎င်းမေးခွန်းအား မေးစရာမလိုအောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားအားထုတ်သွားခဲ့ပါတယ်။ ကျေးဇူး တင်စရာ အင်မတန်မှ ကောင်းပါတယ်။

ခုချိန်မှာတော့ အဲ့မေးခွန်းကို ထူးပြီးဖြေဆိုပေးဖို့ မလိုတော့ပြီ။ကိုယ့်ကိုကိုယ် တည်ဆောက်ယူရမယ်ဆိုတဲ့ သဘောတရားကို ပြည်သူတွေဟာ ကောင်း ကောင်းနားလည်နေပြီ ဖြစ်ပါတယ် ။

ဗိုလ်ချုပ်အောင်ဆန်းလို ၊ ဦးသန့်လို ၊ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ပြည်သူတွေက မွေးဖွားနိုင်စွမ်းတယ်ဆိုတာ သဘော ကောင်းကောင်း ပေါက်နေကြပါပြီ ။

NLD မရှိတော့ရင် ၊ CRPH မရှိတော့ရင် ၊ NUG မရှိတော့ရင်တောင် ကိုယ့်ဘာသာကိုယ် တည် ဆောက် နိုင်စွမ်းတယ်ဆိုတာ ပြည်သူတွေ ကောင်းကောင်း သဘောပေါက်နေကြပါပြီ ။

ကမ္ဘာ့စံချိန်မီ စည်းကမ်းပြည့်ဝတဲ့အင်အားကြီးစစ်တပ်အသစ်စက်စက်ကို ပြန်လည်တည် ဆောက်ယူလို့ရတယ်ဆိုတာ ပြည်သူတွေ ကောင်းကောင်းသဘောပေါက်နေကြပါပြီ ။

အဲ့ဒီတော့ ” စစ်တပ်မရှိရင် ဘာဖြစ်သွားမလဲ” ဆိုတဲ့ အမေးလောက်နဲ့ ပြည်သူတွေကို လာမခြိမ်း ခြောက်ပါနဲ့ ။

ဒေါ်အောင်ဆန်းစုကြည် နှုတ်က တဖွဖွပြောလေ့ရှိတဲ့ စကားကိုက “ပြည်သူသာ အဓိက” ပဲ။

Leave a Reply

Your email address will not be published. Required fields are marked *