ကျန်ခဲ့သောအတိတ်မှအတူရှိခဲ့သူတွေကို လွမ်းနေမိတဲ့အကြောင်းရင်ဖွင့်လာရှာသော ဦးကျော်သက်လင်း
” ကျန်းမာတော်ပါကြပါစ ခင်ဗျာ “ဆိုတဲ့ ည၈နာရီသတင်းမှာ နေ့စဉ်မြင်တွေ့နေကျဖြစ်တဲ့ MRTV သတင်းကြောငြာသူတစ်ဦးဖြစ်တဲ့ ဦးကျော်သက်လင်း ကိုတော့ လူတိုင်းလူတိုင်း သတိထားမိလိမ့်မယ်ထင်ပါတယ်။ ဦးကျော်သက်လင်း ဟာ တခေတ်တစ်ခါတုန်းကတည်းက ဝါရင့်သတင်းကြေငြာသူတစ်ဦးအဖြစ်အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့သူ
တစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်မှာ အာဏာစတင်သိမ်းခဲ့ချိန်ကတည်းက အစောဆုံး CDM ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၅၀၅ က နဲ့တရားစွဲဆိုခံခဲ့ရတာကြောင့် တိမ်းရှောင်ရင်း လွတ်မြောက်နယ်‌မြေမှာ ရောက်ရှိခဲ့ပြီး မိသားစုနဲ့ခွဲခွာနေခဲ့ရတာပဲဖြစ်ပါတယ်။ မိသားစုနဲ့ခွဲခွာနေရတဲ့
ဦးကျော်သက်လင်း ဟာ ကျန်ခဲ့တဲ့အတိတ်က ချစ်ခင်သူတွေကို လွမ်းနေမိတယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။ သတင်းတင်ဆက်သူ ဦးကျော်သက်လင်းဟာလွတ်မြောက်နယ်မြေမှာ ကျရာတာဝန်ကို ထမ်းဆောင်နေပြီး တစ်ခါတရံ မိသားစုနဲ့ချစ်ခင်သူတွေကို လွမ်းမိတဲ့အကြောင်းကို ” ကျနော့် မှာလွမ်းစရာရှိသည် ထို့ကြောင့်လွမ်းသည် သို့သော်… သဏ္ဍန်လုပ်သရုပ်တူ
ဆိုသည့်အတိုင်း ကျရာဇာတ်ရုပ်ကိုပီပြင်စေ့ချင်သည်။ ကျနော်သည်သူရဲကောင်းမဟုတ် သူရဲကောင်းကိုချစ်မြတ်နိုးသည်။ သူရဲကောင်းဖြစ်ချင်သည်။ ယခု ကျနော်ချစ်သောအရာများကိုစွန့်ခွာ၍ အဝေးဆုံးမှာရှိနေသည်။ ဒါပေမယ့် ကျနော့်စိတ်ကတော့ ကျနော်ချစ်သောသူများနှင့်အတူရှိနေပါသည်။ ထို့ကြောင့် နိုင်ရာတာဝန်ထမ်းရင်း ကျန်ခဲ့သောအတိတ်က အတူရှိခဲ့သူ
ကျနော်ချစ်သောသူများကို လွမ်းပါသည်။သူတို့ကိုထုတ်ပြောခွင့်ကားမရှိတော့။ ကျနော်ချစ်သော သူရဲကောင်းများသည်လည်း လွမ်းတတ် ချစ်တတ်လွန်းမည်ထင်၏ ” လို့ သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ မျှဝေရေးသားထားတာကို တွေ့ရပါတယ်။ ကဲ… စာဖတ်ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်ရင်း မိသားစုကို လွမ်းနေတဲ့ ဦးကျော်သက်လင်း ကို အားပေးစကား‌လေးတွေ ကောမန့်မှာရေးသားသွားပေး ခဲ့ပါအုန်းနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.