ကျွန်တော်တို့ကြောင့်တော့ပြည်သူတွေကို စိတ်ဓာတ်မကျစေချင်ဘူးလို့ဆိုလာခဲ့ရှာတဲ့ လူရွှင်တော်ပိုးလေး

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ရဲ့ လူရွှင်တော် ပိုးလေး ကိုတော့ ဟာသကိုကြိုက်နှစ်သက်သူတိုင်းသိလိမ့်မယ်လို့ထင်ပါတယ်။ ဟားငါးကောင်းအဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ပြည်သူချစ်တဲ့

အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ လက်ရှိမှာဟားငါးကောင်အဖွဲ့ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့

စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ လူရွှင်တော် ပိုးလေး ကတော့ သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ အခုလိုပဲရေးသားလာခဲ့ပါတယ်။ ကျွန်တော်တို့တွေကြောင့် ပြည်သူတွေကို စိတ်ဓာတ်မကျစေချင်တဲ့အကြောင်းကို ”

ကိုယ်တွေကြောင့် ပြည်သူတွေစိတ်ဓာတ်မကျစေချင်သလို ကိုယ်တွေလည်း စိတ်ဓာတ်ဘယ်တော့မှ မကျဘူး pp ပြန်ချိန်းလိုက်ပြီ” လို့ ရေးသားလာခဲ့ပါတယ်။ ဘဝတူရဲဘော် ညီအစ်ကိုတွေကျဆုံးခဲ့တာကြောင့် အားလုံးဟာ စိတ်မကောင်းဖြစ်နေကြပြီး

အမဲရောင်ကာဗာတွေ ချိန်းခဲ့ကြပေမယ့် သူတို့တွေကြောင့် ပြည်သူတွေကို စိတ်ဓာတ်မကျစေချင် လို့ Profile တွေ ပြန်လည်ချိန်းလိုက်ပါတယ်။ ဟားငါးကောင်အဖွဲ့လဲ ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi ဖြင့်ဖတ်ရန်






Leave a Reply

Your email address will not be published.