တနေ့လုံးနေပူ​ကြီးထဲမှာဖြတ်လျှောက်လုပ်မှငွေ (၂၀၀)သာရတဲ့အချိန်တည်းက ဒီအနုပညာအလုပ်ကိုရူးသွပ်ခဲ့တာဆိုသော ဇာတ်ပို့သရုပ်ဆောင်နွယ်နီ
ရုပ်ရှင်ဇာတ်ကားတွေထဲမှာမင်းသားသမီးအပါအဝင်ဇာတ်ပို့ဇာတ်ရန်၊ဟာသသရုပ်ဆောင်၊လူကြမ်းအစရှိသဖြင့်သရုပ်ဆောင်ပီပြင်မှပဲ ကောင်းမွန်တဲ့ရုပ်ရှင်တစ်ကားဖြစ်လာတာပါ၊ဇာတ်ဆောင်မင်းသား၊မင်းသမီးတွေကအနုပညာကြေးများစွာရရှိကြပေမယ့်ဇာတ်ပို့၊ဇာတ်ရန်အနုပညာရှင်တွေရဲ့အနုပညာကြေးကတော့အရမ်းကိုနည်းပါးကြပါတယ်။
ဒီလိုအနုပညာကြေးနည်းပါးလို့ခက်ခဲနေတဲ့သူတွေထဲမှာကင်ဆာရောဂါကို အဆင့်၃အထိခံစားနေရတဲ့သရုပ်ဆောင်နွယ်နီလဲ အပါအဝင်ဖြစ်ပါတယ်။ သရုပ်ဆောင်နွယ်နီဟာအနုပညာလောကထဲစတင်ဝင်ရောက်လာတုန်းကဖြတ်လျှောက်ခန်းမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးတစ်နေကုန်နေပူထဲမှာ လမ်းလျှောက်မှပိုက်ဆံ၂၀၀ပဲအနုပညာကြေးရခဲ့တာပါ။
အဲ့ဒီလိုဖြတ်လျှောက်သရုပ်ဆောင်မှတစ်ဆင့် နောက်ပိုင်းဇာတ်ကားတွေထဲမှာတစ်ခန်းနှစ်ခန်းပါရင်းနဲ့ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်ဖြစ်လာခဲ့တာပါ၊ဒီလိုအနေအထားမျိုးရောက်ဖို့အရမ်းကိုခက်ခဲကြမ်းတမ်းခဲ့ပြီးအနှိမ်ခံခဲ့ရပါတယ်တဲ့။ မနက်၈နာရီကနေနောက်နေ့ရောက်တဲ့ထိတစ်ညလုံးနီးပါးအလုပ်လုပ်ခဲ့ရပေမယ့်အနုပညာကြေးကတော့
ထိုက်ထိုက်တန်တန်မရခဲ့ပါဘူး၊ဒါပေမယ့်လဲ အနုပညာကိုချစ်ပြီးမြတ်နိုးတဲ့အတွက်ရသလောက်နဲ့ပဲကျေနပ်ခဲ့ပါတယ်၊နောက်တတ်ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တွေကသူမတို့လိုသရုပ်ဆောင်တွေအပေါ်ကိုလေးစားမူ့မရှိဖူး၊အဖက်မလုပ်ကြဖူးဒါပေမယ်နာမည်ကြီးဇာတ်ပို့ဇာတ်ရန်အနုပညာရှင်တွေကိုတော့လေးစားမူ့ပေးကြပါတယ်။ သရုပ်ဆောင် နွယ်နီဟာကျန်းမာရေး
မကောင်းတာကြောင့် စျေးရောင်းရင်းနဲ့ စျေးဖိုးရှာဖွေနေရတာပါ။ ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာကြောင့် စျေးသည်ဘဝနဲ့ ဝမ်းရေးအတွက် ဆက်လက်ရပ်တည်ခဲ့တာပါ။ ဒါပေမယ့် အနုပညာကို ဆက်မလုပ်ပဲစွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် သရုပ်ဆောင်ဦးကံပွင့်ကြောင့်အနုပညာကိုပြန်လည်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာဇာတ်လမ်းတွဲတွေထဲမှာပါဝင်ရိုက်ကူးခွင့်ရတာကြောင့်ဝမ်းသာပါတယ်တဲ့။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.