တစ်ယောက်ထဲအားငယ်ပြီးဘယ်လောက်တောင် ငိုနေလိမ့်မလဲဆိုပြီးစိတ်မကောင်းဖြစ်နေရှာတဲ့ ပိုပိုရဲ့မန်နေဂျာ

ပရိသတ်ကြီးရေအဆိုတော် ပိုပိုကတော့ မြန်မာပြည်စစ်အာဏာသိမ်းမှု့မှာပြည်သူတွေနဲ့အတူတူအမှန်တရားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီက ၅၀၅ ကနဲ့ဖမ်းဝရမ်းထုတ်ခံရပြီးနောက်သူမရဲ့နေအိမ်မှာပဲ

ဖမ်းဆီးခံခဲ့ရပါတယ်။ ပိုပို ဟာအင်းစိန်ထောင်မှာအခြားအနုပညာရှင်များဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်၊ပြေတီဦး၊ပိုင်တံခွန်နဲ့ရဲတိုက်တို့နဲ့အတူဖမ်းဆီးချုပ်နှောင်ခံထားရပြီးအခြားအနုပညာရှင်များကလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြပေမယ့်

ပိုပို ကတော့ လွတ်မြောက်ခြင်းမရှိသေးပါဘူး။ချစ်ရတဲ့ ပရိသတ်တွေကတော့ အဆိုတော် ပိုပို ပြန်လည်လွတ်မြောက်လာမဲ့ အချိန်ကိုမျှော်လင့်စောင့်စားနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့မန်နေဂျာဖြစ်သူဟာ လဲ ပရိသတ်တွေနဲ့အတူ လွမ်းနေတယ်ဆိုတဲ့အကြောင်းကို

”ဒီနေ့တော့ admin ကို နည်းနည်း ငိုခွင့်ပေးပါ မပိုပို အတွက် ဆုတောင်းပေးရုံကလွဲ မတတ်နိုင်လို့ပါ ခုဆို ၁နှစ်တောင် ပြည့်တော့မယ် အပြင်က လူတွေအတွက် ခဏလေးဆိုပေမယ့် အထဲကလူအတွက်တော့ ပြောမပြတတ်အောင်ပေါ့ ခုချိန်ဆို အားငယ်နေမလား

ဘယ်လောက်တောင်ငိုနေလိုက်မလဲချစ်တဲ့လူတွေအတွက်အားတင်းထားပါဦး ခုဆို ဆံပင်တွေ ဘယ်လောက်ထိရှည်နေမလဲ သတိရတယ် ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ပိုပို အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

ပရိသတ္ႀကီးေရအဆိုေတာ္ ပိုပိုကေတာ့ ျမန္မာျပည္စစ္အာဏာသိမ္းမႈ႕မွာျပည္သူေတြနဲ႕အတူတူအမွန္တရားဘက္က ျပတ္ျပတ္သားသားရပ္တည္ခဲ့တာေၾကာင့္ အာဏာသိမ္းစစ္ေကာင္စီက ၅၀၅ ကနဲ႕ဖမ္းဝရမ္းထုတ္ခံရၿပီးေနာက္သူမရဲ႕ေနအိမ္မွာပဲ

ဖမ္းဆီးခံခဲ့ရပါတယ္။ ပိုပို ဟာအင္းစိန္ေထာင္မွာအျခားအႏုပညာရွင္မ်ားျဖစ္ၾကတဲ့ အိႏၵျာေက်ာ္ဇင္၊ေျပတီဦး၊ပိုင္တံခြန္နဲ႕ရဲတိုက္တို႔နဲ႕အတူဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရၿပီးအျခားအႏုပညာရွင္မ်ားကလြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႕ ျပန္လည္လြတ္ေျမာက္လာၾကေပမယ့္

ပိုပို ကေတာ့ လြတ္ေျမာက္ျခင္းမရွိေသးပါဘူး။ခ်စ္ရတဲ့ ပရိသတ္ေတြကေတာ့ အဆိုေတာ္ ပိုပို ျပန္လည္လြတ္ေျမာက္လာမဲ့ အခ်ိန္ကိုေမွ်ာ္လင့္ေစာင့္စားေနတာပဲ ျဖစ္ပါတယ္။ သူမရဲ႕မန္ေနဂ်ာျဖစ္သူဟာ လဲ ပရိသတ္ေတြနဲ႕အတူ လြမ္းေနတယ္ဆိုတဲ့အေၾကာင္းကို

”ဒီေန႕ေတာ့ admin ကို နည္းနည္း ငိုခြင့္ေပးပါ မပိုပို အတြက္ ဆုေတာင္းေပး႐ုံကလြဲ မတတ္နိုင္လို႔ပါ ခုဆို ၁ႏွစ္ေတာင္ ျပည့္ေတာ့မယ္ အျပင္က လူေတြအတြက္ ခဏေလးဆိုေပမယ့္ အထဲကလူအတြက္ေတာ့ ေျပာမျပတတ္ေအာင္ေပါ့ ခုခ်ိန္ဆို အားငယ္ေနမလား

ဘယ္ေလာက္ေတာင္ငိုေနလိုက္မလဲခ်စ္တဲ့လူေတြအတြက္အားတင္းထားပါဦး ခုဆို ဆံပင္ေတြ ဘယ္ေလာက္ထိရွည္ေနမလဲ သတိရတယ္ ” လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။

ဖမ္းဆီးခံထားရတဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ အဆိုေတာ္ ပိုပို အျမန္ဆုံးလြတ္ေျမာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ခရက္ဒစ္

Leave a Reply

Your email address will not be published.