Fast & Furious 9 ရုပ်ရှင်ဇာတ်ကား Godzilla Vs Kong ဇာတ်ကားဝင်ငွေကို ကျော်ဖြတ်စံချိန်တင်

Fast & Furious 9 ရုပ်ရှင်ဇာတ်ကား Godzilla Vs Kong ဇာတ်ကားဝင်ငွေကို ကျော်ဖြတ်စံချိန်တင်

Fast & Furious 9 ရုပ်ရှင်ဇာတ်ကားဟာ ယခုသီတင်းပတ်အတွင်းမှာပဲ Godzilla Vs Kong က စံချိန်တင်ရရှိထားတဲ့ ဝင်ငွေအများဆုံးစံချိန်ကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။Godzilla Vs Kong ရုပ်ရှင်ကားဟာ ပထမဆုံးအဖွင့်သီတင်းပတ်မှာ ဝင်ငွေပမာဏ အမေရိကန်ဒေါ်လာ ၁၂၁ သန်း ရရှိကာ စံချိန်စိုက်ထူထားခဲ့တာဖြစ်ပြီး အဲဒီစံချိန်ကို Fast & Furious 9 က အဖွင့်သီတင်းပတ်အတွင်းမှာပဲ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ ၁၂၇ သန်းနဲ့ ချိုးဖျက်ကျော်ဖြတ်လိုက်တာပဲဖြစ်ပါတယ်။

Fast & Furious 9 ဟာ တရုတ်တစ်နိုင်ငံတည်းမှာတင် အဖွင့်သီတင်းပတ်ပြသမှုကတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၅ သန်း ရှာဖွေရရှိခဲ့ပြီး ရှေ့လာမယ့်သုံးရက်အတွင်းမှာ Fast & Furious 9 ရဲ့ ဝင်ငွေရရှိမှုက အမေရိကန်ဒေါ်လာ သန်း ၁၆၀ လောက် ဖြစ်သွားနိုင်ဖွယ်ရှိနေပါတယ်။

Fast & Furious 9 ကို လက်ရှိအချိန်မှာတော့ နိုင်ငံပေါင်း ၈ နိုင်ငံမှာသာ ရုံတင်ပြသထားပြီး အမေရိကန်မှာတော့ ဇွန်လ ၂၅ ရက်ကိုရောက်္မှပဲ ရုံတင်ဖွယ်ရှိနေပါတယ်။


Fast & Furious 9 ဟာ ကိုဗစ်ကပ်ဘေးကြောင့် ရုံတင်ရက် နောက်ရွှေ့ပြီး ပြသလိုက်ရတဲ့ နာမည်ကြီး ဇာတ်ကားတွေထဲက တစ်ကားပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *