ခက်ခဲနေတဲ့အချိန်မှာပရိတ်သတ်တွေအများကြီးဆီက အချစ်တွေကိုရရှိလိုက်တာကအမြတ်ပါပဲဆိုတဲ့ လူရွှင်တော်ကြီးဦးတိမ်ညွှန့်

လူရွှင်တော်ကြီး ဦးတိမ်ညွှန့် ဟာ ၁၃ နှစ်သားမှာ ရွှေမန်းတင်မောင်ဇာတ်သဘင်အဖွဲ့ထဲကို စတင်ဝင်ရောက်ခဲ့ပြီး ဇာတ်သဘင်လောကကို ခြေချခဲ့တာပါ။ မိဘလိုချစ်ခင်ရတဲ့ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် က “တိမ်ညွှန့်” ဆိုတဲ့ နာမည်ကိုပေးခဲ့ပြီး အနုပညာမျိုးစေ့ကို ချပေးခဲ့တာပါ။ ရွှေမန်းဇာတ်ထဲမှာ ထမင်းလဲကျွေးတယ်၊

ငွေကြေးလဲရခဲ့တယ် အဲ့လိုနေထိုင်ရင်း လူရွှင်တော် တစ်ဦးဖြစ်လာခဲ့တယ်။ ရုပ်ရှင်လောကထဲကိုတော့ အဖြူအမဲဗီဒီယိုခေတ်ထဲက မင်းသားကြီး ဦးညွှန့်ဝင်း ကားထဲမှာ ဝင်ရောက်သရုပ်ဆောင်ခဲ့ရင်း ၈၈ နောက်ပိုင်းဗီဒီယိုခေတ်မှာ မော့စ်၊မိုးဒီတို့အနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေထဲကို ဇာတ်သမားတွေ တိုးဝင်လာခဲ့တာပါ။

ဦးတိမ်ညွှန့် ဟာ အနုပညာလုပ်နေရရင် ပျော်ရွှင်နေသူတစ်ဦးဖြစ်ပြီး အနုပညာအလုပ်နဲ့ပဲ အသက်မွေးတတ်တာကြောင့် အပြင်စီးပွားရေးကို နားမလည်ပါဘူးတဲ့။ ဒါပေမယ့် အပြင်စီးပွားရေးကို သေချာမလုပ်ကိုင်ခဲ့တာကြောင့် ဒီလိုကာလမှာ အခုလိုမျိုးတွေ ခက်ခဲမူ့တွေကြုံတွေ့လာခဲ့ရတာပါ။

အနုပညာလုပ်တဲ့အခါမှာလဲ အနုပညာကြေးကို စျေးဆစ်တာတွေရှိခဲ့ပေမယ့် အမြဲတမ်းလျော့ပေးခဲ့တာပါ။ ဖြစ်နိုင်ရင် အနုပညာအလုပ်ကိုပဲ တစ်သက်လုံး လုပ်သွားချင်ပါတယ်။ အနုပညာလုပ်ရရင် ပျော်တယ်၊စိတ်ချမ်းသာတယ်၊အနုပညာလောကသားတွေက မိသားစုအရင်းတွေလို ဖြစ်နေတာရယ်သွေးသားရင်းလို

ခင်နေပြီး အတူရှိနေရရင် စိတ်ချမ်းသာရတယ်။ အမြင့်ဆုံးအနုပညာကြေးအနေနဲ့ ၃၅ သိန်းလောက်ထိတော့ ရဖူးခဲ့ပေမယ့် နောက်ပိုင်းမှာ ၇သိန်း၊၈သိန်း၊၅သိန်းပဲရတော့တယ်။ တကယ်တော့ ဝါရင့်တွေအနေနဲ့ အဲ့ထက်မကပိုရသင့်ပေမယ့်

အနုပညာသမားအချင်းချင်းခေါင်းပုံဖြတ်တာတွေကြောင့် ထိုက်ထိုက်တန်တန်မရခဲ့ဖူး။ ဒါကြောင့်လဲ မစားသင့်မစားထိုက်လို့ပဲ မှတ်ယူလိုက်ပါတယ်။ ဒီလို မှန်ကန်တဲ့စေတနာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မူ့ဆိုတဲ့ အမြတ်ကို ရလိုက်တာနဲ့ပဲ ကျေနပ်တယ်။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

လူ႐ႊင္ေတာ္ႀကီး ဦးတိမ္ၫႊန႔္ ဟာ ၁၃ ႏွစ္သားမွာ ေ႐ႊမန္းတင္ေမာင္ဇာတ္သဘင္အဖြဲ႕ထဲကို စတင္ဝင္ေရာက္ခဲ့ၿပီး ဇာတ္သဘင္ေလာကကို ေျခခ်ခဲ့တာပါ။ မိဘလိုခ်စ္ခင္ရတဲ့ အလကၤာေက်ာ္စြာ ေ႐ႊမန္းတင္ေမာင္ က “တိမ္ၫႊန႔္” ဆိုတဲ့ နာမည္ကိုေပးခဲ့ၿပီး အႏုပညာမ်ိဳးေစ့ကို ခ်ေပးခဲ့တာပါ။ ေ႐ႊမန္းဇာတ္ထဲမွာ ထမင္းလဲေကြၽးတယ္၊

ေငြေၾကးလဲရခဲ့တယ္ အဲ့လိုေနထိုင္ရင္း လူ႐ႊင္ေတာ္ တစ္ဦးျဖစ္လာခဲ့တယ္။ ႐ုပ္ရွင္ေလာကထဲကိုေတာ့ အျဖဴအမဲဗီဒီယိုေခတ္ထဲက မင္းသားႀကီး ဦးၫႊန႔္ဝင္း ကားထဲမွာ ဝင္ေရာက္သ႐ုပ္ေဆာင္ခဲ့ရင္း ၈၈ ေနာက္ပိုင္းဗီဒီယိုေခတ္မွာ ေမာ့စ္၊မိုးဒီတို႔အနဲ႕အတူ ႐ုပ္ရွင္ဇာတ္ကားေတြထဲကို ဇာတ္သမားေတြ တိုးဝင္လာခဲ့တာပါ။

ဦးတိမ္ၫႊန႔္ ဟာ အႏုပညာလုပ္ေနရရင္ ေပ်ာ္႐ႊင္ေနသူတစ္ဦးျဖစ္ၿပီး အႏုပညာအလုပ္နဲ႕ပဲ အသက္ေမြးတတ္တာေၾကာင့္ အျပင္စီးပြားေရးကို နားမလည္ပါဘူးတဲ့။ ဒါေပမယ့္ အျပင္စီးပြားေရးကို ေသခ်ာမလုပ္ကိုင္ခဲ့တာေၾကာင့္ ဒီလိုကာလမွာ အခုလိုမ်ိဳးေတြ ခက္ခဲမူ႕ေတြႀကဳံေတြ႕လာခဲ့ရတာပါ။

အႏုပညာလုပ္တဲ့အခါမွာလဲ အႏုပညာေၾကးကို ေစ်းဆစ္တာေတြရွိခဲ့ေပမယ့္ အၿမဲတမ္းေလ်ာ့ေပးခဲ့တာပါ။ ျဖစ္နိုင္ရင္ အႏုပညာအလုပ္ကိုပဲ တစ္သက္လုံး လုပ္သြားခ်င္ပါတယ္။ အႏုပညာလုပ္ရရင္ ေပ်ာ္တယ္၊စိတ္ခ်မ္းသာတယ္၊အႏုပညာေလာကသားေတြက မိသားစုအရင္းေတြလို ျဖစ္ေနတာရယ္ေသြးသားရင္းလို

ခင္ေနၿပီး အတူရွိေနရရင္ စိတ္ခ်မ္းသာရတယ္။ အျမင့္ဆုံးအႏုပညာေၾကးအေနနဲ႕ ၃၅ သိန္းေလာက္ထိေတာ့ ရဖူးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ၇သိန္း၊၈သိန္း၊၅သိန္းပဲရေတာ့တယ္။ တကယ္ေတာ့ ဝါရင့္ေတြအေနနဲ႕ အဲ့ထက္မကပိုရသင့္ေပမယ့္

အႏုပညာသမားအခ်င္းခ်င္းေခါင္းပုံျဖတ္တာေတြေၾကာင့္ ထိုက္ထိုက္တန္တန္မရခဲ့ဖူး။ ဒါေၾကာင့္လဲ မစားသင့္မစားထိုက္လို႔ပဲ မွတ္ယူလိုက္ပါတယ္။ ဒီလို မွန္ကန္တဲ့ေစတနာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မူ႕ဆိုတဲ့ အျမတ္ကို ရလိုက္တာနဲ႕ပဲ ေက်နပ္တယ္။ ခရက္ဒစ္

Leave a Reply

Your email address will not be published.