ဒီနှစ်တန်ခူးလမှာတော့သူနဲ့အတူပူးပေါင်းပါဝင်ပေးကြဖို့ နှုိးဆော်လာခဲ့သောအဆိုတော် လင်းလင်း

ပရိသတ်တွေ အားပေးချစ်ခင်မူ့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော် လင်းလင်း ကိုတော့ သီချင်းချစ်သူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ ကိုယ်တိုင်ဖန်တီးသီဆိုထားတဲ့ သီချင်းကောင်းများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်ပါတယ်။ ဒါအပြင် မင်းသမီး ချစ်သုဝေ နဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့်တိမ်းရှောင်နေရပေမယ့်

ကျရာတာဝန်တွေကို တတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်နေပါတယ်။” သိပ်မကြာခင်ကာလမှာ အကြမ်းဖက်အာဏာရှင်အောက် သင်္ကြန်အခါသမယဟာ ဒုတိယအကြိမ် ရောက်ရှိလာပါတော့မယ်။ နိုင်ငံရဲ့ ပျော်ပွဲရွှင်ပွဲ၊ ခါကြီးရက်ကြီးတွေမှာ ကုန်ကျငွေကိုဖောဖောသီသီ သုံးနိုင်တဲ့အထဲမှာလဲ ကြိုစားရိုးသား လုပ်ငန်းရှင်တွေဆိုတာ အင်မတန်ရှားပါးပါတယ်။ အဲဒီအချိန်မှာ ,,,,” ကျုပ်တို့က တက်တဲ့ပညာလေးနဲ့ မိသားစု စားရေးသောက်ရေး အတွက်ပါဝင်တာပါ။

ဒီလိုလေးတောင် လုပ်ခွင့်မရှိရတော့ဘူးလား ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့ သူတို့ကိုထောက်ခံသူတွေက တစ်ဖက်တစ်နေကုန်လေကြောင်းနဲ့ ရက်ရက်စက်စက်လာပစ်သွားတယ်၊ ပြီးတော့ ညမမှောင်ခင်လဲရောက်ရော ရွာထဲဝင်ပြီး အကုန်လုံးကိုမီ.းရှို့တယ်။ ရွာခံတစ်ချို့ ကိုသ.တ်တယ်။ အဘိုးအဘွား၊ ကလေးတွေနဲ့ နေ့စေ့လစေ့ ကိုယ်ဝန်သည်တွေပါ မနည်းအသ.က်လုပြေးပြီး တောထဲမှာ အိပ်ကြရတဲ့ မိသားစုတွေကိုလဲ အားနာပါဦးဆိုတဲ့ ရောင်းရင်းများကတစ်ဖက်ဒီနှစ်ဖက်ဟာ

မကြာခင်အွန်လိုင်းကြိုးဝိုင်းမှာ ဆိုင်ကြဖို့ရှိပါတယ်။ ကျနော့်အနေနဲ့ နှစ်ဖက်လုံးကို အဆင်ပြေအောင် ပြောဆိုနိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် ကျနော်ပြောနိုင်တာကတော့ တစ်ဖက်နဲ့တစ်ဖက် ပြောကြဆိုကြပြီးရင် တော်လှန်ရေးကို မျက်ခြေမပျက်ဘဲ click တွေနှိပ်ကြပါဦး။ ပြောင်ပြောင်တင်းတင်း ပါနိုင်သူကပါပြီး တိတ်တခိုး ပါနိုင်သူတွေကလဲ ဆက်ပါဝင်ကြဖို့တော့ ပြောချင်ပါတယ်။ ကျနော်ကတော့ ဒီနှစ်သင်္ကြန်အတွင်း တိုင်းနိုင်ငံအနှံ့ မြေပြင်ရဲဘော်တွေရဲ့

အွန်လိုင်းမဏ္ဍပ်အများစုမှာ ရှိပါမယ်။ သီချင်းဆိုရုံတင်မက သံချပ်နဲ့ဘဲဖြစ်ဖြစ်၊ကပြတာဘဲဖြစ်ဖြစ် ပူးပေါင်းချင်တဲ့ ရောင်းရင်းမိတ်ဆွေတွေကိုလဲ ဖိတ်ခေါ်ပါတယ်။ mrtv 4 နဲ့ skynet ကနေ live လွှင့်နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ဒါဟာ ဘုရားဆုပန်တာထပ်ခက်တယ်ဆိုတာကိုလဲ နားလည်ပါတယ်။ အားလုံးကျန်းမာကြပါစေ” လို့ ရေးသားထားတာပါ။ ကဲ ပရိသတ်ကြီးရေ အဆိုတော် လင်းလင်း နဲ့အတူ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိကြရဲ့လားနော်ပြောပြသွားခဲ့ကြပါဦး။

ZawGyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြ အားေပးခ်စ္ခင္မူ႕ကို တစ္ခဲနက္ရရွိထားတဲ့ ဝါရင့္အဆိုေတာ္ လင္းလင္း ကိုေတာ့ သီခ်င္းခ်စ္သူတိုင္း သိၾကလိမ့္မယ္ထင္ပါတယ္။ ကိုယ္တိုင္ဖန္တီးသီဆိုထားတဲ့ သီခ်င္းေကာင္းမ်ားစြာ ထြက္ရွိထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္ႀကီးတစ္ဦးျဖစ္ပါတယ္။ ဒါအျပင္ မင္းသမီး ခ်စ္သုေဝ နဲ႕ အိမ္ေထာင္တစ္ခုကို ထူေထာင္ထားၿပီး ခ်စ္ဖို႔ေကာင္းတဲ့ အမႊာသမီးေလးႏွစ္ဦးကို ပိုင္ဆိုင္ထားပါတယ္။ လက္ရွိ နိုင္ငံေရးအေျခအေနေၾကာင့္တိမ္းေရွာင္ေနရေပမယ့္

က်ရာတာဝန္ေတြကို တတ္နိုင္တဲ့ဘက္ကေန ထမ္းေဆာင္ေနပါတယ္။” သိပ္မၾကာခင္ကာလမွာ အၾကမ္းဖက္အာဏာရွင္ေအာက္ သၾကၤန္အခါသမယဟာ ဒုတိယအႀကိမ္ ေရာက္ရွိလာပါေတာ့မယ္။ နိုင္ငံရဲ႕ ေပ်ာ္ပြဲ႐ႊင္ပြဲ၊ ခါႀကီးရက္ႀကီးေတြမွာ ကုန္က်ေငြကိုေဖာေဖာသီသီ သုံးနိုင္တဲ့အထဲမွာလဲ ႀကိဳစားရိုးသား လုပ္ငန္းရွင္ေတြဆိုတာ အင္မတန္ရွားပါးပါတယ္။ အဲဒီအခ်ိန္မွာ ,,,,” က်ဳပ္တို႔က တက္တဲ့ပညာေလးနဲ႕ မိသားစု စားေရးေသာက္ေရး အတြက္ပါဝင္တာပါ။

ဒီလိုေလးေတာင္ လုပ္ခြင့္မရွိရေတာ့ဘူးလား ဆိုတဲ့ ပုဂၢိဳလ္မ်ားနဲ႕ သူတို႔ကိုေထာက္ခံသူေတြက တစ္ဖက္တစ္ေနကုန္ေလေၾကာင္းနဲ႕ ရက္ရက္စက္စက္လာပစ္သြားတယ္၊ ၿပီးေတာ့ ညမေမွာင္ခင္လဲေရာက္ေရာ ႐ြာထဲဝင္ၿပီး အကုန္လုံးကိုမီ.းရွို႔တယ္။ ႐ြာခံတစ္ခ်ိဳ႕ ကိုသ.တ္တယ္။ အဘိုးအဘြား၊ ကေလးေတြနဲ႕ ေန႕ေစ့လေစ့ ကိုယ္ဝန္သည္ေတြပါ မနည္းအသ.က္လုေျပးၿပီး ေတာထဲမွာ အိပ္ၾကရတဲ့ မိသားစုေတြကိုလဲ အားနာပါဦးဆိုတဲ့ ေရာင္းရင္းမ်ားကတစ္ဖက္ဒီႏွစ္ဖက္ဟာ

မၾကာခင္အြန္လိုင္းႀကိဳးဝိုင္းမွာ ဆိုင္ၾကဖို႔ရွိပါတယ္။ က်ေနာ့္အေနနဲ႕ ႏွစ္ဖက္လုံးကို အဆင္ေျပေအာင္ ေျပာဆိုနိုင္စြမ္းမရွိပါဘူး။ ဒါေပမယ့္ က်ေနာ္ေျပာနိုင္တာကေတာ့ တစ္ဖက္နဲ႕တစ္ဖက္ ေျပာၾကဆိုၾကၿပီးရင္ ေတာ္လွန္ေရးကို မ်က္ေျခမပ်က္ဘဲ click ေတြႏွိပ္ၾကပါဦး။ ေျပာင္ေျပာင္တင္းတင္း ပါနိုင္သူကပါၿပီး တိတ္တခိုး ပါနိုင္သူေတြကလဲ ဆက္ပါဝင္ၾကဖို႔ေတာ့ ေျပာခ်င္ပါတယ္။ က်ေနာ္ကေတာ့ ဒီႏွစ္သၾကၤန္အတြင္း တိုင္းနိုင္ငံအႏွံ႕ ေျမျပင္ရဲေဘာ္ေတြရဲ႕

အြန္လိုင္းမ႑ပ္အမ်ားစုမွာ ရွိပါမယ္။ သီခ်င္းဆို႐ုံတင္မက သံခ်ပ္နဲ႕ဘဲျဖစ္ျဖစ္၊ကျပတာဘဲျဖစ္ျဖစ္ ပူးေပါင္းခ်င္တဲ့ ေရာင္းရင္းမိတ္ေဆြေတြကိုလဲ ဖိတ္ေခၚပါတယ္။ mrtv 4 နဲ႕ skynet ကေန live လႊင့္နိုင္မယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့ဗ်ာ။ ဒါေပမယ့္ ဒါဟာ ဘုရားဆုပန္တာထပ္ခက္တယ္ဆိုတာကိုလဲ နားလည္ပါတယ္။ အားလုံးက်န္းမာၾကပါေစ” လို႔ ေရးသားထားတာပါ။ ကဲ ပရိသတ္ႀကီးေရ အဆိုေတာ္ လင္းလင္း နဲ႕အတူ ပူးေပါင္းပါဝင္ဖို႔ ဆႏၵရွိၾကရဲ႕လားေနာ္ေျပာျပသြားခဲ့ၾကပါဦး။

Leave a Reply

Your email address will not be published.