အမေရိကန်ကိုထွက်ပြေးလာတာမဟုတ်ဘဲ တရားဝင်ထွက်ခွာလာခဲ့တာဖြစ်ကြောင်း သက်သေနှင့်တကွဖြေရှင်းလာသော အဆိုတော်ဆောင်းဦးလှိုင်
ပရိတ်သတ်ကြီးတို့ရေ မြန်မာနိုင်ငံရဲ့ နာမည်ကျော် Pop အဆိုတော်တစ်‌ ယောက် ဖြစ်တဲ့ ဆောင်းဦးလှိုင် ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ ပြည်ပသို့ရောက်ရှိနေပေမယ့်လည်းမြန်မာလူမျိုးတွေ နဲ့အတူ အမှန်တရားကို ချစ် မြတ်နိုး တာကြောင့် ရောက်ရာ နေရာကနေပြီးတော့ တတ်နိုင်သလောက်ရန်ပုံငွေပွဲများပြုလုပ်ကာ
ပါဝင်အားဖြည့်ကူညီနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုတော် ဆောင်းဦးလှိုင်ဟာ သူ့ ကို နိုင်ငံသား အဖြစ်မှ ရပ်စဲ သည်ဟု သတင်းထုတ်ပြန်ချက်ထွက်ရှိလာတဲ့အပေါ်အခုလိုပဲပြောပြလိုက်ပါတယ်။ “ပြောပြ ပါရစေ ကျွန်တော်ဟာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့တရားဝင်ထွက်ခွာခဲ့တာ
ဖြစ်ပါ တယ်။ ထွက်ပြေးသူ ၊ ခိုလှုံသူ၊ ဒုက္ခသည်မဟုတ်ပါ။ အရေးအကြောင်းမှာထွက်ပြေးတတ်သူတစ်ဦးလည်း မဟုတ်ပါ။ ငယ်ပေါင်းကြီးဖော် အကြောင်းသိများကို မေးကြည့်နိုင်ပါတယ်။ ပြီးတော့အမေရိကန်နိုင်ငံကို Family Visaနဲ့ ၂၀၁၉ မှာတရားဝင်ရောက်ခဲ့ပြီး ရောက်ပြီးပြီးချင်း တစ်ပတ်ခန့်အကြာမှာပဲ
Green card ချက်ချင်းရပါတယ်။ အကူအညီပေးခဲ့သော လူမှုရေး နိုင်ငံရေး ကိစ္စများစွာ အတွက်လုပ်မစား အခွင့်အရေး မယူခဲ့သလို ကျွန်တော့်ဘဝမှာ တစ်ဖွဲ့တည်းသော အသင်းဝင်အဖြစ် ဝင်ရောက်ခဲ့တာ ရန်ကုန် နာရေး ကူညီမှု အသင်းပဲ ဖြစ်ပါတယ်။ ကျေးဇူး တင်ပါတယ်။ သစ္စာတရားတို့ဖြင့် ” စာဖတ်သူ
ချစ်ပရိတ်သတ်ကြီးတို့ရေ အနုပညာဘက်တွင်သာမက အမှန်တရားဘက်မှာပါ ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ ပြည်သူချစ် အနုပညာရှင် ပေါင်း များစွာ အတွက်လည်း ဘေးရန် ကင်းပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက် ရပါတယ်။ ဆောင်းဦးလှိုင် ကို ချစ်တဲ့ပရိတ်သတ်ကြီးကလည်း အခုဆိုရင် အမှန်တရားတစ်ခုကိုသိလောက်ပြီ ထင်ပါတယ်နော်။
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.