ယနေ့ညဖမ်းခံရသည့်အေသင်ချိူဆွေအကြောင်းပြောပြလာတဲ့ အိပန်ဆယ်လို

ဝရမ်းထုတ်ခံထားရသူတွေ ဘာအကြောင်းနဲ့မှ အိမ်မပြန်သင့်ပါ။ အေသင်ချိုဆွေကို နေအိမ်မှာ ဖမ်းဆီးသွားပါတယ်။

မဖြစ်မနေဖမ်းမယ့်စာရင်းထဲမှ မပါဘူးလို့ ကြားသိရပြီး အိမ်မှာ ပြန်နေတာ တစ်ပတ်ပဲ ရှိပါသေးတယ်တဲ့။ သမီးလေးမေမေဆိုတော့ အိမ်ပြန်အတူနေချင်တာ မှန်ပါတယ်။

ဒါပေမယ့် စကစမှာ ဖြစ်မနေဖမ်းဆီးမယ်၊ မဖမ်းဆီးဘူးဆိုတာ မရှိပါဘူး။ လွယ်ရင်ဖမ်းပါမယ်။ မလွယ်ရင် စုံစမ်းနိုင်တဲ့ အင်အား၊ အရည်အချင်း မရှိပါ။ ဒါ့ကြောင့် ဖမ်းဖို့မလွယ်အောင်နေပါ။ ကလေးရှိရင် ကလေးပါ ခေါ်ပြေးပါ။ကလေးကို မထားခဲ့ပါနဲ့။ နောက်ဆံငင်စရာရှိရင် အခုလိုပြန်အဖမ်းခံရတာမျိုး ဖြစ်တတ်သလိုဆာခံဖမ်းဆီးတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဖြစ်လာတဲ့ အရှိတရားဟာ ခါးသီးပေမယ့် လက်ခံရပါတော့မယ်။ ဝေးနိုင်သမျှ ဝေးအောင်ရှောင်ပါ။ ရှောင်ဖို့ ခက်နေရင် ယုံကြည်တယ်ဆိုရင် ကျွန်မဆီ ဆက်သွယ်ပါ။

ကိုယ်လည်း ထွက်ပြေးပြီး တစ်လလောက်မှာ အိမ်ပြန်နေဖို့ စဉ်းစားခဲ့ဖူးလို့ ကိုယ်ချင်းစာတယ်။ ကလေးအမေချင်းမို့ နားလည်တယ်။ အခုအချိန်မှာ ဘဝနဲ့ရင်းရတဲ့ ဆုံးဖြတ်ချက်တွေ ချရတဲ့အချိန်မို့ အထူးအထူး သတိထားကြပါ။

မတန်သူတွေဆီ မပေးဆပ်ရမိစေဖို့အပြင် အရမ်းကြီး မတွေးပါနဲ့။ ဝေးနိုင်သမျှ ဝေးအောင်ပြေးပါ။

အပြင်မှာ ရှိနေမှ ဆက်တော်လှန်နိုင်မှာ။

Leave a Reply

Your email address will not be published. Required fields are marked *