ပြည်သူတွေ BOYCOTT လုပ်ထားတဲ့မြန်မာပလာဇာမှာ မွေးနေ့ပွဲကျင်းပခဲ့လို့ပရိတ်သတ်တွေဝေဖန်နေကြတဲ့အပေါ်မှာ ခင်ရူပဒဲ့ရှင်းပါပြီ

မော်ဒယ်လ်ခင်ရူပ ကတော့ အလှမယ် တစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာ အနုပညာအလုပ်တွေထက် စီးပွားရေး လုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး အမျိုးသမီးတစ်ယောက်အဖြစ် ခင်ပွန်းသည်ရဲ့စီးပွားရေး လုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးနေသလို သူမရဲ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများစွာကိုလည်း ဦးစီးလုပ်ကိုင်နေတဲ့ ခင်ရူပက မိန်းကလေးတွေများစွာရဲ့ အားကျခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ ကတော့ခင်ရူပရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။

ခင်ရူပက သူ့ရဲ့မွေးနေ့ကို မနေ့က မတ်လ (၅) ရက်နေ့ကမှ ပြုလုပ်ခဲ့ပြီး မွေးနေ့အမှတ်တရဓာတ်ပုံတစ်ပုံကို သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။ အဆိုပါဓာတ်ပုံဟာ ပြည်သူတွေ Boycott လုပ်ထားတဲ့ Myanmar Plaza အပေါ်ထပ်က ဘားမှာပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေက ဝေဖန်နေကြတာပဲဖြစ်ပါတယ်။အခုလိုတင်ထားတဲ့ပုံတွေကို မိနစ်ပိုင်းအတွင်းမှာပဲ ပြန်လည်ဖြုတ်ချသွားခဲ့ပြီး သူမ ကိုယ်ပိုင်စာမျက်နှာကကနေ အခုလိုရေးသားတင်လာခဲ့ပါတယ်နော်..” မရေးချင်ပေမယ့်လည်း ရေးရဦးမှာပေါ့လေ၊

မနေ့က ကျွန်မမွေးနေ့ Surprise ကို ကိုစည်သူက Fuse မှာလုပ်ပေးတယ်ရှင်..တခြားမှာ လုပ်လို့အဆင်မပြေလို့လားဆိုတော့..အဖြေရှိပါတယ် ကိုယ့်မွေးနေ့ ကိုယ့် club မှာလုပ်ပေးချင်တဲ့ သူ့ရွေးချယ်မှုရယ် ..ပြီးတော့ မလာတာကြာလို့ မျှော်နေတဲ့ဝန်ထမ်းတွေရယ် ..လွပ်လွပ်လပ်လပ် နေရလို့ရယ်ပါ..ဆိုတော့ ကျမ ပုံတင်လိုက်တယ်.. BG မှာ MM PLAZA ဆိုတော့ ရှဲကြ ဆဲကြပေါ့နော်..လက်ခံပါတယ် .. ဘာလို့လည်း ဆိုတော့ ကျမကိုယ်တိုင်တောင် ဒီကိစ္စထဖြစ်တုန်းက post share ပြီး ရှုတ်ချခဲ့သူပါ.. BC ကြတယ် BC ပါ၊

ဒါမယ့် ဒီကိစ္စမှာ ကျမတို့ Club,Bar က ဝန်ထမ်းခလေးတွေ ကျူးလွန်ခဲ့တာမှမဟုတ်ဘဲလားရှင်..အဲ့ကိစ္စတွေကြောင့် ရက်ရှည်ဆိုင်တွေပိတ်ရတယ် ပိတ်တော့လည်း အစအဆုံး ထိခိုက်တာ ဒီဝန်ထမ်းတွေပါဘဲ “ဘုမသိဘမသိ” မြေစာပင်လေးတွေကိုဖြစ်လို့.. ပိတ်တော့လည်း ပြန်ဖွင့်ရပါမယ်ဆိုလို့ ဖွင့်ရတယ်..ဆိုတော့ cott ကြပါ မလာကြပါနဲ့..ပိတ်လိုက်ရရင်တောင် ကျမတို့ဘာမှမဖြစ်ပါရှင်..လင်မယား၂ယောက်လုံးရဲ့ ဆန္ဒပါ..ဆုံးရှုံးခံနိုင်ပါတယ်.. တခြားစီးပွားရေးမှာ ပိုကြိုးစားမှာပေါ့ရှင်..ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့ရလည်း

ဘယ်လောက် share ပါထားလည်းကိုယ်သာအသိဆုံးပါ.. fb ပေါ်မှာသာ ဘာမှ မတင်ထားမကြွယ်ထားပေမယ့် သူဘယ်လောက်ထိ share ပါလည်း ကိုယ်သာအသိဆုံးပါ .. ငွေမဝင်တော့တာလည်းကြာလှပေါ့ဆိုတော့ ကိုယ့် မွေးနေ့ ကိုယ့် club ကို ကိုယ်အားပေးတယ် ဝန်ထမ်းတွေမုန့်ဖိုးပေးတယ် support တယ်ဒီလောက်ပါဘဲရှင်ဆိုတော့ Mm plaza ကို bc တာလား Fuse,After8,Blow ကို bc တာလား ကွဲပြားစွာ bc နိုင်ပါတယ်။ နှစ်ချီရင်းနှီးပြင်ဆင်ဖွင့်ထားခဲ့ရပြီး ပိတ်ပစ်ဖို့ ပြောင်းပြေးဖို့ဆိုတာ counter လေးတစ်ခု

box လေးတစ်ခုနဲ့ဖွင့်ထားတဲ့ဆိုင်လည်းမဟုတ်ဘူးရှင်၊ .ပြီးတော့ မှီခိုနေတဲ့ဝန်ထမ်းတွေလည်း တစ်ပုံတစ်ပင်..အရာရာအခက်အခဲတွေနဲ့ပါဆိုတော့ BC ပါ မလာကြပါနဲ့ ပိတ်သွားရရင်ကို အကြိုက်ဆုံးပါ ရှင်၊ လူမှန်ရင် အလုပ်မရှားဘူးရှင် ကျမတို့လည်း သမာအာဇီဝနဲ့ ကိုယ်ပိုင်အလုပ်နဲ့ ရိုးသားစွာရပ်တည်နေတာပါ..ပုံပြန်ဖျက်လိုက်တယ်ဆိုတာလည်း ကြောက်လို့မဟုတ်ပါ.. မွေးနေ့ပွဲမှာ မန့်တွေဖတ်ပြီး ရူပ စိတ်ညစ်လို့ ကိုစည်သူကဖုန်းယူပြီးကိုဖျက်လိုက်တာပါ.. အပူ နဲ့ အကုသိုလ် တွေ တစ်ပြန်စီရေး ..feel နေဖို့ကို

မလိုတော့ဘူးထင်လို့ပါတဲ့.. သူက လုံးဝ neglect သမားပါ.. ကိုယ်သာလောင်တတ်တာ ..ဒါမယ့်တချို့က ရီရတယ်.. BC ကိစ္စထက် ရူပကိုကြည့်မရမုန်းတီး PA တာကြီးတွေက ဝန်မခံလည်း အထင်းသားကိုဖြစ်နေတော့.. ကိုယ်လည်း မတတ်နိုင်ဘူးရှင်.. ဆိုတော့ မုန်းစေသတည်း.. မင်းတို့လးတွေမုန်းတော့လည်း အမဘဝဘာမှ မဖြစ်သွားပါ..နေ့တိုင်းမေတ္တာပို့မပျက်ပါ။

ဆိုတော့…..ထပ်မရှင်းပါ”ခင်ရူပဟာ Myanmar Plaza ကုန်တိုက် လေးလွှာက Fuse နိုက်ကလပ်ရဲ့ အစုရှယ်ယာဝင်ထားသူ တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၅) ရက်နေ့ဖြစ်စဉ်မှာလည်း ခင်ရူပက Myanmar Plaza ကို ရှုံ့ချကြောင်း ပြောဆိုခဲ့ သူဖြစ်ပါတယ်။ ပရိတ်သတ်ကြီးကရောဘယ်လိုမြင်မိလည်းဆိုတာပြောသွားခဲ့ကြပါဦးနော်။

ZawGyi ဖြင့်ဖတ်ရန်









Leave a Reply

Your email address will not be published.