ချစ်ခင်ရပါသောပရိတ်သတ်တွေအတွက် ပထမဆုံးအကြိမ်နှုတ်ဆက်စကားပြောလာခဲ့ရှာတဲ့ ပိုင်တံခွန်
မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အမိုက်စားတက်တူးတွေနဲ့ပေါ့ပေါ့ပါးပါးရှိတဲ့ စတိုင်လ်တွေကြောင့် ပြည်တွင်းပြည်ပအထိ ထိုးဖောက်အောင်မြင်နေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကပဲ (၅၀၅) က
အမှုနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပေမယ့်ပြီးခဲ့တဲ့မတ်လ (၂) ရက်နေ့ကပဲ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေက ပိုင်တံခွန်ကို သတိရနေကြသလို ပိုင်တံခွန်ကလည်းလပေါင်းများစွာခွဲခွာနေရတဲ့
ပရိသတ်တွေကို လွမ်းဆွတ်နေတယ်ဆိုတာ သေချာပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ပိုင်တံခွန်က သူပိုင်ဆိုင်တဲ့ Singapore’s Ice-Cream Sandwich ပေ့ခ်ျလေးကနေပြီး“အားလုံးပဲ နေကောင်းကြရဲ့လား? အစစအရာရာ အဆင်ပြေမယ်လို့
မျှော်လင့်ပါတယ် ယခင်ဗျ။ အချိန်တိုင်းမှာ ကျွန်တော့်ကို အားပေးချစ်ခင်ကြသူ ညီကိုမောင်နှမတွေအားလုံးကို အထူးပဲကျေးဇူးတင်ရှိကြောင်း ဒီပို့စ်လေးနဲ့ ပြောပါရစေ ခင်ဗျာ” ဆိုပြီးပထမဦးဆုံးအကြိမ်နှုတ်ဆက်လာခဲ့ပါတယ်။ ပိုင်တံခွန်ကတော့
လပေါင်းများစွာဝေးကွာနေတဲ့ ပရိသတ်တွေကို ပထမဦးဆုံးအကြိမ်နှုတ်ဆက်စကားပြောလာခဲ့ပြီးအချိန်တိုင်း အားပေးချစ် ခင်ကြသူတွေကို ကျေးဇူးတင်ရှိကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.